သူသည် အာဟပ်မင်းကြီး၏သမီးတော်ကို မိဖုရားမြှောက်ထား၍ အာဟပ်မင်းမျိုးမင်းနွယ်ကဲ့သို့ပင် အစ္စရေးဘုရင်တို့လျှောက်သောလမ်းအတိုင်း လိုက်လျှောက်ပြီး ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြုလေ၏။
၂ ရာချုပ် 28:2 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးဘုရင်တို့ လျှောက်သောလမ်းအတိုင်း လိုက်လျှောက်ခဲ့၏။ ဗာလရုပ်တုများကိုလည်း သွန်းလုပ်၏။ Common Language Bible ဣသရေလဘုရင်တို့၏လမ်းစဉ်ကိုလိုက်၏။ သူသည်ဗာလဘုရား၏ရုပ်တုများကို သွန်းလုပ်စေ၍၊- Garrad Bible ဣ သ ရေ လ ဘု ရင် တို့ နည်း လမ်း အ တိုင်း လိုက် လျှောက် လျက်၊ ဗာ လ နတ် ရုပ် များ ကို သွန်း လုပ် လေ ၏။ Judson Bible ဣသရေလရှင်ဘုရင်တို့ လိုက်သောလမ်းသို့လိုက်၍၊ ဗာလဘုရားတို့အဖို့ ရုပ်တုဆင်းတုများကို သွန်းလေ၏။ |
သူသည် အာဟပ်မင်းကြီး၏သမီးတော်ကို မိဖုရားမြှောက်ထား၍ အာဟပ်မင်းမျိုးမင်းနွယ်ကဲ့သို့ပင် အစ္စရေးဘုရင်တို့လျှောက်သောလမ်းအတိုင်း လိုက်လျှောက်ပြီး ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြုလေ၏။
သူသည် ခမည်းတော်ဟေဇကိမင်းကြီး ဖြိုဖျက်ခဲ့သည့် အထွတ်အမြတ်ထားရာနေရာတို့ကို ပြန်လည်တည်ဆောက်၏။ ဗာလယဇ်ပလ္လင်များကို တည်၍ အာရှရနတ်ဘုရားမတံခွန်တိုင်တို့ကိုလည်း စိုက်ထူ၏။ ကောင်းကင်တန်ဆာရှိသမျှတို့ကိုလည်း ရှိခိုးကိုးကွယ်၏။
သူတို့ပြည်သည် ရုပ်တုများနှင့်ပြည့်၍ သူတို့သည် မိမိတို့လက်ဖြင့်လုပ်သောအရာ၊ မိမိတို့လက်ချောင်းများဖြင့် ပြုလုပ်သောအရာတို့ကို ရှိခိုးကိုးကွယ်ကြ၏။
ပြည်သူပြည်သားတို့သည် ငါ့ကိုစွန့်ပယ်၍ အခြားဘုရားများအား နံ့သာပေါင်းမီးရှို့ပူဇော်လျက် မိမိတို့လက်ဖြင့်လုပ်သောအရာများကို ရှိခိုးကိုးကွယ်သောကြောင့် ငါသည် သူတို့၏မကောင်းမှုအားလုံးအတွက် တရားစီရင်ချက်ကို ချမှတ်ကြေညာမည်”ဟု မိန့်တော်မူ၏။
ငါမမိန့်မှာခဲ့၊ စိတ်ပင်မကူးခဲ့ဘဲလျက် ရွံရှာဖွယ်အမှုဖြစ်သည့် ဗင်ဟိန္နုံချိုင့်ဝှမ်း၌ ဗာလကုန်းမြင့်ကိုတည်ခြင်း၊ သူတို့၏သားသမီးများကို မောလုတ်ဘုရားအားပူဇော်ခြင်းကို ပြုကြ၏။ ဤသို့ဖြင့် ယုဒအမျိုးတို့ကို အပြစ်ဖြစ်စေကြပြီ’ဟု မိန့်တော်မူ၏။
သူသည် ဗာလဘုရားပွဲနေ့များ၌ နံ့သာပေါင်းကိုမီးရှို့၍ နှာကွင်းနှင့် လက်ဝတ်ရတနာကိုဆင်မြန်းလျက် ချစ်သူများနောက်သို့လိုက်ပြီး ငါ့ကိုမေ့လျော့သည့်အတွက် သူ့အား ငါဒဏ်ခတ်မည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ဗာလဘုရား၏အမည်နာမတို့ကို သူ့နှုတ်မှ ငါဖယ်ရှားပစ်မည်။ ထိုနာမည်တို့ကို သတိရတော့မည်မဟုတ်။
သင်တို့သည် ရုပ်တုများဘက်သို့ မလှည့်ရ။ ဘုရားအများတို့၏ရုပ်တုကို သင်တို့အဖို့ မသွန်းလုပ်ရ။ ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။
ဤအရာအလုံးစုံတို့သည် ယာကုပ်အမျိုးအနွယ်၏ပုန်ကန်မှု၊ အစ္စရေးအမျိုးအနွယ်၏အပြစ်ကျူးလွန်မှုကြောင့် ဖြစ်၏။ ယာကုပ်၏ပုန်ကန်မှုကား အဘယ်အရာနည်း။ ရှမာရိမြို့မဟုတ်လော။ ယုဒ၏အထွတ်အမြတ်ထားရာကား အဘယ်အရာနည်း။ ဂျေရုဆလင်မြို့မဟုတ်လော။
အစ္စရေးအမျိုးသားတို့သည် ထာဝရဘုရားမျက်မှောက်တော်တွင် မကောင်းမှုကို ပြုကြ၏။ ဗာလဘုရားကို ဝတ်ပြုကြ၏။
သူတို့သည် ထာဝရဘုရားကို စွန့်၍ ဗာလဘုရားနှင့် အာရှတရက်ဘုရားတို့ကို ဝတ်ပြုကြ၏။