သူသည် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကိုပြုပြီး ခမည်းတော်လျှောက်ခဲ့သောလမ်းအတိုင်း လိုက်လျှောက်လျက် အစ္စရေးလူမျိုးတို့ကို လမ်းမှားစေသောအပြစ်မျိုးကို ပြုလေ၏။
၃ ရာ 13:33 - မြန်မာ့စံမီသမ္မာကျမ်း ဤသို့ဖြစ်ပျက်ခဲ့ပြီးနောက်တွင်လည်း ယေရောဗောင်မင်းကြီးသည် လမ်းမှားကိုမစွန့်။ အထွတ်အမြတ်ထားရာကုန်းမြင့်များတွင် ယဇ်ပုရောဟိတ်ကို သာမန်လူများထဲမှ ရွေးကောက်ခန့်ထား၏။ ယဇ်ပုရောဟိတ်လုပ်လိုသူများကို မိမိကိုယ်တိုင်ခန့်အပ်ရာ ထိုသူတို့သည် အထွတ်အမြတ်ထားရာကုန်းမြင့်များတွင် ယဇ်ပုရောဟိတ်များဖြစ်လာကြ၏။ Common Language Bible ဣသရေလဘုရင်ယေရောဗောင်သည်ယခုတိုင် အောင်ပင် မိမိ၏ဒုစရိုက်လမ်းစဉ်ကိုမစွန့်သေး ဘဲ မိမိတည်ဆောက်ထားသည့်ယဇ်ပလ္လင်များတွင် အမှုထမ်းရန် ယဇ်ပုရောဟိတ်များအဖြစ်သာမန် အိမ်ထောင်စုများမှရွေးချယ်ခန့်ထားလေ့ရှိ၏။ သူ သည်ယဇ်ပုရောဟိတ်လုပ်လိုသူမှန်သမျှကို ခန့်ထားလေသည်။- Garrad Bible ထို နောက် ယေ ရော ဗောင် မင်း သည် ကိုယ့် မ ကောင်း လမ်း ကို မ ကြဉ် မ ရှောင် ဘဲ ပြည် သား တို့ အ နက် ပ ရော ဟိတ် လုပ် လို သူ၊ မည် သူ့ ကို မ ဆို မြင့် ရာ ဌာ န များ ဆိုင် သော ပ ရော ဟိတ် အ ဖြစ် ခန့် ထား လေ့ ရှိ သည် နှင့် Judson Bible ထိုနောက်မှ ယေရောဗောင်သည် မိမိအဓမ္မလမ်းကို မရှောင်။ သာမညလူတို့ကို မြင့်သောအရပ်တွင် ယဇ်ပုရောဟိတ်အရာ၌ ထပ်၍ခန့်ထား၏။ ယဇ်ပုရောဟိတ်လုပ်ချင်သောသူရှိသမျှကို ချီးမြှောက်သဖြင့်၊ သူတို့သည် မြင့်သောအရပ်တွင် ယဇ်ပုရောဟိတ် ဖြစ်ကြ၏။ |
သူသည် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကိုပြုပြီး ခမည်းတော်လျှောက်ခဲ့သောလမ်းအတိုင်း လိုက်လျှောက်လျက် အစ္စရေးလူမျိုးတို့ကို လမ်းမှားစေသောအပြစ်မျိုးကို ပြုလေ၏။
သို့သော် ယေဟုသည် အစ္စရေးလူမျိုးတို့ကို လမ်းမှားစေသည့် နေဗတ်၏သား ယေရောဗောင်ပြုသောအပြစ်တည်းဟူသော ဗေသလမြို့နှင့် ဒန်မြို့ရှိ နွားသငယ်ရုပ်တို့ကို မစွန့်ဘဲနေ၏။
ယေရောဗောင်မင်းကြီးသည် အထွတ်အမြတ်ထားရာနေရာများ၊ ဆိတ်ရုပ်တုများ၊ မိမိကိုယ်တိုင်လုပ်သောနွားသငယ်ရုပ်တုများအဖို့ ယဇ်ပုရောဟိတ်များကို ခန့်ထား၏။
ထာဝရဘုရား၏ယဇ်ပုရောဟိတ်များ၊ အာရုန်၏သားများနှင့် လေဝိအမျိုးများကို သင်တို့ နှင်ထုတ်၍ ဤပြည်သားများကဲ့သို့ ကိုယ့်ယဇ်ပုရောဟိတ်ကို ကိုယ်ခန့်ထားကြပြီ။ ကိုယ့်ကိုယ်ကိုသန့်စင်ရန် နွားသငယ်တစ်ကောင်၊ သိုးထီးခုနစ်ကောင်ကို ယူဆောင်လာလျှင်ပင် ထိုသူတို့သည် ဘုရားမဟုတ်သောအရာများ၏ယဇ်ပုရောဟိတ် ဖြစ်သွားကြ၏။
အစ္စရေးလူမျိုးတို့၏ဓလေ့ထုံးစံနောက်သို့လည်းမလိုက်ဘဲ ဘိုးဘေးတို့၏ဘုရားသခင်ကိုသာ ရှာဖွေခဲ့၏။ ထာဝရဘုရား၏ပညတ်တော်အတိုင်း လိုက်လျှောက်၏။
အာခတ်မင်းကြီးသည် ဒုက္ခရောက်နေချိန်တွင်ပင် ထာဝရဘုရားအပေါ် သစ္စာမဲ့သောလုပ်ရပ်များကို ဆက်၍သာလုပ်ဆောင်လေ၏။
သူတို့ကို ကိုယ်တော်ကွပ်မျက်တော်မူသောအခါ သူတို့သည် ကိုယ်တော်ကိုရှာကြ၏။ သူတို့သည် နောင်တရလျက် ဘုရားသခင်ကိုကြိုးစား၍ရှာကြ၏။
၎င်းတို့ကို သင်၏အစ်ကိုအာရုန်နှင့် သူ၏သားများအား ဝတ်ဆင်စေရမည်။ သူတို့သည် ယဇ်ပုရောဟိတ်အဖြစ် ငါ့ထံ၌အမှုတော်ကိုဆောင်ရွက်ရန် သူတို့ကို ဘိသိက်ပေးရမည်။ သူတို့ကိုခန့်အပ်ရမည်။ သူတို့ကိုသန့်ရှင်းစေရမည်။
ဆိုးမိုက်သောသူကို ဂျုံစေ့နှင့်အတူ ဆုံထဲထည့်၍ ကျည်ပွေ့နှင့်ထောင်းသော်လည်း သူ၏မိုက်မဲမှုသည် သူ့ထံမှဖယ်ခွာလိမ့်မည်မဟုတ်။
အိုးထိန်းသည်သည် ရွှံ့စေးဖြင့် အိုးတစ်လုံးကိုပြုလုပ်ရာ ပုံပျက်သွားသဖြင့် အခြားအိုးတစ်လုံးကို သူနှစ်သက်သောပုံဖြင့် တစ်ဖန်ပြုလုပ်လေ၏။
အို ထာဝရဘုရား၊ ကိုယ်တော်သည် သစ္စာတရားကို လိုလားတော်မူသည်မဟုတ်လော။ ကိုယ်တော်သည် သူတို့ကိုဒဏ်ခတ်သော်လည်း သူတို့မနာကြ။ သူတို့ကိုဖျက်ဆီးသော်လည်း ဆုံးမပဲ့ပြင်ခြင်းကိုမခံယူကြ။ သူတို့သည် မိမိတို့၏မျက်နှာကို ကျောက်တုံးထက်ပင် မာကျောစေကြ၏။ ကိုယ်တော့်ထံ ပြန်လာရန် ငြင်းဆိုကြ၏။
ကြည့်ရှုလော့။ ထာဝရဘုရားအမိန့်တော်ရှိ၏။ အိမ်ကြီးအိမ်ကောင်းများ အပိုင်းပိုင်းပြတ်လိမ့်မည်။ အိမ်ငယ်များလည်း တစ်စစီဖြစ်လိမ့်မည်။
ထိုအခါ ဗေသလမြို့ရှိ ယဇ်ပုရောဟိတ်အာမဇိက အစ္စရေးဘုရင်ယေရောဗောင်မင်းကြီးထံသို့ လူလွှတ်၍ “အာမုတ်သည် အစ္စရေးအမျိုးတို့အလယ်တွင် အရှင်မင်းကြီးကို လျှို့ဝှက်ကြံစည်နေပါပြီ။ ပြည်တော်သည် သူ့စကားအလုံးစုံတို့ကို ခံနိုင်မည်မဟုတ်ပါ။
ရွှေ့ပြောင်းသောအခါ လေဝိအမျိုးတို့သည် ကိန်းဝပ်တော်မူရာတဲတော်ကို ဖြုတ်သိမ်းရမည်။ စခန်းချသောအခါ လေဝိအမျိုးတို့သည် ကိန်းဝပ်တော်မူရာတဲတော်ကို စိုက်ထူရမည်။ မဆိုင်သောသူချဉ်းကပ်လျှင် အသတ်ခံရမည်။
ငါရွေးချယ်သောသူ၏တောင်ဝှေးသည် အတက်ပေါက်လိမ့်မည်။ ဤသို့ဖြင့် သင်တို့ကို အပြစ်တင်နေကြသော အစ္စရေးအမျိုးသားတို့မြည်တွန်တောက်တီးသောအသံကို ငါရပ်စဲစေမည်”ဟု မိန့်တော်မူ၏။
သင်သည် အာရုန်နှင့်သူ၏သားတို့ကို ခန့်အပ်ရမည်။ သူတို့သည် သူတို့၏ယဇ်ပုရောဟိတ်အရိုက်အရာကို စောင့်ထိန်းရမည်။ မဆိုင်သောသူချဉ်းကပ်လျှင် အသတ်ခံရမည်”ဟု မိန့်တော်မူ၏။
ဆိုးညစ်သောသူတို့နှင့် လိမ်လည်လှည့်ဖြားသောသူတို့သည် သူတစ်ပါးကိုလှည့်ဖြားလျက် လှည့်ဖြားခြင်းကိုလည်းခံရလျက် ပို၍ဆိုးရွားသောအဖြစ်သို့ ကျဆင်းသွားကြလိမ့်မည်။
မိက္ခာသည် ထိုလေဝိလူငယ်ကို ယဇ်ပုရောဟိတ်အဖြစ် ခန့်အပ်ထားသဖြင့် သူသည် မိက္ခာ၏အိမ်၌နေထိုင်လေ၏။
ထိုသူ မိက္ခာ၌ ဘုရားဝတ်ကျောင်းရှိ၏။ သူသည် ဧဖုဒ်နှင့်တေရပ်ရုပ်တုများကို သွန်းလုပ်ပြီးလျှင် မိမိသားတစ်ယောက်ကို ယဇ်ပုရောဟိတ်အဖြစ်ခန့်ထား၏။