ထို့နောက် ဧလိရှဲသည် စမ်းရေထွက်သောနေရာသို့သွား၍ ထိုနေရာကိုဆားခတ်ပြီးလျှင် “ထာဝရဘုရားက ‘ဤရေကို ငါသန့်ရှင်းစေပြီ။ နောက်တစ်ဖန် အပင်သေခြင်း၊ မဖြစ်ထွန်းခြင်း မရှိတော့စေရ’ဟူ၍ မိန့်တော်မူပြီ”ဟု ဆို၏။
၄ ရာ 3:12 - မြန်မာ့စံမီသမ္မာကျမ်း ယောရှဖတ်မင်းကြီးက “ထာဝရဘုရား၏နှုတ်တော်ထွက်စကား သူ၌ရှိနိုင်သည်”ဟု ဆိုသဖြင့် အစ္စရေးဘုရင်အပါအဝင် ယောရှဖတ်မင်းကြီးနှင့် ဧဒုံဘုရင်တို့သည် ဧလိရှဲထံသို့ ဆင်းသွားကြ၏။ Common Language Bible ယောရှဖတ်မင်းက``ထိုသူသည်ပရောဖက်အစစ် အမှန်ဖြစ်ပေသည်'' ဟုဆိုသဖြင့်မင်းသုံးပါး တို့သည်ဧလိရှဲထံသို့သွားကြ၏။ Garrad Bible ယော ရှ ဖတ် မင်း က၊ ထို သူ၌ ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ရှိ သည် ဟု ဆို၍ မင်း သုံး ပါး တို့ သည် ဧ လိ ရှဲ ထံ သွား ကြ ၏။ Judson Bible ယောရှဖတ်က၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် သူ၌ရှိတော်မူသည်ဟု ဆိုလျက်၊ ရှင်ဘုရင်သုံးပါးတို့သည် ဧလိရှဲထံသို့သွားကြ၏။ |
ထို့နောက် ဧလိရှဲသည် စမ်းရေထွက်သောနေရာသို့သွား၍ ထိုနေရာကိုဆားခတ်ပြီးလျှင် “ထာဝရဘုရားက ‘ဤရေကို ငါသန့်ရှင်းစေပြီ။ နောက်တစ်ဖန် အပင်သေခြင်း၊ မဖြစ်ထွန်းခြင်း မရှိတော့စေရ’ဟူ၍ မိန့်တော်မူပြီ”ဟု ဆို၏။
ထိုအခါ ယောရှဖတ်မင်းကြီးက “ထာဝရဘုရားအား မေးလျှောက်ရန် ဤအရပ်တွင် ထာဝရဘုရား၏ပရောဖက်တစ်ပါးမျှမရှိသလော”ဟု မေးလျှင် အစ္စရေးဘုရင်၏အမှုထမ်းများထဲမှတစ်ဦးက “ရှာဖတ်၏သား ဧလိရှဲ ရှိပါ၏။ သူသည် ဧလိယ၏လက်ထောက်ဖြစ်ပါ၏”ဟု လျှောက်လျှင်
ဧလိရှဲက အစ္စရေးဘုရင်အား “ငါသည် မင်းကြီးနှင့်မည်သို့ဆိုင်သနည်း။ အရှင့်ခမည်းတော်၏ပရောဖက်များ၊ မယ်တော်၏ပရောဖက်များထံသို့ သွားမေးပါလော့”ဟု ဆို၏။ ထိုအခါ အစ္စရေးဘုရင်က “ထိုသို့မဆိုပါနှင့်။ အကျွန်ုပ်တို့ဤဘုရင်သုံးပါးကို မောဘလူမျိုးလက်သို့ အပ်ဖို့ ထာဝရဘုရား ခေါ်ထုတ်တော်မူပြီ”ဟု ပြန်ပြော၏။
သူသည် နောက်လိုက်ဗိုလ်ပါအပေါင်းတို့နှင့်တကွ ဘုရားသခင်၏လူထံပြန်လာပြီး သူ့ရှေ့တွင် သွားရပ်လျက် “အစ္စရေးပြည်မှလွဲ၍ မြေတစ်ပြင်လုံးတွင် ဘုရားသခင် မရှိကြောင်းကို အကျွန်ုပ်သိပါပြီ။ ယခု အရှင့်အစေအပါး၏လက်ဆောင်ကို လက်ခံပါလော့”ဟု ဆို၏။
ရှင်ဘုရင်တို့သည် သင့်ကို ကြည့်ရှုစောင့်ရှောက်သူ၊ မိဖုရားတို့သည် သင်၏နို့ထိန်း ဖြစ်ကြလိမ့်မည်။ သူတို့သည် မြေပေါ်မျက်နှာအပ်၍ သင့်ရှေ့၌ပျပ်ဝပ်ကာ သင်၏ခြေမှ မြေမှုန့်ကို လျက်ကြလိမ့်မည်။ ထိုအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်သိရလိမ့်မည်။ ငါ့ကိုစောင့်မျှော်သောသူတို့သည် အရှက်မကွဲရကြ”ဟု မိန့်တော်မူ၏။
သင့်ကိုနှိပ်စက်ခဲ့သောသူ၏သားတို့သည် သင့်ထံသို့လာ၍ ဦးညွှတ်ကြလိမ့်မည်။ သင့်ကိုမထီလေးစားပြုသောသူအပေါင်းတို့သည် သင်၏ခြေရင်း၌ပျပ်ဝပ်ကြလိမ့်မည်။ သူတို့သည် သင့်ကိုထာဝရဘုရား၏မြို့၊ အစ္စရေးလူမျိုးတို့၏သန့်ရှင်းသောအရှင်၏ဇိအုန်မြို့ဟု ခေါ်ဝေါ်ကြလိမ့်မည်။
ဇေဒကိမင်းကြီးသည် လူလွှတ်၍ ယေရမိကို နန်းတော်သို့ခေါ်လာစေပြီးလျှင် “ထာဝရဘုရားထံတော်မှ နှုတ်ကပတ်တော်ရောက်လာသေးသလော”ဟု လျှို့ဝှက်စွာမေးမြန်း၏။ ယေရမိက “နှုတ်ကပတ်တော်ရောက်လာပါ၏။ အရှင်မင်းကြီးသည် ဘေဘီလုံဘုရင်၏လက်ထဲသို့ရောက်ရလိမ့်မည်”ဟု ပြန်လျှောက်၏။
ကြည့်ရှုလော့။ မိမိတို့ကိုယ်ကို ဂျူးလူမျိုးဖြစ်သည်ဟုဆိုကြသော်လည်း ဂျူးလူမျိုးမဟုတ်ဘဲ စာတန်၏အသင်းဝင်များဖြစ်ကြသည့် လိမ်လည်ပြောဆိုသောသူတို့ကို သင်၏ခြေရင်း၌ လာ၍ရှိခိုးစေကာ ငါသည် သင်တို့ကိုချစ်ကြောင်း သူတို့အားသိစေမည်။