ယဟောရှမင်းကြီးသည် ယဇ်ပုရောဟိတ်ယောယဒသွန်သင်သည့်ကာလပတ်လုံး ထာဝရဘုရားရှေ့တော်တွင် ဖြောင့်မှန်စွာပြုကျင့်၏။
၂ ရာချုပ် 24:2 - မြန်မာ့စံမီသမ္မာကျမ်း ယောရှမင်းကြီးသည် ယဇ်ပုရောဟိတ်ယောယဒအသက်ရှင်သမျှကာလပတ်လုံး ထာဝရဘုရားရှေ့တော်တွင် ဖြောင့်မှန်စွာပြုကျင့်၏။ Common Language Bible သူသည်ယဇ်ပုရောဟိတ်ယောယဒအသက် ရှင်သမျှကာလပတ်လုံး ထာဝရဘုရား နှစ်သက်တော်မူသောအမှုကိုပြု၏။- Garrad Bible ယော ရှ မင်း သည်၊ ပ ရော ဟိတ် ယော ယ ဒ၏ အ သက် ကာ လ ပတ် လုံး၊ ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် ဖြောင့် မှန် စွာ ပြု ကျင့် လေ့ ရှိ ၏။ Judson Bible ယဇ်ပုရောဟိတ် ယောယဒလက်ထက် ကာလပတ်လုံး၊ ယောရှသည် ထာဝရဘုရားရှေ့တော်၌ တရားသောအမှုကိုပြု၏။ |
ယဟောရှမင်းကြီးသည် ယဇ်ပုရောဟိတ်ယောယဒသွန်သင်သည့်ကာလပတ်လုံး ထာဝရဘုရားရှေ့တော်တွင် ဖြောင့်မှန်စွာပြုကျင့်၏။
ယောယဒသည် ယောရှမင်းကြီးအတွက် မိဖုရားနှစ်ပါးကို ရွေးချယ်ပေးပြီး သားတော်သမီးတော်များကို ရလေ၏။
သူသည် ထာဝရဘုရားရှေ့တော်တွင် ဖြောင့်မတ်စွာပြုကျင့်သော်လည်း စိတ်နှလုံးအကြွင်းမဲ့နှင့်မဟုတ်ချေ။
ဘုရားရှင်ကလည်း “ဤလူမျိုးသည် နှုတ်ဖြင့် ချဉ်းကပ်၍ နှုတ်ခမ်းဖြင့် ငါ့ကိုဂုဏ်ပြုချီးမွမ်းကြ၏။ သူတို့၏စိတ်နှလုံးမူကား ငါနှင့်ဝေးလှ၏။ သူတို့သည် လူတို့သွန်သင်သောပညတ်ချက်အရ ငါ့ကို ကြောက်ရွံ့ကြ၏။
‘ဖြောင့်မတ်သောသူသည် ဖြောင့်မတ်ရာလမ်းမှလွဲ၍ ဆိုးယုတ်သောသူတို့ကဲ့သို့ မတရားမှု၊ စက်ဆုပ်ရွံရှာဖွယ်အမှုတို့ကို ပြုလျှင် သူသည် အသက်ချမ်းသာရာရမည်လော။ သူပြုခဲ့သောဖြောင့်မတ်ခြင်းအမှုတို့ကို အမှတ်ရမည်မဟုတ်။ သူသည် ဖောက်ပြန်၍ အပြစ်ပြုသောကြောင့် သေရမည်။