အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၃ ရာ 6:38 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

တစ်ဆယ့်​တစ်​နှစ်​မြောက်​၊ ဗု​လ ဟု​ခေါ်​သော​အဋ္ဌမ​လ​တွင် ရေးဆွဲ​ချမှတ်​ထား​သော​အိမ်​တော်​ပုံစံ​အတိုင်း ဆောက်လုပ်​ပြီးစီး​၏​။ အိမ်​တော်​ကို ခုနစ်​နှစ်​တိုင် ဆောက်လုပ်​ခဲ့​ရ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ရှော​လ​မုန်​မင်း​နန်း​စံ​တစ်​ဆယ့်​တစ်​နှစ်​မြောက်၊ ဗု​လ ခေါ်​အ​ဋ္ဌ​မ​လ​၌ ဗိ​မာန်​တော်​ကို​ရေး​ဆွဲ​ထား​သည့် ပုံ​စံ​အ​တိုင်း​တစ်​သ​ဝေ​မ​တိမ်း​ဆောက်​လုပ်​ပြီး လေ​သည်။ ယင်း​သို့​ဆောက်​လုပ်​မှု​မှာ​ခု​နစ်​နှစ် တိုင်​တိုင်​ကြာ​သ​တည်း။

အခန်းကိုကြည့်ပါ။

Garrad Bible

နန်း စံ ဆယ့် တစ် နှစ်၊ ဗု လ ခေါ် အ ဌ မ လ တွင် န မူ နာ ပုံ စံ အ တိုင်း အ လုံး စုံ ပြီး စီး သ တည်း။

အခန်းကိုကြည့်ပါ။

Judson Bible

နန်း​စံ​ဆယ်​တစ်​နှစ်၊ ဗု​လ​အ​မည်​ရှိ​သော အ​ဋ္ဌ​မ​လ​တွင် အိမ်​တော် အ​ခန်း​ကြီး​အ​ခန်း​ငယ်​တို့​နှင့် ဆိုင်​သ​မျှ​တို့​ကို လက်​စ​သတ်၍ ခု​နစ်​နှစ်​ပတ်​လုံး အိမ်​တော်​ကို တည်​ဆောက်​သ​တည်း။

အခန်းကိုကြည့်ပါ။



၃ ရာ 6:38
19 ပူးပေါင်းရင်းမြစ်များ  

ရှောလမုန်​မင်းကြီး​သည် အစ္စရေး​အမျိုးသား​တို့ အီဂျစ်​ပြည်​မှ​ထွက်လာ​ပြီး နှစ်​ပေါင်း​လေး​ရာ​ရှစ်ဆယ်​အကြာ​၊ အစ္စရေး​လူမျိုး​တို့​ကို​အုပ်ချုပ်​သည့် လေး​နှစ်​မြောက်​၊ ဇိဖ​ဟု​ခေါ်​သော ဒုတိယ​လ​တွင် ထာဝရဘုရား​အဖို့ အိမ်​တော်​ကို စတင်​တည်ဆောက်​၏​။


ထို့ကြောင့် ရှောလမုန်​မင်းကြီး​သည် ဤ​အိမ်​တော်​ကို ပြီးစီး​သည့်​တိုင် ဆောက်လုပ်​ခဲ့​ခြင်း​ဖြစ်​၏​။


ဤသို့ဖြင့် ရှောလမုန်​မင်းကြီး​နန်းစံ​လေး​နှစ်​မြောက်​၊ ဇိဖ​လ​တွင် ထာဝရဘုရား​၏​အိမ်​တော်​ကို အုတ်မြစ်ချ​ပြီး


ဤသို့ အိမ်​တော်​ကို​တည်ဆောက်​ပြီးစီး​ပြီးမှ အိမ်​တော်​အမိုးမျက်နှာကြက်​ကို သစ်ကတိုးသား ထုပ်တန်း​များ​၊ ပျဉ်ချပ်​များ​ဖြင့် ပြုလုပ်​၏​။


ရှောလမုန်​မင်းကြီး​သည် မိမိ​နန်းတော်​ကို​လည်း​တည်ဆောက်​ရာ တစ်ဆယ့်​သုံး​နှစ်​အကြာ​တွင် နန်းတော်​တစ်ခုလုံး ပြီးစီး​လေ​၏​။


ရှောလမုန်​မင်းကြီး​သည် ထာဝရဘုရား​၏​အိမ်​တော်​နှင့် ရှင်ဘုရင်​နန်းတော်​တည်းဟူသော အဆောက်အအုံ​နှစ်​ခု​ကို တည်ဆောက်​ချိန် အနှစ်​နှစ်ဆယ်​ကြာ​သောအခါ


“ဤ​ပုံစံ​အားလုံး​ကို ထာဝရဘုရား ရေးဆွဲ​ထား​ပြီး လုပ်ဆောင်​ရ​မည့်​ပုံစံ​အသေးစိတ်​ကို ငါ့​အား သိနားလည်​စေ​တော်မူ​ပြီ”​ဟု ဆို​လေ​၏​။


ထို့နောက် ဒါဝိဒ်​မင်းကြီး​က သား​တော်​ရှောလမုန်​အား “​အားယူ​၍​ရဲရင့်​စွာ လုပ်ဆောင်​လော့​။ မ​ကြောက်​နှင့်​၊ စိတ်​မ​ပျက်​နှင့်​။ ငါ​ကိုးကွယ်​သော​ဘုရားသခင်​၊ ဘုရားသခင်​ထာဝရဘုရား​သည် သင်​နှင့်အတူ ရှိ​တော်မူ​၏​။ ထာဝရဘုရား​၏​အိမ်​တော် ဆောက်လုပ်​ခြင်း​အမှု​အလုံးစုံ​ကို ပြီးစီး​သည့်​တိုင်အောင် သင့်​ကို စွန့်ပစ်​တော်မူ​မည်​မ​ဟုတ်​။ သင့်​ကို ပစ်ပယ်​တော်မူ​မည်​မ​ဟုတ်​။


ရှောလမုန်​မင်းကြီး​သည် ထာဝရဘုရား​၏​အိမ်​တော်​နှင့် သူ​စံမြန်း​ရန်​နန်းတော်​ကို တည်ဆောက်​ချိန် အနှစ်​နှစ်ဆယ်​ကြာ​သောအခါ


ထာဝရဘုရား​၏​အိမ်​တော်​အုတ်မြစ်ချ​သည့်​နေ့​မှစ၍ အားလုံး​ပြီးစီး​သည်​အထိ ရှောလမုန်​မင်းကြီး လုပ်ဆောင်​ရ​မည့်​လုပ်ငန်း​များ​အားလုံး ဆောင်ရွက်​ပြီးစီး​လေ​၏​။ ဤသို့ဖြင့် ထာဝရဘုရား​၏​အိမ်​တော်​ဆောက်လုပ်​ခြင်း​အမှု ပြီးစီး​လေ​၏​။


သူ​တို့​က​လည်း ‘အကျွန်ုပ်​တို့​သည် ကောင်းကင်​နှင့်​မြေကြီး​အရှင် ဘုရားသခင်​၏​အစေအပါး​များ ဖြစ်​၏​။ ရှေး​နှစ်​ပေါင်း​များစွာ​က အစ္စရေး​လူမျိုး​တို့​၏​ဘုရင်မင်းမြတ် တည်ဆောက်​ပြီးစီး​ခဲ့​သော​အိမ်​တော်​ကို အကျွန်ုပ်​တို့ ပြန်လည်​တည်ဆောက်​ခြင်း ဖြစ်​၏​။


အစ္စရေး​အမျိုးသား​တို့​သည် မောရှေ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သမျှ​အတိုင်း တွေ့ဆုံစည်းဝေးရာ​တဲ​တော်​တည်းဟူသော ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​နှင့်ဆိုင်သော​လုပ်ငန်း​ရှိသမျှ​ကို တစ်သဝေမတိမ်း လုပ်ဆောင်​ပြီးစီး​လေ​၏​။


မောရှေ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သမျှ​အတိုင်း အစ္စရေး​အမျိုးသား​တို့​သည် အလုပ်​ရှိသမျှ​တို့​ကို လုပ်​လေ​၏​။


မောရှေ​သည် အစ္စရေး​အမျိုးသား​တို့ လုပ်ဆောင်​သော​အလုပ်​အားလုံး​ကို စစ်ဆေးကြည့်​သောအခါ သူ​တို့​သည် ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း လုပ်ဆောင်​ကြ​သည်​ကို မြင်​လေ​၏​။ ထို့ကြောင့် မောရှေ​သည် သူ​တို့​ကို​ကောင်းချီးပေး​လေ​၏​။


“ဇေရုဗဗေလ​ကိုယ်တိုင် ဤ​အိမ်​တော်​ကို အုတ်မြစ်ချ​ခဲ့​ပြီ​။ သူ​ကိုယ်တိုင်​ပင် အပြီးတိုင် ဆက်လက်​တည်ဆောက်​လိမ့်မည်​။ သို့မှ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် ငါ့​ကို သင်​တို့​ထံသို့ စေလွှတ်​တော်မူ​ကြောင်း​ကို သင်​တို့ သိ​ရ​ကြ​လိမ့်မည်​။


ဂျူး​လူမျိုး​တို့​က​လည်း “ဤ​ဗိမာန်​တော်​ကို​တည်ဆောက်​ရန် လေးဆယ့်​ခြောက်​နှစ်​ကြာ​၏။ သင်​မူကား ၎င်း​ကို သုံး​ရက်​အတွင်း​တည်ဆောက်​မည်​လော”​ဟု ဆို​ကြ​၏။