ထိုအခါ ဖာရိရှဲတို့သည် ဝတ်ပြုဆောင်မှ ထွက်သွား၍ ကိုယ်တော်ကို သတ်ရန် မည်သို့လုပ်ကြံရမည်ကို တိုင်ပင်ကြ၏။
မဿဲ 26:4 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုကို တိတ်တဆိတ် ဖမ်းဆီး၍ သတ်ရန် တိုင်ပင်ကြ၏။ Common Language Bible သူတို့သည်သခင်ယေရှုကိုတိတ်တဆိတ် ဖမ်းဆီး၍သတ်ရန်ဆွေးနွေးတိုင်ပင်ကြ၏။- Garrad Bible ယေ ရှု ကို ပ ရိ ယာယ် အား ဖြင့် ဖမ်း ဆီး ကွပ် မျက် ရန် အ ချင်း ချင်း တိုင် ပင် လျက် ပွဲ အ ခါ တွင် မ ဖမ်း သင့်။ Judson Bible ယေရှုကို ပရိယာယ်အားဖြင့် ဖမ်းဆီး၍ သတ်အံ့သောငှာ တိုင်ပင်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ယေရှုကို ပရိယာယ်အားဖြင့်ဖမ်းဆီး၍ သတ်ဖြတ်ရန် တိုင်ပင်ကြ၏။ မြန်မာ ယေရှုကို ပရိယာယ်အားဖြင့် ဖမ်းဆီး၍ သတ်အံ့သောငှာ တိုင်ပင်ကြ၏။- |
ထိုအခါ ဖာရိရှဲတို့သည် ဝတ်ပြုဆောင်မှ ထွက်သွား၍ ကိုယ်တော်ကို သတ်ရန် မည်သို့လုပ်ကြံရမည်ကို တိုင်ပင်ကြ၏။
မြွေဆိုးနှင့် မြွေပွေးအမျိုးတို့… သင်တို့သည် ငရဲသို့သွားရမည့် အပြစ်ဒဏ်မှ မည်သို့လွတ်နိုင်ကြမည်နည်း။
ပသခါပွဲတော်နှင့် တဆေးမဲ့မုန့်ပွဲတော်များ မကျင်းပမီ နှစ်ရက်အလိုတွင် ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် ကျမ်းတတ်ဆရာများသည် ယေရှုကို တိတ်တဆိတ် ဖမ်းဆီး၍ သတ်ရန် အခွင့်ကောင်းကို ရှာကြ၏။
“အို လှည့်စားမှုအပေါင်း၊ ဆိုးသွမ်းမှုအပေါင်းနှင့် ပြည့်သောမာရ်နတ်၏သား… ဖြောင့်မတ်ခြင်းအပေါင်းတို့၏ရန်သူ… သင်သည် ထာဝရဘုရား၏ဖြောင့်ဖြူးသောလမ်းတော်တို့ကို ကောက်ကွေ့အောင် ပြုလုပ်နေခြင်းမှ မရပ်တန့်ဘဲမနေနိုင်သလော။
ထိုဘုရင်သည် ကျွန်ုပ်တို့၏လူမျိုးများကို ကိုယ်ကျိုးအတွက်အသုံးချ၍ ဘိုးဘေးများကို နှိပ်စက်ကာ သူတို့၏မွေးကင်းစကလေးငယ်များအား သေစေရန် စွန့်ပစ်ထားစေလေ၏။
သို့သော် ဧဝသည် မြွေ၏ ပရိယာယ်ဖြင့် လှည့်ဖြားခံရသကဲ့သို့ သင်တို့၏စိတ်နှလုံးသည်လည်း ခရစ်တော်အား ရိုးသားဖြူစင်စွာ ကိုးကွယ်ရာမှ သွေဖည်စေခြင်းခံရမည်ကို ကျွန်ုပ်စိုးရိမ်၏။