လင်းယုန်ငှက်ထက် လျင်မြန်ပြီး ခြင်္သေ့ထက် ခွန်အားကြီးသော၊ ချစ်ခင်နှစ်သက်ရပါသော ရှောလုနှင့် ယောနသန်တို့သည် ရှင်အတူ သေမကွာပါတကား။
၂ ရာ 2:18 - မြန်မာ့စံမီသမ္မာကျမ်း ဇေရုယာ၏သားသုံးယောက်ဖြစ်သော ယွာဘ၊ အဘိရှဲနှင့် အာသဟေလတို့သည်လည်း ထိုတိုက်ပွဲတွင် ပါဝင်၏။ အာသဟေလသည် တောဒရယ်တစ်ကောင်ကဲ့သို့ အပြေးမြန်သူဖြစ်၏။ Common Language Bible ဇေရုယာ၏သားသုံးယောက်ဖြစ်ကြသောယွာဘ၊ အဘိရှဲနှင့်အာသဟေလတို့သည်တိုက်ပွဲတွင် ပါဝင်ကြ၏။ အာသဟေလသည်ဒရယ်ကဲ့သို့ လျင်မြန်စွာပြေးနိုင်၏။ သူသည်အာဗနာအား တသမတ်တည်းလိုက်လျက်နေ၏။- Garrad Bible ဇေ ရု ယာ့ သား ယွာဘ၊ အ ဘိ ရှဲ၊ အာ သ ဟေ လ၊ သုံး ယောက် လုံး ပါ ကြ ၏။ အာ သ ဟေ လ သည် တော ဒ ရယ် ကဲ့ သို့ လျင် မြန် သူ ဖြစ်၍ အာ ဗ နာ ကို လိုက် လံ ရာ တွင် Judson Bible ဇေရုယာသားသုံးယောက်၊ ယွာဘ၊ အဘိရှဲ၊ အာသဟေလ ပါကြ၏။ အာသဟေလသည် တော၌ကျင်လည်သောဒရယ်ကဲ့သို့ လျင်မြန်၏။ |
လင်းယုန်ငှက်ထက် လျင်မြန်ပြီး ခြင်္သေ့ထက် ခွန်အားကြီးသော၊ ချစ်ခင်နှစ်သက်ရပါသော ရှောလုနှင့် ယောနသန်တို့သည် ရှင်အတူ သေမကွာပါတကား။
အာသဟေလသည် အာဗနာနောက်သို့ လိုက်လေ၏။ သူသည် ဝဲယာမယိမ်းဘဲ အာဗနာနောက်သို့ တစိုက်မတ်မတ်လိုက်လေ၏။
ငါ၏ခြေကို သမင်ခြေကဲ့သို့ဖြစ်စေ၍ မြင့်သောနေရာတို့၌ ငါ့ကိုရပ်စေတော်မူ၏။
ယွာဘ၏ညီ အာသဟေလသည် စစ်သူရဲအယောက်သုံးဆယ်တွင် တစ်ဦးအပါအဝင်ဖြစ်၏။ ဗက်လင်မြို့သား ဒေါဒေါ၏သား ဧလဟာနန်၊
ယခု ဇေရုယာ၏သားယွာဘသည် ငါ့အား မည်သို့ပြုခဲ့သည်ကိုလည်းကောင်း၊ အစ္စရေးစစ်သူကြီးနှစ်ဦးဖြစ်သော နေရ၏သားအာဗနာနှင့် ယေသာ၏သားအာမသတို့အား မည်သို့ပြုခဲ့သည်ကိုလည်းကောင်း သင်သိ၏။ သူသည် တိုင်းပြည်အေးချမ်းချိန်တွင်ပင် ထိုသူတို့ကို တိုက်ခိုက်သတ်ဖြတ်ပြီး သူ့ခါးမှခါးဝတ်တန်ဆာ၊ သူ့ခြေမှခြေနင်းတို့ကို စစ်သွေးစွန်းစေခဲ့၏။
အခြားရဲစွမ်းသတ္တိရှိသောစစ်သူရဲများမှာ ယွာဘ၏ညီ အာသဟေလ၊ ဗက်လင်မြို့သား ဒေါဒေါ၏သား ဧလဟာနန်၊
ဂဒ်အမျိုးအချို့တို့သည် တောကန္တာရရှိ ဒါဝိဒ်ခိုလှုံရာနေရာသို့ လာရောက်ပူးပေါင်းကြ၏။ သူတို့သည် ဒိုင်းလွှား၊ လှံတို့ကို ကိုင်ဆောင်နိုင်ပြီး ရဲစွမ်းသတ္တိရှိ၍ စစ်ရေးလေ့ကျင့်ထားသောသူများ၊ ခြင်္သေ့ကဲ့သို့ရဲရင့်သောမျက်နှာရှိ၍ တောင်ပေါ်သမင်ကဲ့သို့ လျင်မြန်သူများ ဖြစ်ကြ၏။
စတုတ္ထလတွင် တာဝန်ထမ်းဆောင်ရသောစတုတ္ထတပ်မှူးမှာ ယွာဘ၏ညီ အာသဟေလဖြစ်၏။ သူမရှိတော့သည့်နောက်တွင် သူ့သား ဇေဗဒိက ဆက်၍ တာဝန်ထမ်းဆောင်၏။ သူ့တပ်ဖွဲ့တွင်လည်း လူအယောက်နှစ်သောင်းလေးထောင်ပါ၏။
ငါ၏ခြေကို သမင်တို့၏ခြေကဲ့သို့ဖြစ်စေ၍ မြင့်သောနေရာတို့၌ ငါ့ကိုရပ်စေတော်မူ၏။
တစ်ဖန် နေအောက်တွင် ငါပြန်၍တွေ့မြင်သည်ကား ပြိုင်ပွဲသည် လျင်မြန်သောသူတို့အတွက်သာမဟုတ်။ စစ်ပွဲသည် ခွန်အားကြီးသောသူတို့အတွက်သာမဟုတ်။ အစားအစာသည် ပညာရှိသောသူတို့အတွက်သာမဟုတ်။ ဓနဥစ္စာသည် အသိဉာဏ်ရှိသောသူတို့အတွက်သာမဟုတ်။ မျက်နှာရခြင်းသည်လည်း တတ်သိနားလည်သောသူတို့အတွက်သာမဟုတ်။ အကြောင်းမူကား အချိန်ကာလနှင့်အကြောင်းတိုက်ဆိုင်မှုသည် ထိုသူအားလုံးတို့၌ ရောက်လာတတ်၏။
အကျွန်ုပ်ချစ်သူ၊ နေ့မကျိုးမီ၊ အရိပ်တို့မကွယ်ပျောက်မီ ဗေသာတောင်ပေါ်မှ ဒရယ်ပျိုသဖွယ်၊ သမင်ပျိုသဖွယ် ပြန်လာခဲ့ပါ။
“အို အကျွန်ုပ်ချစ်သူ၊ အမွှေးနံ့သာတောင်ပေါ်မှ ဒရယ်ပျိုသဖွယ်၊ သမင်ပျိုသဖွယ် အပြေးလာပါလော့။”
အပြေးမြန်သူလည်း မပြေးနိုင်။ သန်မာသူလည်း ခွန်အားမထုတ်နိုင်။ စစ်သူရဲလည်း သူ့အသက် သူမကယ်နိုင်။
ဘုရားရှင်ထာဝရဘုရားသည် ငါ့ခွန်အား ဖြစ်တော်မူ၏။ ငါ၏ခြေတို့ကို သမင်၏ခြေကဲ့သို့ဖြစ်စေ၍ မြင့်မြတ်ကောင်းမွန်သောနေရာတို့၌ ငါ့ကို သွားလာစေတော်မူ၏။ (ဂီတမှူးအတွက်၊ ကြိုးတပ်တူရိယာသံစဉ်)။
ဒါဝိဒ်သည် ဟိတ္တိလူမျိုး အဟိမလက်နှင့် ဇေရုယာ၏သား၊ ယွာဘ၏ညီ အဘိရှဲတို့အား “ရှောလုတပ်စခန်းသို့ဆင်းသွားလျှင် ငါနှင့် မည်သူလိုက်မည်နည်း”ဟု မေးရာ အဘိရှဲက “အကျွန်ုပ် လိုက်ပါမည်”ဟု ဆို၏။