ထို့နောက်မှ ထာဝရဘုရားသည် တိုက်ခိုက်လုယက်သောသူတို့လက်မှ သူတို့ကို ကယ်တင်ပေးမည့် တရားသူကြီးများကို ပေါ်ထွန်းစေတော်မူ၏။
၁ ရာ 7:15 - မြန်မာ့စံမီသမ္မာကျမ်း ရှမွေလသည် အသက်ရှင်သမျှကာလပတ်လုံး အစ္စရေးလူမျိုးတို့ကို စီရင်အုပ်ချုပ်လေ၏။ Common Language Bible ရှမွေလသည်အသက်ထက်ဆုံးဣသရေလ အမျိုးသားတို့အားအုပ်ချုပ်၏။- Garrad Bible ရှ မွေ လ သည် ဣ သ ရေလ လူ မျိုး ကို အ သက် ထက် ဆုံး အုပ် စိုး စီ ရင် လျက် Judson Bible ရှမွေလသည် တစ်သက်လုံး ဣသရေလအမျိုးကိုအုပ်စိုးလေ၏။ |
ထို့နောက်မှ ထာဝရဘုရားသည် တိုက်ခိုက်လုယက်သောသူတို့လက်မှ သူတို့ကို ကယ်တင်ပေးမည့် တရားသူကြီးများကို ပေါ်ထွန်းစေတော်မူ၏။
ထိုအခါ ရှမွေလက အစ္စရေးလူမျိုးအပေါင်းတို့အား “ကြည့်ရှုလော့။ သင်တို့စကား၊ သင်တို့ပြောသမျှကို ငါနားထောင်ပြီး သင်တို့ကို အုပ်စိုးမည့် ရှင်ဘုရင်ကို ငါတင်မြှောက်ပေးခဲ့ပြီ။
ထို့ကြောင့် ထာဝရဘုရားသည် ယေရုဗ္ဗာလ၊ ဗေဒန်၊ ယေဖသနှင့် ရှမွေလတို့ကိုစေလွှတ်၍ သင်တို့ဝန်းကျင်ရှိရန်သူတို့လက်မှ သင်တို့ကို ကယ်နုတ်တော်မူသဖြင့် သင်တို့သည် ဘေးကင်းလုံခြုံစွာနေရကြ၏။
ရှမွေလ ကွယ်လွန်သောအခါ အစ္စရေးလူမျိုးအားလုံး စုရုံး၍ သူ့အတွက် ငိုကြွေးမြည်တမ်းကြ၏။ ထို့နောက် ရာမမြို့ရှိ သူ့အိမ်တွင် သင်္ဂြိုဟ်ကြ၏။ ဒါဝိဒ်သည်လည်း ထ၍ ပါရန်တောကန္တာရသို့ ဆင်းသွား၏။
သူသည် နှစ်စဉ် ဗေသလမြို့၊ ဂိလဂါလမြို့၊ မိဇပါမြို့များသို့ လှည့်လည်သွားလာပြီး ထိုမြို့များရှိ အစ္စရေးလူမျိုးတို့ကို စီရင်အုပ်ချုပ်၏။
အစ္စရေးအမျိုးသားတို့သည်လည်း မိဇပါမြို့၌စုဝေးကြ၏။ ရေကိုခပ်ပြီး ထာဝရဘုရားရှေ့တော်၌သွန်းလောင်းကြ၏။ ထိုနေ့၌ အစာရှောင်ကြပြီး သူတို့က “အကျွန်ုပ်တို့သည် ထာဝရဘုရားကိုပြစ်မှားခဲ့ကြပြီ”ဟု ဝန်ခံကြ၏။ ဤသို့ဖြင့် ရှမွေလသည် မိဇပါမြို့၌ အစ္စရေးအမျိုးသားတို့ကို စီရင်အုပ်ချုပ်လေ၏။