ဆီဇာရီးယားမြို့သို့ ရောက်သောအခါ ဂျေရုဆလင်မြို့သို့တက်၍ အသင်းတော်ကိုနှုတ်ဆက်ပြီးလျှင် အန္တိအုတ်မြို့သို့ ဆင်းသွား၏။
တမန်တော်ဝတ္ထု 21:15 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုနေ့ရက်များလွန်ပြီးနောက် ကျွန်ုပ်တို့သည် ပစ္စည်းများကို အသင့်ပြင်ဆင်၍ ဂျေရုဆလင်မြို့သို့ တက်သွားကြ၏။ Common Language Bible ရက်အနည်းငယ်ကြာသော်ကျွန်ုပ်တို့သည်ပစ္စည်း များကိုထုပ်ပိုး၍ ယေရုရှလင်မြို့သို့ခရီး ဆက်ကြ၏။- Garrad Bible ထို နောက် ငါ တို့ သည် ခ ရီး ရိ က္ခာ ကို ယူ ၍ ယေ ရု ရှ လင် မြို့ သို့ သွား ကြ စဉ်၊ Judson Bible ထိုနောက်မှ ငါတို့သည် အသုံးအဆောင်များကို ပြင်ဆင်၍ ယေရုရှလင်မြို့သို့ သွားကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုနေ့ရက်များလွန်ပြီးနောက် ငါတို့သည် ထုပ်ပိုးပြင်ဆင်လျက် ဂျေရုဆလင်မြို့သို့ တက်သွားကြ၏။ |
ဆီဇာရီးယားမြို့သို့ ရောက်သောအခါ ဂျေရုဆလင်မြို့သို့တက်၍ အသင်းတော်ကိုနှုတ်ဆက်ပြီးလျှင် အန္တိအုတ်မြို့သို့ ဆင်းသွား၏။
ဤအရာများ ဖြစ်ပျက်ပြီးနောက် ပေါလုသည် ဝိညာဉ်တော်အားဖြင့် မာကေဒေါနိပြည်နှင့် အခါယပြည်တစ်လျှောက်သွားပြီးလျှင် ဂျေရုဆလင်မြို့သို့ သွားရန် ဆုံးဖြတ်၏။ ထို့နောက် ပေါလုက “ထိုမြို့သို့သွားပြီးလျှင် ငါသည် ရောမမြို့သို့လည်း သွားရမည်” ဟု ပြောလေ၏။
ဤစကားကို ကြားသော ကျွန်ုပ်တို့နှင့် ထိုအရပ်ရှိလူတို့သည် ဂျေရုဆလင်မြို့သို့ မသွားရန် ပေါလုကို တောင်းပန်ပြောဆိုကြ၏။
ဖေတ္တုမင်းသည် ထိုပြည်နယ်သို့ရောက်၍ သုံးရက်ကြာသောအခါ ဆီဇာရီးယားမြို့မှ ဂျေရုဆလင်မြို့သို့သွားလေ၏။
ဖေတ္တုမင်းသည် သူတို့ထံ၌ ရှစ်ရက်၊ သို့မဟုတ် ဆယ်ရက်ထက်မပိုဘဲ နေပြီးနောက် ဆီဇာရီးယားမြို့သို့ ပြန်လေ၏။ နောက်တစ်နေ့တွင် တရားခွင်၌ထိုင်လျက် ပေါလုကိုခေါ်ဆောင်လာရန် အမိန့်ပေးလေ၏။
ထိုအခါ ဖေတ္တုမင်းသည် ဂျူးတို့ကို ကျေးဇူးပြုလိုသဖြင့် ပေါလုအား “သင်သည် ဂျေရုဆလင်မြို့သို့ တက်သွား၍ ထိုမြို့၌ ငါ့ရှေ့တွင် ဤစွပ်စွဲချက်များနှင့်ပတ်သက်၍ စစ်ဆေးခံလိုသလော” ဟု မေးလေ၏။