သင်တို့သည်လည်း အပြင်ပန်းအားဖြင့် ဖြောင့်မတ်ဟန်ရှိ၏။ သို့သော်လည်း အတွင်းတွင် သူတော်ကောင်းယောင်ဆောင်ခြင်းနှင့် တရားမဲ့ခြင်းတို့ဖြင့် ပြည့်လျက်ရှိ၏။
မဿဲ 23:27 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတော်ကောင်းယောင်ဆောင်သော ကျမ်းတတ်ဆရာများနှင့် ဖာရိရှဲတို့… သင်တို့သည် အမင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ထုံးဖြူသုတ်ထားသော အုတ်ဂူများနှင့်တူ၍ အပြင်ဘက်၌ လှပသော်လည်း အတွင်းတွင်မူ လူသေရိုးများနှင့် အညစ်အကြေးပေါင်းစုံတို့ဖြင့် ပြည့်လျက်ရှိသောကြောင့်ဖြစ်၏။ Common Language Bible ``ကြောင်သူတော်ကျမ်းတတ်ဆရာနှင့်ဖာရိရှဲတို့၊ သင်တို့သည်ထုံးဖြူသုတ်သောသင်္ချိုင်းဂူများနှင့် တူကြ၏။ ထိုဂူတို့သည်ပြင်ပသဏ္ဌာန်အားဖြင့် လှသော်လည်း အတွင်း၌မူကားလူသေအရိုး နှင့်ပုပ်နေသောအလောင်းကောင်တို့ဖြင့်ပြည့် နှက်နေတော့၏။- Garrad Bible သီ လ ကြောင် ဖြစ် သူ ကျမ်း တတ် ဆ ရာ နှင့် ဖာ ရိ ရှဲ တို့ သင် တို့၌ အ မင်္ဂ လာ ရှိ၏။ သင် တို့ သည် အ တွင်း က လူ သေ အ ရိုး မှ စ၍ မ သန့် ရာ အ မျိုး မျိုး နှင့် ပြည့် လျက် အ ပြင် က ထုံး ဖြူ သုတ်၍ လှ ပ တင့် တယ် သော သင်္ချိုင်း နှင့် တူ၏။ Judson Bible လျှို့ဝှက်သော ကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ အဖြူသုတ်သော သင်္ချိုင်းတွင်းနှင့် တူကြ၏။ ထိုတွင်းသည် အပြင်၌ တင့်တယ်စွတကား။ အတွင်း၌ကား လူသေအရိုး၊ အညစ်အကြေးအမျိုးမျိုးနှင့် ပြည့်လျက်ရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း သူတော်ကောင်းယောင်ဆောင်သော ကျမ်းပြုဆရာနှင့်ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ထုံးဖြူသုတ်ထားသည့် သင်္ချိုင်းဂူများနှင့်တူကြ၏။ ၎င်းတို့သည် အပြင်ဘက်၌ တင့်တယ်စွာထင်ရှားသော်လည်း အတွင်း၌ကား လူသေတို့၏အရိုးများနှင့် ညစ်ညူးသောအရာအမျိုးမျိုးတို့ဖြင့် ပြည့်နှက်လျက်ရှိကြ၏။ မြန်မာ လျှို့ဝှက်သော ကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ အဖြူသုတ်သော သင်္ချိုင်းတွင်းနှင့် တူကြ၏။ ထိုတွင်းသည် အပြင်၌ တင့်တယ်စွတကား။ အတွင်း၌ကား လူသေအရိုး၊ အညစ်အကြေးအမျိုးမျိုးနှင့် ပြည့်လျက်ရှိ၏။- |
သင်တို့သည်လည်း အပြင်ပန်းအားဖြင့် ဖြောင့်မတ်ဟန်ရှိ၏။ သို့သော်လည်း အတွင်းတွင် သူတော်ကောင်းယောင်ဆောင်ခြင်းနှင့် တရားမဲ့ခြင်းတို့ဖြင့် ပြည့်လျက်ရှိ၏။
သင်တို့သည် အမင်္ဂလာရှိကြ၏။ သင်တို့သည် အမှတ်အသားမရှိသည့် သင်္ချိုင်းနှင့် တူကြ၏။ ၎င်းအပေါ်တွင် လူတို့သည် သတိမပြုမိဘဲ လျှောက်သွားတတ်ကြ၏” ဟု မိန့်တော်မူ၏။
ထို့ကြောင့် ပေါလုက ယဇ်ပုရောဟိတ်မင်းအား “အို အကျင့်ပျက်ခြစား၍ သူတော်ကောင်းယောင်ဆောင်သူ… ဘုရားသခင်သည် သင့်ကိုရိုက်တော်မူလိမ့်မည်။ သင်သည် ပညတ်ကျမ်းအတိုင်း ကျွန်ုပ်ကို တရားစီရင်ရန် ထိုင်လျက်နေစဉ် ထိုပညတ်တရားကို ကိုယ်တိုင်ချိုးဖောက်၍ ကျွန်ုပ်ကို ရိုက်ရန် အမိန့်ပေးသလော” ဟု ဆိုလေ၏။
သင်တို့အား အရေပြားလှီးခြင်းမင်္ဂလာခံယူရန် အတင်းအကျပ် စေခိုင်းလျက်ရှိသောသူတို့သည် အပြင်ပန်းတင့်တယ်လိုကြ၏။ ထိုသို့ စေခိုင်းသည်မှာ ခရစ်တော်၏ လက်ဝါးကပ်တိုင်တရားကသာ ကယ်တင်နိုင်သည်ဟူ၍ ဟောပြောခြင်းအတွက် ခံရမည့် ညှဉ်းပန်းနှိပ်စက်ခြင်းကို မလိုလားသောကြောင့် ဖြစ်၏။