ရေအနည်းငယ်ယူခဲ့ပါရစေ။ အရှင်တို့၏ခြေကိုဆေးပြီး ဤသစ်ပင်အောက်၌နားကြပါ။
၂ ရာ 11:8 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ဒါဝိဒ်မင်းကြီးက ဥရိယအား “သင့်အိမ်သို့ပြန်သွားပြီး ခြေဆေးပါ”ဟု မိန့်ဆိုသဖြင့် ဥရိယလည်း ဘုရင့်နန်းတော်မှထွက်သွား၏။ ရှင်ဘုရင်က သူ့အဖို့ စားကောင်းသောက်ဖွယ်များလည်း ပေးလိုက်သေး၏။ Common Language Bible ထိုနောက်မင်းကြီးသည်ဥရိယအား``အိမ်သို့ ပြန်၍ခေတ္တနားနေလော့'' ဟုဆို၏။ ဥရိယ ထွက်ခွာသွားသောအခါ ဒါဝိဒ်သည်သူ၏ အိမ်သို့လက်ဆောင်တစ်ခုပေးပို့လိုက်၏။- Garrad Bible သင့် အိမ် သို့ သွား၍ ခြေ ဆေး လော့ ဟု မိန့် ဆို သည့် အ တိုင်း ဥရိ ယ သည် နန်း တော် မှ ထွက် သွား ပြီး နောက် ပွဲ တော် စာ ကို ပို့ လိုက် သော် လည်း အိမ် သို့ မ ပြန် ဘဲ Judson Bible သင့်အိမ်သို့သွား၍ ခြေဆေးလော့ဟု မိန့်တော်မူသည်အတိုင်း၊ ဥရိယသည် နန်းတော်မှထွက်၍ သူနောက်မှ ခဲဖွယ်စားဖွယ်ကို ရှင်ဘုရင်ပေးလိုက်လေ၏။ |
ရေအနည်းငယ်ယူခဲ့ပါရစေ။ အရှင်တို့၏ခြေကိုဆေးပြီး ဤသစ်ပင်အောက်၌နားကြပါ။
“အကျွန်ုပ်၏သခင်တို့၊ သခင်တို့၏အစေအပါးအိမ်သို့လိုက်ခဲ့၍ ညအိပ်နားကြပါ။ သခင်တို့၏ခြေကိုလည်းဆေးနိုင်ပါသည်။ စောစောထပြီးမှလည်း ခရီးဆက်နိုင်ပါသည်”ဟု ဆိုလေ၏။ သူတို့ကလည်း “မလိုက်တော့ပါ။ ငါတို့သည် ဤကွင်းပြင်၌ ညအိပ်နားမည်”ဟု ဆိုကြ၏။
အိမ်ထိန်းသည် သူတို့ကိုယောသပ်အိမ်ထဲသို့ခေါ်ဆောင်သွားပြီးမှ ရေပေး၍ သူတို့သည် ခြေဆေးကြ၏။ သူတို့၏မြည်းများကိုလည်း အစာကျွေး၏။
ယောသပ်သည် မိမိစားပွဲမှအစားအစာများကို ညီအစ်ကိုတို့ထံသို့ပေးလိုက်၏။ ဗင်္ယာမိန်ရသောအစားအစာသည် အစ်ကိုအသီးသီးတို့ထက် ငါးဆများ၏။ သူတို့သည် ယောသပ်နှင့်အတူ စားသောက်ပျော်ပါးကြ၏။
လူတို့သည် မိမိ၏အိမ်နီးချင်းတို့ကို မဟုတ်မမှန်ပြောဆိုကြပါ၏။ မြှောက်ပင့်တတ်သောနှုတ်ခမ်းနှင့် နှစ်ခွသောစိတ်ဖြင့် ပြောဆိုကြပါ၏။
ဘုရားသခင်သည် ထိုအမှုကို မစစ်ကြောဘဲနေတော်မူမည်လော။ အကြောင်းမူကား ကိုယ်တော်သည် စိတ်နှလုံး၏လျှို့ဝှက်ချက်များကို သိတော်မူ၏။
သူ၏နှုတ်သည် ထောပတ်ကဲ့သို့ညက်ညောသော်လည်း သူ၏စိတ်နှလုံး၌ စစ်မက်ရှိ၏။ သူ၏စကားတို့သည် ဆီထက်ချောမွတ်သော်လည်း ဆွဲထုတ်ထားသောဓားများဖြစ်ကြ၏။
ထာဝရဘုရားမသိအောင် မိမိတို့အကြံအစည်ကို အစွမ်းကုန်ဖုံးကွယ်၍ မိမိတို့၏အမှုကို မှောင်မိုက်ထဲ၌ပြုလျက် “ငါတို့ကိုမည်သူမြင်မည်နည်း။ မည်သူသိမည်နည်း”ဟု ပြောဆိုသောသူတို့သည် အမင်္ဂလာရှိကြ၏။
ဖုံးအုပ်ထားသည့်အရာများတွင် ဖွင့်ပြခြင်းမခံရမည့်အရာတစ်စုံတစ်ခုမျှမရှိ။ ကွယ်ဝှက်ထားသောအရာများတွင် ဖော်ပြခြင်းမခံရမည့်အရာလည်း တစ်စုံတစ်ခုမျှမရှိ။
ထို့နောက် အမျိုးသမီးဘက်သို့လှည့်တော်မူ၍ ရှိမုန်အား“ဤအမျိုးသမီးကိုမြင်သလော။ ငါသည် သင်၏အိမ်သို့ဝင်စဉ် သင်သည် ငါ့အတွက်ခြေဆေးရေကိုမပေး။ သို့သော် သူသည် မျက်ရည်ဖြင့် ငါ့ခြေကိုစိုစေ၍ မိမိဆံပင်ဖြင့်သုတ်ပေး၏။
ဖန်ဆင်းတော်မူသောအရာတို့တွင် ကိုယ်တော်၏ရှေ့မှောက်၌ မထင်ရှားသောအရာတစ်စုံတစ်ခုမျှမရှိ။ အရာခပ်သိမ်းတို့သည် ကိုယ်တော်၏မျက်မှောက်၌ အကွယ်အကာမဲ့လျက် ဟင်းလင်းပွင့်နေ၏။ ငါတို့သည် ထိုအရှင်ထံ၌ ဖြေရှင်းချက်ပေးကြရမည်။