ရှောလုမင်းကြီး အနိစ္စရောက်ပြီးနောက် ဒါဝိဒ်သည် အာမလက်လူမျိုးတို့ကို တိုက်ခိုက်ချေမှုန်းရာမှ ပြန်လာ၍ ဇိကလတ်မြို့တွင် နှစ်ရက်နေပြီး
၁ ရာ 30:17 - မြန်မာ့စံမီသမ္မာကျမ်း ဒါဝိဒ်သည် မှောင်ရီပျိုးချိန်မှစ၍ နောက်တစ်နေ့ နေဝင်ချိန်ထိ ထိုသူတို့ကို တိုက်ခိုက်ရာ ကုလားအုတ်စီး၍ ထွက်ပြေးသွားသောလူငယ်လေးရာမှလွဲ၍ ကျန်တစ်ဦးတစ်ယောက်မျှ မလွတ်ပေ။ Common Language Bible ဒါဝိဒ်သည်နောက်တစ်နေ့အရုဏ်တက်ချိန်မှအစ ပြု၍ညဥ့်ဦးတိုင်အောင် သူတို့အားတိုက်ခိုက်ရာ ကုလားအုတ်စီးသူလူငယ်လေးရာမှလွဲ၍ အခြားအဘယ်သူမျှထွက်မပြေးနိုင်ချေ။- Garrad Bible နောက် နံ နက် မိုး မ သောက် မီ က စ၍ ညဉ့် ဦး တိုင် အောင် ဒါ ဝိဒ် လုပ် ကြံ ရာ၊ ကု လား အုပ် စီး လျက် လက် လွတ် ထွက် ပြေး သော လု လင် ပျို လေး ရာ မှ တစ် ပါး တစ် ယောက် မျှ မ ထွက် မ လွတ် ချေ။ Judson Bible ဒါဝိဒ်သည်လည်း ညဉ့်ဦးမှစ၍ နက်ဖြန်ညဉ့်ဦးတိုင်အောင် သူတို့ကိုလုပ်ကြံသဖြင့်၊ ကုလားအုတ်ကို စီး၍ပြေးသော လုလင်လေးရာမှတစ်ပါး လူတစ်ယောက်မျှ မလွတ်။ |
ရှောလုမင်းကြီး အနိစ္စရောက်ပြီးနောက် ဒါဝိဒ်သည် အာမလက်လူမျိုးတို့ကို တိုက်ခိုက်ချေမှုန်းရာမှ ပြန်လာ၍ ဇိကလတ်မြို့တွင် နှစ်ရက်နေပြီး
ထိုရွှေငွေတို့သည် ဆီးရီးယားလူမျိုး၊ မောဘလူမျိုး၊ အမ္မုန်အမျိုးသား၊ ဖိလိတ္တိလူမျိုး၊ အာမလက်လူမျိုးနှင့် ရဟောဘ၏သား ဇောဘဘုရင်ဟာဒဒေဇာမင်းကြီးတို့ထံမှ တိုက်ရာပါပစ္စည်းများဖြစ်၏။
သူတို့သည် မှောင်ရီပျိုးစအချိန်တွင် ထ၍ဆီးရီးယားတပ်စခန်းသို့ သွားကြ၏။ သူတို့သည် ဆီးရီးယားတပ်စခန်းအစွန်နားရောက်သောအခါ လူတစ်ယောက်မျှမရှိသည်ကို တွေ့ရလေ၏။
ထိုအရပ်၌ လွတ်မြောက်၍ကြွင်းကျန်နေသောအာမလက်လူမျိုးတို့ကို သုတ်သင်ပြီး ထိုအရပ်တွင် နေထိုင်ခဲ့ကြသည်မှာ ယနေ့တိုင်အောင် ဖြစ်၏။
ထိုအခါ အကျွန်ုပ်သည် သူတို့ကို လေထဲလွင့်ပါသောမြေမှုန့်ကဲ့သို့ ညက်ညက်ချေ၍ လမ်းပေါ်မှရွှံ့ကဲ့သို့ သူတို့ကိုသွန်ပစ်ပါ၏။
နေသနိ၏သားဣရှမေလမူကား လူရှစ်ယောက်နှင့်အတူ ယောဟနန်ထံမှ အမ္မုန်အမျိုးသားတို့ပြည်သို့ ထွက်ပြေးလွတ်မြောက်သွား၏။
ဗာရက်သည် ဟာရောရှက်ဟာဂေါအိမ်မြို့တိုင်အောင် သိသရ၏စစ်ရထား၊ စစ်သည်တို့နောက်သို့လိုက်၍ စစ်သည်တို့ကို တစ်ယောက်မကျန်ဓားဖြင့် သတ်ပစ်၏။
ကျိုင်းကောင်အုပ်သဖွယ် များပြားလှသော မိဒျန်လူမျိုး၊ အာမလက်လူမျိုးနှင့် အရှေ့ပြည်သားအပေါင်းတို့သည် ချိုင့်ဝှမ်းလွင်ပြင်၌ စခန်းချလျက်ရှိကြ၏။ သူတို့၏ကုလားအုတ်တို့သည်လည်း ပင်လယ်ကမ်းခြေရှိသဲလုံးနှင့်အမျှ မရေတွက်နိုင်အောင်များပြား၏။
နောက်တစ်နေ့တွင် ရှောလုသည် လူတို့ကို သုံးဖွဲ့ခွဲပြီး မိုးသောက်ယံအချိန်၌ ရန်သူ့တပ်စခန်းသို့ဝင်၍ နေမြင့်သည့်တိုင်အောင် အမ္မုန်လူမျိုးတို့ကို တိုက်ခိုက်သတ်ဖြတ်လေ၏။ အသက်ရှင်ကျန်ရစ်သောသူတို့သည်လည်း နှစ်ယောက်အတူပင်ရှိမနေနိုင်ဘဲ တကွဲတပြားစီထွက်ပြေးကြရလေ၏။
ယခု သွား၍ အာမလက်လူမျိုးတို့ကို တိုက်ခိုက်လော့။ သူတို့ပိုင်ဆိုင်သောအရာအားလုံးကို ဖျက်ဆီးပစ်လော့။ မနှမြောနှင့်။ ယောက်ျား၊ မိန်းမ၊ ကလေးမှစ၍ နို့စို့ကလေးသူငယ်များအပါအဝင် နွား၊ သိုး၊ ကုလားအုတ်၊ မြည်းတို့ကို သတ်ဖြတ်လော့’ဟူ၍ မိန့်တော်မူပြီ”ဟု ဆို၏။