တိုင်ထိပ်တွင် နှင်းပန်းပုံဖော်ထား၏။ ဤသို့ဖြင့် ကြေးတိုင်သွန်းလုပ်ခြင်းအမှု ပြီးစီးလေ၏။
၃ ရာ 7:23 - မြန်မာ့စံမီသမ္မာကျမ်း အချင်းအတောင်တစ်ဆယ်ရှိ၍ အမြင့်ငါးတောင်၊ လုံးပတ်အတောင်သုံးဆယ်ရှိသော စက်ဝိုင်းပုံကြေးနီရေကန်ကိုလည်း သွန်းလုပ်၏။ Common Language Bible ဟိရံသည်အနက်ခုနစ်ပေခွဲ၊ အချင်းတစ်ဆယ့် ငါးပေ၊ အဝန်းလေးဆယ့်ငါးပေရှိသောကြေး ဝါရေကန်ဝိုင်းကိုသွန်းလုပ်၏။- Garrad Bible အ ကျယ် ဆယ် တောင်၊ စောက် ငါး တောင်၊ လုံး ပတ် သုံး ဆယ် ရှိ သော ကြေး ရေ ကန် ကို သွန်း လုပ် ရာ ရေ ကန် အ နား ရစ် အောက် ပတ် လည် တွင် Judson Bible အချင်းဆယ်တောင်၊ အဝန်းအတောင်သုံးဆယ်၊ အဇောက်ငါးတောင်ရှိသော ကြေးဝါရေကန်ကိုလည်းလုပ်လေ၏။ |
တိုင်ထိပ်တွင် နှင်းပန်းပုံဖော်ထား၏။ ဤသို့ဖြင့် ကြေးတိုင်သွန်းလုပ်ခြင်းအမှု ပြီးစီးလေ၏။
အာခတ်မင်းကြီးသည် ယဇ်ပုရောဟိတ်ဥရိယအား “ထိုယဇ်ပလ္လင်ကြီးပေါ်၌ နံနက်မီးရှို့ရာယဇ်နှင့် နေဝင်ချိန်ဘောဇဉ်ပူဇော်သက္ကာ၊ ဘုရင့်မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာ၊ တိုင်းသူပြည်သားအားလုံးတို့၏မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာစသည်တို့ကို ပူဇော်ရမည်။ မီးရှို့ရာယဇ်ကောင်၏အသွေးနှင့် အခြားယဇ်ကောင်အသွေးရှိသမျှတို့ကို ထိုယဇ်ပလ္လင်ပေါ်တွင် ပက်ဖျန်းရမည်။ ကြေးနီယဇ်ပလ္လင်မူကား ငါမေးလျှောက်ရန်အတွက် ဖြစ်ရမည်”ဟု မိန့်မှာ၏။
ထို့ပြင် အာခတ်မင်းကြီးသည် တွန်းလှည်း၏ဘောင်များကို အပိုင်းပိုင်းဖြတ်ပစ်ပြီး အင်တုံများကိုလည်း တွန်းလှည်းမှ ဖယ်ရှားပစ်၏။ ရေကန်ကိုလည်း ရေကန်အောက်ရှိကြေးနီနွားရုပ်များပေါ်မှ ကျောက်ခင်းပေါ်သို့ ချထား၏။
ခါလဒဲစစ်သည်တို့သည် ထာဝရဘုရား၏အိမ်တော်၌ရှိသောကြေးနီတိုင်များ၊ ထာဝရဘုရား၏အိမ်တော်၌ရှိသောကြေးနီရေကန်နှင့်တွန်းလှည်း တို့ကိုချိုးဖဲ့၍ ကြေးနီရှိသမျှကို ဘေဘီလုံမြို့သို့ ယူဆောင်သွားကြ၏။
ဒါဝိဒ်မင်းကြီးသည် တိဗဟတ်မြို့၊ ခုန်မြို့စသည့် ဟာဒဒေဇာမင်းကြီးပိုင်သောမြို့တို့မှ ကြေးနီအမြောက်အမြားကိုလည်း သိမ်းယူလေ၏။ ထိုကြေးနီများဖြင့်ပင် ရှောလမုန်မင်းကြီးသည် ကြေးနီရေကန်နှင့် တိုင်များ၊ ကြေးနီအသုံးအဆောင်များကို သွန်းလုပ်ခဲ့၏။
အချင်းအတောင်တစ်ဆယ်၊ အမြင့်ငါးတောင်၊ လုံးပတ်အတောင်သုံးဆယ်ရှိသော စက်ဝိုင်းပုံကြေးနီရေကန်ကိုလည်း သွန်းလုပ်၏။
ကြေးနီအင်တုံနှင့်ကြေးနီခြေတိုင်ကို တွေ့ဆုံစည်းဝေးရာတဲတော်၏အဝင်ဝ၌အစေခံသော အမျိုးသမီးတို့၏ကြေးမုံဖြင့် လုပ်ထား၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ဤမြို့၌ကျန်ရစ်သော တိုင်များ၊ ရေကန်၊ တွန်းလှည်းများ၊ အခြားအသုံးဆောင်ပစ္စည်းများနှင့်ပတ်သက်၍ ဤသို့မိန့်တော်မူ၏။
ခါလဒဲစစ်သည်တို့သည် ထာဝရဘုရား၏အိမ်တော်၌ရှိသောကြေးနီတိုင်များ၊ ထာဝရဘုရား၏အိမ်တော်၌ရှိသောကြေးနီရေကန်နှင့်တွန်းလှည်း တို့ကိုချိုးဖဲ့၍ ကြေးနီရှိသမျှကို ဘေဘီလုံမြို့သို့ ယူဆောင်သွားကြ၏။
ထာဝရဘုရား၏အိမ်တော်၌ ရှောလမုန်မင်းကြီးပြုလုပ်ထားသော တိုင်နှစ်တိုင်၊ ရေကန်တစ်ကန်၊ ရေကန်အောက်၌ရှိသောကြေးနီနွားရုပ်တစ်ဆယ့်နှစ်ရုပ်နှင့် တွန်းလှည်းများ စသည့် ကြေးနီတန်ဆာပလာအားလုံး၏အလေးချိန်မှာ ချိန်တွယ်၍ပင်မရနိုင်ချေ။