ဆာလောင်မွတ်သိပ်သောသူတို့ကို ကောင်းမွန်စွာကျွေးမွေး၍ ချမ်းသာကြွယ်ဝသောသူတို့ကို လက်ဗလာဖြင့် ပြန်လွှတ်တော်မူ၏။
မဿဲ 5:6 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဖြောင့်မတ်ခြင်းကို ငတ်မွတ်တောင့်တသောသူတို့သည် မင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် အလိုဆန္ဒပြည့်စုံကြရမည်ဖြစ်သောကြောင့်ပင်။ Common Language Bible ``ဘုရားသခင်၏အလိုတော်အတိုင်း လိုက်နာကျင့်သုံးရန်လိုလားတောင့်တသော သူတို့သည်မင်္ဂလာရှိကြ၏။ ထိုသူတို့သည်တောင့်တသည်အတိုင်း အပြည့်အဝရရှိကြလတ္တံ့။ Garrad Bible ဖြောင့် မတ် ခြင်း ကို ဆာ ငတ် သော သူ တို့၌ မင်္ဂ လာ ရှိ၏။ ထို သူ တို့ သည် ဝ ပြော ရကြ လ တ္တံ့။ Judson Bible ဖြောင့်မတ်ခြင်းပါရမီကို ဆာငတ်ခင်မွတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ဝပြောခြင်းသို့ ရောက်ကြလတ္တံ့။- မြန်မာ့စံမီသမ္မာကျမ်း ဖြောင့်မတ်ခြင်းကို ဆာလောင်မွတ်သိပ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့သည် ဝပြောခြင်းသို့ရောက်ကြလိမ့်မည်။ မြန်မာ ဖြောင့်မတ်ခြင်းပါရမီကို ဆာငတ်ခင်မွတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ဝပြောခြင်းသို့ ရောက်ကြလတ္တံ့။- |
ဆာလောင်မွတ်သိပ်သောသူတို့ကို ကောင်းမွန်စွာကျွေးမွေး၍ ချမ်းသာကြွယ်ဝသောသူတို့ကို လက်ဗလာဖြင့် ပြန်လွှတ်တော်မူ၏။
ယခု ဆာလောင်မွတ်သိပ်နေသောသင်တို့သည် မင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ဝလင်စွာ စားရသောအခွင့်ကို ရကြမည်ဖြစ်သောကြောင့်ပင်။ ယခုငိုကြွေးဝမ်းနည်းသောသင်တို့သည် မင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့ရယ်မောရသောအချိန်သည် ရောက်လာမည်ဖြစ်သောကြောင့်ပင်။
ယခု ဝလင်စွာစားရသောသင်တို့သည် အမင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ဆာလောင်ငတ်မွတ်ရမည့်အချိန်ကာလ ရောက်လာမည်ဖြစ်သောကြောင့်ပင်။ ယခုရယ်မောသောသင်တို့သည် အမင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ဝမ်းနည်းငိုကြွေးရမည်ဖြစ်သောကြောင့်ပင်။
ငါပေးသောရေကို သောက်သောသူမှာ မည်သည့်အခါမျှ ရေငတ်တော့မည်မဟုတ်။ ထိုရေသည် သူ့အတွင်း၌ အစဉ်စီးထွက်သော စမ်းရေဖြစ်၍ သူ့ကို ထာဝရအသက်ရှင်စေလိမ့်မည်” ဟု မိန့်တော်မူ၏။
ပုပ်သိုးပျက်စီးတတ်သောအစားအစာများအတွက် မကြိုးပမ်းကြနှင့်။ လူသားပေးတော်မူမည့် ထာဝရအသက်အတွက်သာ ကြိုးပမ်းကြလော့။ အဘယ်ကြောင့်ဆိုသော် လူသားသည် ခမည်းတော်ဘုရားသခင်၏ တံဆိပ်ခတ်နှိပ်ခြင်းကို ခံရသောသူဖြစ်သောကြောင့်ပင်” ဟု မိန့်တော်မူ၏။
ပွဲတော်၏ နောက်ဆုံးနေ့ဖြစ်သော ရက်မြတ်ကြီးတွင် ယေရှုသည် ရပ်တော်မူလျက် “ရေငတ်သောသူ ရှိလျှင် ငါ့ထံသို့လာ၍ သောက်လော့။
သူတို့သည် နောက်တစ်ဖန် ဆာလောင်တော့မည်မဟုတ်။ ရေငတ်တော့မည်မဟုတ်။ နေရောင်ခြည်နှင့် ပြင်းထန်သောအပူဒဏ်ကြောင့်လည်း ထိခိုက်မှုရှိတော့မည်မဟုတ်။