အကျွန်ုပ်ကိုယ်တိုင် ဤနေရာသို့လာ၍ မျက်စိဖြင့်မမြင်ရမီအထိ ဤသတင်းကို မယုံကြည်ခဲ့ပါ။ အကျွန်ုပ်ကြားသိထားသောအရာသည် ထက်ဝက်မျှပင်မရှိပါ။ မင်းကြီး၏ဉာဏ်ပညာနှင့် စည်းစိမ်များသည် အကျွန်ုပ်ကြားသိရသည်ထက် သာလွန်နေပါသည်တကား။
၃ ရာ 10:8 - မြန်မာ့စံမီသမ္မာကျမ်း မင်းကြီးထံခစားရသောသူတို့သည် မင်္ဂလာရှိလှပါသည်တကား။ ရှေ့တော်တွင် အစဉ်အမှုထမ်းရပြီး မင်းကြီး၏ပညာစကားကို ကြားနာရသောသူတို့သည် မင်္ဂလာရှိလှပါသည်တကား။ Common Language Bible အဆွေတော်၏မိဖုရားများသည်အလွန်မင်္ဂ လာရှိကြပါသည်တကား။ အဆွေတော်၏ အပါးတော်တွင်အစဉ်ခစားလျက် အဆွေ တော်၏ထံမှဉာဏ်ပညာနှင့်ယှဉ်သောစကား များကိုကြားရသူအဆွေတော်၏အစေခံ များသည်လည်း အလွန်မင်္ဂလာရှိကြပါသည် တကား။- Garrad Bible အ ပါး တော် တွင် အ မြဲ ခ စား လျက် ပ ညာ တော် ကို နာ ယူ ရ သော အ ကြည် တော် ၏ အ မှု ထမ်း၊ ကျေး ကျွန် သင်း ပင်း တို့ သည် သာ ယာ ကြ လေ စွ။ Judson Bible ရှေ့တော်၌အစဉ်နေ၍ ပညာတော်ကိုကြားရသော ကိုယ်တော်၏လူ၊ ကိုယ်တော်၏ကျွန်တို့သည် မင်္ဂလာရှိကြပါ၏။ |
အကျွန်ုပ်ကိုယ်တိုင် ဤနေရာသို့လာ၍ မျက်စိဖြင့်မမြင်ရမီအထိ ဤသတင်းကို မယုံကြည်ခဲ့ပါ။ အကျွန်ုပ်ကြားသိထားသောအရာသည် ထက်ဝက်မျှပင်မရှိပါ။ မင်းကြီး၏ဉာဏ်ပညာနှင့် စည်းစိမ်များသည် အကျွန်ုပ်ကြားသိရသည်ထက် သာလွန်နေပါသည်တကား။
ထို့နောက် ရောဗောင်မင်းကြီးသည် ခမည်းတော်ရှောလမုန်မင်းကြီးအသက်ရှင်စဉ်က ရှေ့တော်၌ခစားသူများဖြစ်သည့် သက်ကြီးဝါကြီးများအား “သင်တို့ မည်သို့အကြံပေးမည်နည်း။ ဤလူတို့အား မည်သို့ပြန်ပြောရမည်နည်း”ဟု တိုင်ပင်မေးမြန်းရာ
ဖြောင့်မတ်သောသူ၏နှုတ်ခမ်းသည် များစွာသောသူတို့ကို ကျွေးမွေးတတ်၏။ ဆိုးမိုက်သောသူတို့မူကား အသိစိတ်မရှိသောကြောင့် သေကြလိမ့်မည်။
ပညာရှိသောသူတို့နှင့်အတူ လျှောက်လှမ်းသောသူသည် ပညာရှိလာလိမ့်မည်။ မိုက်မဲသောသူတို့နှင့်အတူပေါင်းဖော်သောသူမူကား ဒုက္ခရောက်လိမ့်မည်။
မိမိအလုပ်တွင် ကျွမ်းကျင်သောသူကို သင်မြင်သလော။ ထိုသူသည် ရှင်ဘုရင်တို့ရှေ့မှောက်၌ ခစားရလိမ့်မည်။ သာမန်လူတို့ရှေ့၌ ခစားရလိမ့်မည်မဟုတ်။
ငါ့စကားကိုနားထောင်၍ ငါ့တံခါးတို့အနားတွင် နေ့စဉ်နေ့တိုင်းစောင့်ကြည့်လျက် ငါ့တံခါးတိုင်တို့အနားတွင် စောင့်မျှော်လျက်နေသောသူသည် မင်္ဂလာရှိ၏။
ငါမူကား မိဇပါမြို့တွင်နေထိုင်ပြီး ငါတို့ထံရောက်လာမည့် ခါလဒဲလူမျိုးတို့ကို ရင်ဆိုင်ပေးမည်။ သင်တို့မူကား စပျစ်ဝိုင်မှစ၍ နွေရာသီသီးနှံ၊ ဆီတို့ကို စုသိမ်းပြီး အိုးများ၌ သိုထားကြလော့။ သင်တို့ရထားသောမြို့တို့တွင် နေထိုင်ကြလော့”ဟု ဆိုလေ၏။
သို့ရာတွင် ကိုယ်တော်က“စင်စစ်ကား ဘုရားသခင်၏နှုတ်ကပတ်တရားကိုကြား၍ စောင့်ထိန်းသောသူသည် မင်္ဂလာရှိ၏”ဟု မိန့်တော်မူ၏။
တရားစီရင်တော်မူသည့်အခါ တောင်အရပ်မှဘုရင်မသည် ဤမျိုးဆက်လူတို့နှင့်အတူထမြောက်လျက် ဤမျိုးဆက်၏အပြစ်ကိုထင်ရှားစေလိမ့်မည်။ အကြောင်းမူကား သူသည် ရှောလမုန်၏ဉာဏ်ပညာစကားကိုနားထောင်ရန် မြေကြီးအစွန်အဖျားမှလာ၏။ ကြည့်ရှုလော့။ ဤအရပ်၌ ရှောလမုန်ထက်ကြီးမြတ်သောသူရှိ၏။