ရောဗောင်မင်းကြီးသည် ထာဝရဘုရားကို ရှာလိုသောစိတ်မရှိဘဲ မကောင်းမှုများကိုသာ ပြုခဲ့၏။
၂ ရာချုပ် 20:33 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် အထွတ်အမြတ်ထားရာနေရာများကို မဖယ်ရှားခဲ့။ လူတို့သည်လည်း မိမိတို့ဘိုးဘေးတို့၏ဘုရားသခင်ထံ စိတ်နှလုံးကို မအပ်နှံဘဲနေကြသေး၏။ Common Language Bible သို့ရာတွင်ရုပ်တုကိုးကွယ်ရာဌာနများကို မဖြိုဖျက်။ ပြည်သူတို့သည်မိမိတို့ဘိုးဘေး များ၏ဘုရားသခင်ထာဝရဘုရားအား စိတ် ပါလက်ပါကိုးကွယ်ဝတ်ပြုမှုကိုမပြုကြ သေးပေ။ Garrad Bible မြင့် ရာ ဌာ န များ ကို ကား၊ မ စွန့် မ ပယ်။ ပြည် သူ ပြည် သား တို့ လည်း၊ ဘိုး ဘေး တို့ ဘု ရား သ ခင် ကို စွဲ လမ်း သော စိတ် မ ရှိ ကြ သေး။ Judson Bible သို့ရာတွင်၊ မြင့်သောအရပ်တို့ကို မပယ်ရှား။ လူများတို့သည် ဘိုးဘေးတို့၏ ဘုရားသခင်ကို ဆည်းကပ်ခြင်းငှာ၊ သဘောမချဘဲ နေကြသေး၏။ |
ရောဗောင်မင်းကြီးသည် ထာဝရဘုရားကို ရှာလိုသောစိတ်မရှိဘဲ မကောင်းမှုများကိုသာ ပြုခဲ့၏။
သူသည် တိုင်းတစ်ပါးဘုရားများ၏ယဇ်ပလ္လင်များနှင့် အထွတ်အမြတ်ထားရာနေရာများကို ဖယ်ရှားပစ်၏။ ကျောက်တိုင်များကို ချိုးဖျက်ပြီး အာရှရနတ်ဘုရားမတံခွန်တိုင်များကိုလည်း ခုတ်လှဲပစ်၏။
အာသမင်းကြီးသည် အစ္စရေးပြည်ရှိ အထွတ်အမြတ်ထားရာနေရာများကို မဖယ်ရှားခဲ့သော်လည်း သူအသက်ရှင်သမျှကာလပတ်လုံး သူ၏စိတ်နှလုံးသည် ပြည့်ဝစုံလင်ခြင်း ရှိလေ၏။
သူ၏စိတ်နှလုံးသည် ထာဝရဘုရား၏တရားလမ်းတို့၌ မွေ့လျော်၏။ ယုဒပြည်ရှိ အထွတ်အမြတ်ထားရာနေရာများ၊ အာရှရနတ်ဘုရားမတံခွန်တိုင်များကို ဖယ်ရှားပစ်ခဲ့၏။
သို့သော် မင်းကြီး၌ ကောင်းသောအရာ ရှိ၏။ မင်းကြီးသည် တိုင်းပြည်တွင်ရှိသော အာရှရနတ်ဘုရားမတံခွန်တိုင်တို့ကို ဖယ်ရှားပြီး ဘုရားသခင်ကိုရှာလိုသောစိတ်ရှိလေပြီ”ဟု သူ့အား ဆို၏။
ယောရှဖတ်မင်းကြီးသည် ခမည်းတော်အာသမင်းကြီးလျှောက်သောလမ်းအတိုင်း လိုက်လျှောက်၏။ ထိုလမ်းမှ လွဲမသွားဘဲ ထာဝရဘုရားရှေ့တော်၌ ဖြောင့်မှန်စွာပြုကျင့်၏။
ဤလူအပေါင်းတို့သည် သန့်ရှင်းရာဌာန၏သန့်ရှင်းခြင်းနည်းအတိုင်းမဟုတ်သော်လည်း သူတို့၏ဘိုးဘေးတို့ဘုရားသခင်ထာဝရဘုရားဖြစ်တော်မူသောဘုရားသခင်ကိုရှာရန် စိတ်ပိုင်းဖြတ်ထားသည်ဖြစ်၍ သူတို့၏အပြစ်ကို ဖြေလွှတ်တော်မူပါ”ဟု သူတို့အတွက် ဆုတောင်းပေးသောကြောင့်ဖြစ်၏။
သို့သော် လူတို့သည် အထွတ်အမြတ်ထားရာနေရာတို့၌ ဆက်လက်၍ယဇ်ပူဇော်ကြသော်လည်း မိမိတို့၏ဘုရားသခင်ထာဝရဘုရားကိုသာ ပူဇော်ကြ၏။
ထိုသို့ ပြင်းထန်သောစုံစမ်းမှုများ၊ ထူးဆန်းသောနိမိတ်လက္ခဏာများနှင့် အံ့ဩဖွယ်အမှုများကို သင်တို့မျက်စိဖြင့် တွေ့မြင်ခဲ့ပြီ။
သို့သော် ယနေ့ထိတိုင် ထာဝရဘုရားသည် သင်တို့အား နားလည်နိုင်သောစိတ်၊ မြင်နိုင်သောမျက်စိ၊ ကြားနိုင်သောနားတို့ကို ပေးတော်မမူ။
ထိုအခါ ရှမွေလက အစ္စရေးအမျိုးသားအပေါင်းတို့အား “သင်တို့သည် စိတ်နှလုံးအကြွင်းမဲ့ ထာဝရဘုရားထံတော်သို့ပြန်လာလိုလျှင် သင်တို့တွင်ရှိသောတိုင်းတစ်ပါးသားတို့၏ဘုရားများ၊ အာရှတရက်ဘုရားများကို ဖယ်ရှားရမည်။ ထာဝရဘုရားထံ၌သာ စိတ်အာရုံပြု၍ ကိုယ်တော်တစ်ပါးတည်းကိုသာ ဝတ်ပြုရမည်။ သို့ပြုလျှင် သင်တို့ကို ဖိလိတ္တိလူမျိုးတို့လက်မှ ကယ်နုတ်တော်မူလိမ့်မည်”ဟု ဆို၏။