ထို့ကြောင့် ပရောဖက်နာသန်ကို စေလွှတ်တော်မူ၍ ထာဝရဘုရားကို အစွဲပြုပြီး သူ့ကို ယေဒိဒိ ဟုအမည်မှည့်ခေါ်စေ၏။
၂ ရာ 12:24 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ဒါဝိဒ်မင်းကြီးသည် မိဖုရားဗာသရှေဘအား နှစ်သိမ့်ပေး၍ သူ့ထံသို့ဝင်ပြီး သူနှင့်အိပ်လေ၏။ သူသည်လည်း သားကို မွေးဖွားပြီး ရှောလမုန် ဟုအမည်မှည့်ခေါ်၏။ ထာဝရဘုရားသည် ရှောလမုန်ကို ချစ်တော်မူ၏။ Common Language Bible ထိုနောက်ဒါဝိဒ်သည်သူ၏မိဖုရားဗာသ ရှေဘအား နှစ်သိမ့်စေပြီးနောက်သူနှင့်ကိုယ် လက်နှီးနှောမှုကိုပြု၏။ ဗာသရှေဘသည် လည်းသားယောကျာ်းလေးကိုဖွားမြင်လေ သည်။ ထိုသားကိုဒါဝိဒ်သည်ရှောလမုန်ဟု နာမည်မှည့်၏။ ထာဝရဘုရားသည်ထို သူငယ်ကိုချစ်မြတ်နိုးတော်မူသဖြင့်၊- Garrad Bible တစ် ဖန် ဒါ ဝိဒ် မင်း သည် ကြင် ဘက် ဗာ သ ရှေ ဘ ကို နှစ် သိမ့် စေ ရန် သူ့ ထံ သို့ ဝင်၍ ဆက် ဆံ ရာ သား ယောက်ျား ကို မီး ရှူး မြင် သော်၊ ရှော လ မုန် အ မည် ဖြင့် မှည့် လေ၏။ Judson Bible တစ်ဖန် ဒါဝိဒ်သည် ခင်ပွန်းဗာသရှေဘကို နှစ်သိမ့်စေသဖြင့်၊ သူ့ထံသို့ဝင်၍ ဆက်ဆံလေ၏။ သူသည်လည်း သားယောက်ျားကို ဖွားမြင်၍ ရှောလမုန်အမည်ဖြင့် အဘမှည့်လေ၏။ |
ထို့ကြောင့် ပရောဖက်နာသန်ကို စေလွှတ်တော်မူ၍ ထာဝရဘုရားကို အစွဲပြုပြီး သူ့ကို ယေဒိဒိ ဟုအမည်မှည့်ခေါ်စေ၏။
ဂျေရုဆလင်မြို့တွင် ဒါဝိဒ်မင်းကြီးရသောသားတော်များ၏အမည်မှာ ရှမွာ၊ ရှောဗပ်၊ နာသန်၊ ရှောလမုန်၊
သင်သည် သက်တမ်းစေ့နေပြီးမှ ဘိုးဘေးတို့နှင့်အတူ အိပ်ပျော်သောအခါ သင့်ရင်သွေးဖြစ်သော သင့်သားဦးတစ်ဦးကို ငါချီးမြှောက်မည်။ သူ့နိုင်ငံကိုလည်း ငါတည်မြဲစေမည်။
သို့သော် ပရောဖက်နာသန်၊ ဗေနာယ၊ စစ်သူရဲများနှင့် သူ့ညီရှောလမုန်တို့ကိုမူ မဖိတ်ခေါ်ပေ။
နာသန်သည် ရှောလမုန်၏မယ်တော်ဗာသရှေဘအား “အကျွန်ုပ်တို့၏သခင်ဒါဝိဒ်မင်းကြီးမသိဘဲ ဟဂ္ဂိတ်၏သားအဒေါနိယသည် ကိုယ့်ကိုယ်ကိုယ်မင်းမြှောက်လိုက်ကြောင်းကို သင်မကြားသလော။
ထို့နောက် ဒါဝိဒ်မင်းကြီးသည် လူထုတစ်ရပ်လုံးအား “ဘုရားသခင်ရွေးချယ်တော်မူသောငါ့သားရှောလမုန်သည် ငယ်ရွယ်၍ အတွေ့အကြုံမရှိသေး။ သို့သော် သူလုပ်ဆောင်ရမည့်အလုပ်မှာ ကြီးမြတ်လှ၏။ သူဆောက်လုပ်ရမည့်ဗိမာန်တော်သည် လူအဖို့မဟုတ်၊ ဘုရားသခင်ထာဝရဘုရားအဖို့ ဖြစ်၏။
ဂျေရုဆလင်မြို့တွင် ရသောသားများမှာ အမျေလ၏သမီးဗာသရှုအာနှင့်ရသောရှိမာ၊ ရှောဗပ်၊ နာသန်၊ ရှောလမုန် ပေါင်းလေးယောက်အပြင်
အစ္စရေးဘုရင်ရှောလမုန်မင်းကြီးသည်လည်း ဤနည်းဖြင့် အပြစ်ပြုခဲ့သည်မဟုတ်လော။ တိုင်းနိုင်ငံများတွင် သူနှင့်တူသောဘုရင်မရှိ။ ဘုရားသခင်သည် သူ့ကိုချစ်တော်မူ၍ အစ္စရေးလူမျိုးအားလုံးတို့၏ဘုရင်အဖြစ် သူ့ကိုခန့်ထားတော်မူ၏။ သို့သော် သူသည် တစ်ပါးအမျိုးသားမိန်းမပျိုတို့အားဖြင့် အပြစ်ကျူးလွန်ခဲ့၏။
ငါသည် ငါ့ဖခင်အတွက် သားတစ်ဦးဖြစ်ပြီး ငါ့မိခင်ရှေ့၌ နုနယ်သည့်တစ်ဦးတည်းသောသားဖြစ်စဉ်က
ယေရှဲသည် သားဒါဝိဒ်မင်းကြီးကိုရ၏။ ဒါဝိဒ်သည် ဥရိယ၏မယားအားဖြင့် သားရှောလမုန်ကိုရ၏။
ဗင်္ယာမိန်အမျိုးကိုကား၊ ထာဝရဘုရားချစ်တော်မူသောဗင်္ယာမိန်သည် အထံတော်၌ လုံခြုံစွာနေရပါစေသော။ ကိုယ်တော်သည် သူ့ကိုအစဉ်အမြဲကွယ်ကာတော်မူ၍ သူ၏ပခုံးပေါ်တွင် ကိန်းဝပ်တော်မူပါစေသော။