ရှင်ဘုရင်ပိုင် တာရှုသင်္ဘောသည် ဟိရံမင်းကြီးပိုင်သင်္ဘောနှင့်အတူ ပင်လယ်တွင် ကူးသန်းသွားလာ၏။ ထိုတာရှုသင်္ဘောသည် သုံးနှစ်တစ်ခါ ပြန်လာပြီး ရွှေငွေများ၊ ဆင်စွယ်များ၊ မျောက်ဝံများ၊ ဒေါင်းများကို ယူဆောင်လာလေ့ရှိ၏။
၃ ရာ 22:49 - မြန်မာ့စံမီသမ္မာကျမ်း အာဟပ်မင်းကြီး၏သားတော်အာခဇိမင်းကြီးက ယောရှဖတ်မင်းကြီးအား “အကျွန်ုပ်၏အစေအပါးတို့ကို သင်၏အစေအပါးတို့နှင့်အတူ သင်္ဘောလိုက်စေပါ”ဟု တောင်းဆိုသည်ကို ယောရှဖတ်မင်းကြီးက လက်မခံခဲ့။ Common Language Bible ထိုအခါဣသရေလဘုရင်အာခဇိကမိမိ ၏လူတို့နှင့်အတူ ယောရှဖတ်၏လူတို့အား သင်္ဘောလွှင့်ခွင့်ပြုမည်ဟု စကားကမ်းလှမ်းသော် လည်းယောရှဖတ်ကထိုကမ်းလှမ်းချက်ကို လက်ခံတော်မမူ။ Garrad Bible အာ ဟပ် မင်း သား တော် အာ ခ ဇိ မင်း က ကျွန်ုပ် သင်္ဘော သား တို့ သည် အ ကြည် တော့် သင်္ဘော သား တို့ နှင့် အ တူ စီး ကြ ပါ စေ ဟု ယော ရှ ဖတ် မင်း ထံ အ ခွင့် တောင်း သော် လည်း မ ရ ချေ။ Judson Bible အာဟပ်သား အာခဇိက၊ ငါ့ကျွန်တို့သည် မင်းကြီးကျွန်တို့နှင့် သင်္ဘောစီးပါစေဟု ယောရှဖတ်၌ အခွင့်တောင်း၍ ယောရှဖတ်သည် အခွင့်ပေး၏။ သို့သော်လည်း သင်္ဘောတို့သည် ဧဇယုန်ဂါဗာမြို့မှာ ကျိုးပဲ့သောကြောင့်၊ ဩဖိရမြို့သို့ မသွားရ။ |
ရှင်ဘုရင်ပိုင် တာရှုသင်္ဘောသည် ဟိရံမင်းကြီးပိုင်သင်္ဘောနှင့်အတူ ပင်လယ်တွင် ကူးသန်းသွားလာ၏။ ထိုတာရှုသင်္ဘောသည် သုံးနှစ်တစ်ခါ ပြန်လာပြီး ရွှေငွေများ၊ ဆင်စွယ်များ၊ မျောက်ဝံများ၊ ဒေါင်းများကို ယူဆောင်လာလေ့ရှိ၏။
ဩဖိရမြို့သို့သွား၍ ရွှေကိုသယ်ဆောင်လာရန် ယောရှဖတ်မင်းကြီးသည် တာရှုသင်္ဘောများကို တည်ဆောက်၏။ သို့သော် ဧဇယုန်ဂါဗာမြို့တွင် သင်္ဘောပျက်သဖြင့် ခရီးမသွားနိုင်ခဲ့။
ယောရှဖတ်မင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ သူ့ကို ဘင်တော်ဒါဝိဒ်မြို့တွင်သင်္ဂြိုဟ်ကြ၏။ သူ၏သားတော်ယဟောရံသည် သူ့အရိုက်အရာကို ဆက်ခံ၏။
ထို့ပြင် ရှောလမုန်မင်းကြီးသည် ဧဒုံပြည်၊ ပင်လယ်နီကမ်းခြေရှိ ဧလတ်မြို့အနီး ဧဇယုန်ဂါဗာမြို့တွင် သင်္ဘောကိုတည်ဆောက်၏။
ဟိရံမင်းကြီးသည် ပင်လယ်ပြင်အကြောင်းကို သိနားလည်သော မိမိ၏အမှုထမ်းသင်္ဘောသားတို့ကို ရှောလမုန်မင်းကြီး၏အမှုထမ်းတို့နှင့်အတူ သင်္ဘောလိုက်စေ၏။
သူတို့သည် ဩဖိရမြို့သို့ရွက်လွှင့်သွားပြီး ရွှေတာလန်လေးရာ့နှစ်ဆယ်ယူဆောင်လာ၍ ရှောလမုန်မင်းကြီးကိုဆက်သကြ၏။
ထို့နောက်တွင် ယုဒဘုရင်ယောရှဖတ်မင်းကြီးသည် အစ္စရေးဘုရင်အာခဇိမင်းကြီးနှင့် မဟာမိတ်ဖွဲ့ခဲ့၏။ အာခဇိမင်းကြီးသည် ဆိုးယုတ်သောအမှုကို ပြုကျင့်သောသူဖြစ်၏။
ငါတို့ကြားခဲ့ရသည့်အတိုင်း ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ မြို့တော်တည်းဟူသော ငါတို့ဘုရားသခင်၏မြို့တော်တွင် ငါတို့မြင်ရကြလေပြီ။ ဘုရားသခင်သည် ထိုမြို့တော်ကို ကာလအစဉ်အဆက်တည်စေတော်မူမည်။(စေလာ)