၁ ရာ 30:23 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် ဒါဝိဒ်က သူတို့အား “ငါ့ညီအစ်ကိုတို့၊ ငါတို့အား ထာဝရဘုရားပေးသနားတော်မူသောအရာတို့ကို ဤသို့မပြုရ။ ထာဝရဘုရားသည် ငါတို့ကိုစောင့်ရှောက်တော်မူ၍ ငါတို့အား လာရောက်တိုက်ခိုက်သောဓားပြတို့ကိုလည်း ငါတို့လက်သို့ အပ်တော်မူပြီ။ Common Language Bible သို့သော်ဒါဝိဒ်က``ညီအစ်ကိုတို့၊ ထာဝရဘုရား ငါတို့အားပေးသနားတော်မူသောပစ္စည်းဥစ္စာများ ကိုသင်တို့ဤသို့မပြုရ။ ကိုယ်တော်သည်ငါတို့ အားဘေးမဲ့လုံခြုံစွာထားတော်မူ၍ ငါတို့မြို့ ကိုချင်းနင်းဝင်ရောက်တိုက်ခိုက်ခဲ့သူတို့အား နှိမ်နင်းနိုင်ခွင့်ပေးတော်မူ၏။- Garrad Bible ဒါ ဝိဒ် က၊ အို ညီ အစ် ကို တို့ ငါ တို့ ကို စောင့် ရှောက်၍ ရန် ဘက် တပ် ကို ငါ တို့ လက် တွင် သို့ အပ် နှင်း တော် မူ သော ထာ ဝ ရ ဘု ရား ထံ မှ ရ ရှိ သည့် အ ရာ များ နှင့် စပ် လျဉ်း၍ ထို သို့ သ ဘော မ ထား သင့်။ Judson Bible ဒါဝိဒ်ကလည်း၊ ငါ့ညီအစ်ကိုတို့ ငါတို့ကို စောင့်မ၍ ငါတို့ကိုတိုက်လာသော အလုံးအရင်းကို ငါတို့လက်သို့ အပ်တော်မူသော ထာဝရဘုရားပေးသနားတော်မူသော ဥစ္စာကို ထိုသို့မပြုရ။ |
ထို့ကြောင့် သူတို့သည် မိမိတို့ကွန်များထံ ယဇ်ပူဇော်၍ မိမိတို့ပိုက်များထံ နံ့သာပေါင်းကို ပူဇော်ကြ၏။ အကြောင်းမှာ ထိုအရာများအားဖြင့် သူတို့၏ဥစ္စာပြည့်စုံကြွယ်ဝကြပြီး စားစရာလည်း ပေါများ၏။
“ညီအစ်ကိုတို့နှင့်အဖတို့၊ ယခု သင်တို့ရှေ့၌ အကျွန်ုပ်ချေပပြောဆိုသောစကားကို နားထောင်ကြပါ”ဟု ဆို၏။
သတေဖန်က “ညီအစ်ကိုတို့နှင့်အဖတို့၊ နားထောင်ကြပါ။ ငါတို့အဖအာဗြဟံသည် ခါရန်မြို့၌မနေထိုင်မီ မက်ဆိုပိုတေးမီးယားပြည်၌ရှိစဉ် ဘုန်းကြီးတော်မူသောဘုရားသခင်သည် သူ့အားထင်ရှားလျက်
သင်သည် ဝလင်စွာစားရသောအခါ သင့်အားပေးတော်မူသည့် သာယာဝပြောသောပြည်အတွက် သင်၏ဘုရားသခင်ထာဝရဘုရားကို ကောင်းချီးထောမနာပြုရမည်။
ထိုအခါ သင့်စိတ်ထဲ၌ ‘ဤဥစ္စာပစ္စည်းကို ငါ့အစွမ်း၊ ငါ့ခွန်အားဖြင့် ငါရရှိခဲ့၏’ဟု ဆိုမိလိမ့်မည်။
ထို့ကြောင့် သင်၏ဘုရားသခင်ထာဝရဘုရားကိုသာ သင်အောက်မေ့ရမည်။ အကြောင်းမူကား ကိုယ်တော်သည် သင့်ဘိုးဘေးတို့အားကျိန်ဆိုတော်မူခဲ့သည့် မိမိပဋိညာဉ်ကို တည်စေရန် ယနေ့မြင်ရသည့်အတိုင်း ဥစ္စာပစ္စည်းရနိုင်သည့်အစွမ်းကို သင့်အား ပေးတော်မူသောအရှင်ဖြစ်တော်မူ၏။
အိမ်ရှင်အဖိုးအိုကလည်း သူတို့ရှိရာအိမ်ပြင်သို့ ထွက်လာ၍ “ညီအစ်ကိုတို့၊ ဆိုးညစ်သောအမှုကို မပြုကြပါနှင့်။ သူသည် အကျွန်ုပ်အိမ်သို့ ရောက်လာသောဧည့်သည် ဖြစ်ပါ၏။ ဤယုတ်ညံ့သောအမှုကို မပြုကြပါနှင့်။
ထာဝရဘုရားသည် ဆင်းရဲစေနိုင်၏။ ချမ်းသာစေနိုင်၏။ နိမ့်ကျစေနိုင်၏။ ချီးမြှောက်ပေးနိုင်၏။
သို့သော် ဒါဝိဒ်နှင့်အတူလိုက်သွားသောသူတို့ထဲမှ စိတ်ထားယုတ်ညံ့သေးသိမ်သူအပေါင်းတို့က “သူတို့သည် ငါတို့နှင့်အတူမလိုက်သောကြောင့် အကျွန်ုပ်တို့ ပြန်တိုက်ခိုက်လုယက်ယူလာသောပစ္စည်းတို့ကို သူတို့အား မပေးနိုင်။ သူတို့သည် သူတို့၏မယား၊ သားသမီးတို့ကိုသာခေါ်၍ ထွက်သွားပါစေ”ဟု ဆိုကြ၏။
ဤအမှုနှင့်ပတ်သက်၍ သင်တို့စကားကို မည်သူနားထောင်မည်နည်း။ စစ်တိုက်သွားသောသူရသောဝေစုအတိုင်း ပစ္စည်းစောင့်ကျန်ခဲ့သောသူကိုလည်း ညီတူညီမျှဝေစုခွဲဝေပေးရမည်”ဟု ဆို၏။
ထိုအခါ ဒါဝိဒ်က ထာဝရဘုရားအား “ထိုဓားပြတို့နောက်သို့ လိုက်ရပါမည်လော။ သူတို့ကို မီနိုင်ပါမည်လော”ဟု မေးလျှောက်လျှင် ထာဝရဘုရားက “လိုက်လော့။ အမှန်ပင်မီလိမ့်မည်။ လူတို့ကို အမှန်ပင်ကယ်တင်နိုင်လိမ့်မည်”ဟု မိန့်တော်မူ၏။