ပရောဖက်ဧလိယ၏လက်ထက်၌ သုံးနှစ်နှင့်ခြောက်လပတ်လုံး မိုးမရွာဘဲ တစ်ပြည်လုံးအစာခေါင်းပါးခြင်းဘေး ကျရောက်သောအချိန်တွင် အစ္စရေးနိုင်ငံ၌ မုဆိုးမများစွာရှိခဲ့ကြ၏။
ဗျာဒိတ် 11:6 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသူတို့၌ ပရောဖက်ပြုဟောပြောသည့်အချိန်ကာလအတွင်း မိုးမရွာစေရန် ကောင်းကင်ကို ပိတ်ထားနိုင်သော အခွင့်အာဏာရှိ၏။ ထိုသူတို့၌ ရေကို သွေးအဖြစ်သို့ ပြောင်းလဲစေနိုင်သော အခွင့်အာဏာနှင့် မိမိတို့အလိုရှိသည့်အချိန်တိုင်း ကမ္ဘာလောကကို ဘေးဒဏ်အမျိုးမျိုးဖြင့် ဒဏ်ခတ်နိုင်သောအခွင့်အာဏာလည်းရှိ၏။ Common Language Bible ထိုသူတို့မှာဗျာဒိတ်တော်ကိုဟောပြော သည့်အချိန်ကာလအတွင်း မိုးမရွာစေရန် မိုးကောင်းကင်ကိုပိတ်နိုင်သောတန်ခိုးရှိ၏။ ရေကိုသွေးအဖြစ်သို့ပြောင်းလဲစေနိုင် သောတန်ခိုးလည်းရှိ၏။ သူတို့သည်မိမိ တို့အလိုရှိသည့်အခါတိုင်းကမ္ဘာမြေကြီး ကိုဘေးဒဏ်အမျိုးမျိုးသင့်စေနိုင်၏။- Garrad Bible ထို သူ တို့ သည် ဟော ပြော ရာ နေ့ ရက် ကာ လ အ တွင်း မိုး မ ရွာ စေ ရန် ကောင်း ကင် ကို ပိတ် ထား ခွင့် ရ သည့် ပြင် အ လို ရှိ တိုင်း ရေကို သွေး ဖြစ် စေ သော ဒဏ် မှ စ၍ မြေ ကြီး ကို ဘေး အ မျိုး မျိုး ဒဏ် ခတ် ခွင့် ရ ကြ ၏။ Judson Bible ထိုသူတို့သည် ပရောဖက်ပြုသော နေ့ရက်ကာလ၌ မိုးမရွာစေခြင်းငှာ၊ မိုးကောင်းကင်ကို ပိတ်ရသောအခွင့်၊ မြစ်ရေ၊ တွင်းရေကို အသွေးဖြစ်စေ ရသောအခွင့်၊ မိမိတို့အလိုရှိသမျှသော အခါ၌ ဘေးအမျိုးမျိုးဖြင့် မြေကြီးကို ဒဏ်ခတ်ရသော အခွင့်ကို ရကြ၏။ မြန်မာ့စံမီသမ္မာကျမ်း သူတို့ပရောဖက်ပြုဟောပြောသည့်နေ့ရက်များအတွင်း မိုးမရွာစေရန် ကောင်းကင်ကို ပိတ်ထားနိုင်သည့်အခွင့်ရှိပြီး ရေကိုသွေးအဖြစ်သို့ ပြောင်းလဲစေနိုင်သောအခွင့်မှစ၍ သူတို့အလိုရှိသည့်အခါတိုင်း ကမ္ဘာမြေကြီးကို ဘေးဒဏ်အမျိုးမျိုးဖြင့် ဒဏ်ခတ်နိုင်သောအခွင့်များရှိကြ၏။ |
ပရောဖက်ဧလိယ၏လက်ထက်၌ သုံးနှစ်နှင့်ခြောက်လပတ်လုံး မိုးမရွာဘဲ တစ်ပြည်လုံးအစာခေါင်းပါးခြင်းဘေး ကျရောက်သောအချိန်တွင် အစ္စရေးနိုင်ငံ၌ မုဆိုးမများစွာရှိခဲ့ကြ၏။
ငါသည် ငါ၏သက်သေခံနှစ်ပါးကို အခွင့်အာဏာပေးမည်။ သူတို့သည် လျှော်ထည်ကြမ်းကိုဝတ်၍ ရက်ပေါင်းတစ်ထောင့်နှစ်ရာခြောက်ဆယ် ပရောဖက်ပြုဟောပြောကြလိမ့်မည်” ဟုဆို၏။
ဒုတိယကောင်းကင်တမန်သည် သူ၏ ဖလားကို ပင်လယ်ပေါ်သို့ သွန်းလောင်းလိုက်သောအခါ ရေသည် လူသေ၏ သွေးကဲ့သို့ ဖြစ်သွားပြီး ပင်လယ်၌ရှိသော သတ္တဝါအားလုံး သေကုန်လေ၏။
တတိယကောင်းကင်တမန်သည် သူ၏ ဖလားကို မြစ်များနှင့် စမ်းရေတွင်းများပေါ်သို့ သွန်းလောင်းလိုက်သောအခါ ရေသည် သွေးဖြစ်သွား၏။
ဒုတိယကောင်းကင်တမန်သည် တံပိုးခရာမှုတ်သောအခါ မီးလောင်နေသည့်တောင်ကြီးကဲ့သို့သောအရာသည် ပင်လယ်ထဲသို့ ပစ်ချခြင်းခံရ၏။ ပင်လယ်ရေသုံးပုံတစ်ပုံသည် သွေးအဖြစ်သို့ ပြောင်းလဲသွား၏။