အာသမင်းကြီးနှင့် အစ္စရေးဘုရင်ဗာရှာမင်းကြီးတို့သည် အသက်ရှင်သမျှကာလပတ်လုံး အချင်းချင်းစစ်တိုက်ခဲ့ကြ၏။
၃ ရာ 15:28 - မြန်မာ့စံမီသမ္မာကျမ်း ယုဒဘုရင်အာသမင်းကြီး နန်းစံသုံးနှစ်တွင် ဗာရှာသည် နာဒပ်မင်းကြီးကိုသတ်ပြီး သူ့အရိုက်အရာကို ဆက်ခံလေ၏။ Judson Bible ယုဒရှင်ဘုရင်အာသ နန်းစံသုံးနှစ်တွင်၊ ဗာရှာသည် နာဒဒ်မင်းကိုလုပ်ကြံ၍ နန်းထိုင်လေ၏။ |
အာသမင်းကြီးနှင့် အစ္စရေးဘုရင်ဗာရှာမင်းကြီးတို့သည် အသက်ရှင်သမျှကာလပတ်လုံး အချင်းချင်းစစ်တိုက်ခဲ့ကြ၏။
ဣသခါအမျိုးအနွယ် အဟိယ၏သားဗာရှာသည် နာဒပ်မင်းကြီးကို လုပ်ကြံရန်လျှို့ဝှက်ကြံစည်၏။ နာဒပ်မင်းကြီးနှင့် အစ္စရေးတပ်သားအပေါင်းတို့ ဂိဗ္ဗသုန်မြို့ကိုဝိုင်းထားစဉ် ဗာရှာသည် နာဒပ်မင်းကြီးကို ဖိလိတ္တိပြည်၊ ဂိဗ္ဗသုန်မြို့တွင်ပင် သတ်လိုက်လေ၏။
ဗာရှာနန်းတက်သောအခါ ယေရောဗောင်မင်းမျိုးမင်းနွယ်ကို သတ်ပစ်လေ၏။ ထာဝရဘုရား၏အစေအပါး ရှိလောမြို့သားအဟိယအားဖြင့် မိန့်မှာတော်မူခဲ့သည့်စကားအတိုင်း ယေရောဗောင်မင်းမျိုးမင်းနွယ်ကို တစ်ယောက်မျှအရှင်မထားဘဲ သုတ်သင်ပစ်၏။
ထို့နောက်တွင် အစ္စရေးလူမျိုးတို့သည် နှစ်ဖွဲ့ကွဲသွားပြီး တစ်ဝက်မှာ ဂိနတ်၏သားတိဗနိနောက်သို့လိုက်ပြီး သူ့ကို မင်းမြှောက်လိုကြ၏။ ကျန်တစ်ဝက်မှာ ဩမရိနောက်သို့လိုက်ကြ၏။
လက်စားချေခြင်း၊ လက်တုံ့ပြန်ခြင်းသည် ငါနှင့်ဆိုင်၏။ သူတို့သည် အချိန်တန်လျှင် ခြေချော်လိမ့်မည်။ သူတို့၏ဘေးဒုက္ခနေ့ရက်သည်နီးပြီ။ သူတို့ကြုံရမည့်အမှုသည် အလျင်အမြန်ရောက်လာလိမ့်မည်။