အာဗြံကလည်း “ကြည့်ရှုလော့။ သင်၏ကျွန်မသည် သင့်လက်ထဲ၌ရှိ၏။ သင်အလိုရှိသည့်အတိုင်း သူ့ကိုပြုပါ”ဟု စာရဲအား ဆို၏။ ထိုအခါ စာရဲသည် ဟာဂရကိုနှိပ်စက်သဖြင့် သူသည် စာရဲထံမှထွက်ပြေးလေ၏။
၁ ရာ 29:6 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် အာခိတ်မင်းကြီးက ဒါဝိဒ်ကိုခေါ်၍ “ထာဝရဘုရားအသက်ရှင်တော်မူသည်နှင့်အညီ စင်စစ် သင်သည် ဖြောင့်မှန်သောသူဖြစ်ပါ၏။ သင်သည် ငါ့ထံရောက်လာသောနေ့မှစ၍ ယနေ့တိုင်အောင် သင်၌အပြစ်တစ်စုံတစ်ရာမျှမတွေ့။ ထို့ကြောင့် ယနေ့ ငါနှင့်အတူ သင်တိုက်ပွဲဝင်ဖို့ ငါအလိုရှိသော်လည်း အခြားမင်းတို့မူကား အလိုမရှိကြ။ Common Language Bible အာခိတ်သည်ဒါဝိဒ်ကိုခေါ်ပြီးလျှင်``သင်သည် ငါ့အပေါ်၌သစ္စာစောင့်ကြောင်းကိုဣသရေလ အမျိုးသားတို့ကိုးကွယ်သည့်အသက်ရှင်တော် မူသောဘုရားသခင်ကိုတိုင်တည်၍ငါကျိန်ဆို ပါ၏။ ငါသည်သင့်အားငါနှင့်အတူစစ်ပွဲတွင် ဝင်ရောက်တိုက်ခိုက်စေလိုပါ၏။ ငါ၏ထံသို့ သင်ဝင်ရောက်လာသည့်နေ့မှစ၍သင့်အပေါ် တွင်အပြစ်တစ်စုံတစ်ရာကိုမျှငါမတွေ့ မမြင်ပါ။ သို့ရာတွင်အခြားဘုရင်တို့က သဘောမတူကြပါ။- Garrad Bible အာ ခိန် မင်း သည် ဒါ ဝိဒ် ကို ခေါ် ပြီး မှ ထာ ဝ ရ ဘု ရား အ သက် ရှင် တော် မူ သည့် အ တိုင်း၊ သင် ဖြောင့် မတ် စွာ ပြု လေ ပြီ။ ဝင် ရောက် သည့် နေ့ မှ စ၍ ယ ခု တိုင် မ တော် သော အ ရာ တစ် ခု မျှ ငါ မ တွေ့ သည့် အ လျောက် ငါ နှင့် အ တူ စစ် ဝင် ခြင်း၊ စစ် ထွက် ခြင်း အ မှု ကို ငါ အား ရ ခဲ့ ပြီ။ သို့ ရာ တွင် သင့် ကို ဖိ လိ တ္တိ မင်း တို့ သ ဘော မ ကျ သည့် အ တွက် Judson Bible အာခိတ်မင်းသည် ဒါဝိဒ်ကိုခေါ်၍၊ အကယ်စင်စစ် ထာဝရဘုရား အသက်ရှင်တော်မှုသည်အတိုင်း သင်သည် ဖြောင့်မတ်စွာပြုပြီ။ ငါနှင့်အတူ တပ်မှုတပ်ရေး၌ သင်သွားလာပြုမူခြင်းကို ငါအားရပြီ။ သင်သည် ငါ့ထံသို့ရောက်သောနေ့မှစ၍ ယနေ့တိုင်အောင် သင်၌ အပြစ်ကိုမတွေ့။ သို့သော် ဖိလိတ္တိမင်းတို့သည် သင့်ကို အလိုမရှိကြ။ |
အာဗြံကလည်း “ကြည့်ရှုလော့။ သင်၏ကျွန်မသည် သင့်လက်ထဲ၌ရှိ၏။ သင်အလိုရှိသည့်အတိုင်း သူ့ကိုပြုပါ”ဟု စာရဲအား ဆို၏။ ထိုအခါ စာရဲသည် ဟာဂရကိုနှိပ်စက်သဖြင့် သူသည် စာရဲထံမှထွက်ပြေးလေ၏။
နေရ၏သား အာဗနာအကြောင်းကို အရှင်သိပါ၏။ အရှင့်ကိုလှည့်စားရန်အတွက်၊ အရှင်ဝင်ထွက်သွားလာသမျှ၊ လုပ်ဆောင်သမျှတို့ကိုသိရှိရန်အတွက် ရောက်လာခြင်းသာဖြစ်၏”ဟု လျှောက်လေ၏။
ထာဝရဘုရားသည် သင်၏သွားခြင်း၊ လာခြင်းတို့ကို ယခုမှစ၍ ကာလအစဉ်အဆက် စောင့်ရှောက်တော်မူလိမ့်မည်။
မြေကြီးပေါ်၌ မိမိကိုယ်မိမိ ကောင်းချီးပေးသောသူသည် သစ္စာရှိသောဘုရားသခင်ကိုအမှီပြု၍ ကောင်းချီးပေးလိမ့်မည်။ မြေကြီးပေါ်၌ကျိန်ဆိုသောသူသည်လည်း သစ္စာရှိသောဘုရားသခင်ကိုတိုင်တည်၍ ကျိန်ဆိုလိမ့်မည်။ အကယ်စင်စစ် ယခင်ဆင်းရဲဒုက္ခတို့ကို ငါမေ့လျော့ပြီ။ ငါ့မျက်မှောက်မှ ကွယ်ပျောက်ပြီ။
ထာဝရဘုရားက “ဗာလဘုရားကို တိုင်တည်ကျိန်ဆိုရန် ငါ့လူမျိုးကို သူတို့သင်ကြားပေးသကဲ့သို့ ‘ထာဝရဘုရားအသက်ရှင်တော်မူသည်’ဟု ငါ့နာမကိုတိုင်တည်ကျိန်ဆို၍ ငါ့လူမျိုး၏နည်းလမ်းကို သူတို့ကြိုးစားသင်ယူမည်ဆိုလျှင် သူတို့ကို ငါ့လူမျိုးထဲတွင် တည်နေခွင့်ပြုမည်။
ထာဝရဘုရား၏လူထုသည် သိုးထိန်းမရှိသောသိုးများကဲ့သို့မဖြစ်မည့်အကြောင်း ထိုသူသည် လူထုရှေ့၌ ထွက်ဝင်နိုင်သောသူ၊ ထိုသူတို့ကို လမ်းပြပို့ဆောင်ပေးနိုင်သောသူ ဖြစ်ပါစေသော”ဟု တောင်းလျှောက်လေ၏။
ထိုနည်းတူ လူတို့သည် သင်တို့၏ကောင်းသောအကျင့်များကိုမြင်၍ ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဖ၏ဘုန်းတော်ကိုချီးမွမ်းကြမည့်အကြောင်း သင်တို့၏အလင်းကို သူတို့ရှေ့၌ထွန်းလင်းစေကြလော့။
သင်၏ဘုရားသခင်ထာဝရဘုရားကိုကြောက်ရွံ့ရမည်။ ဝတ်ပြုရမည်။ ဆည်းကပ်ရမည်။ နာမတော်ကိုတိုင်တည်၍ကျိန်ဆိုရမည်။
ယဇ်ပုရောဟိတ်ဖိနဟတ်နှင့်တကွ လူထုခေါင်းဆောင်များဖြစ်သော အစ္စရေးမျိုးနွယ်စုတို့၏အကြီးအမှူးများသည် ရုဗင်သားမြေး၊ ဂဒ်သားမြေးနှင့် မနာရှေသားမြေးတို့ပြောသောစကားကိုကြားသောအခါ ကျေနပ်နှစ်သက်ကြ၏။
လူမျိုးခြားတို့အလယ်တွင် ကောင်းစွာအသက်ရှင်နေထိုင်ကြလော့။ သို့ပြုလျှင် သူတို့သည် သင်တို့ကို ဒုစရိုက်ပြုသူများအဖြစ် ပုတ်ခတ်ပြောဆိုကြသော်လည်း သင်တို့၏ကောင်းသောအမှုတို့ကိုမြင်၍ အကြည့်အရှုကြွလာတော်မူသောနေ့ရက်၌ ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းကြလိမ့်မည်။
သို့သော် နူးညံ့သိမ်မွေ့သောစိတ်၊ ကြောက်ရွံ့ရိုသေသောစိတ်နှင့် ကြည်လင်သောအသိစိတ်တို့ဖြင့် ဖြေရှင်းပြောဆိုကြလော့။ သို့ပြုလျှင် ခရစ်တော်၌ရှိသည့် သင်တို့၏ကောင်းသောအသက်ရှင်နေထိုင်မှုကို ကဲ့ရဲ့ရှုတ်ချသောသူတို့သည် သင်တို့ကို ပုတ်ခတ်ပြောဆိုသည့်အတွက် အရှက်ရကြလိမ့်မည်။
ထို့ပြင် ဒါဝိဒ်က “သင်နှင့်ကျွန်ုပ် အလွန်ခင်မင်ကြသည်ကို သင့်ခမည်းတော် သိသည်ဖြစ်၍ ‘ဤအမှုကို ယောနသန် မသိစေရ။ သို့မဟုတ်လျှင် သူစိတ်ထိခိုက်လိမ့်မည်’ဟု ဆိုပါ၏။ အကယ်စင်စစ် ထာဝရဘုရားအသက်ရှင်တော်မူသည်နှင့်အညီ၊ သင်လည်း အသက်ရှင်သည်နှင့်အညီ အကျွန်ုပ်နှင့်သေခြင်းသည် ခြေတစ်လှမ်းသာ ကွာတော့သည်”ဟု ကျိန်၍ ပြောဆိုလေ၏။
ထိုအခါ ရှောလုမင်းကြီးက “ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ ဤအမှုကြောင့် သင့်အပေါ် အပြစ်မရောက်ရ”ဟု ထာဝရဘုရားကို တိုင်တည်၍ ကျိန်ဆို၏။
ဖိလိတ္တိတပ်မှူးတို့က “ဤဟေဗြဲလူမျိုးတို့သည် ဘာလာလုပ်ကြသနည်း”ဟု မေးလျှင် အာခိတ်မင်းကြီးက ဖိလိတ္တိတပ်မှူးတို့အား “ဤသူကား အစ္စရေးရှင်ဘုရင်ရှောလု၏အစေအပါး ဒါဝိဒ်ဖြစ်၏။ ငါ့ထံရောက်လာသည်မှာ နှစ်နှင့်ချီရှိပြီ။ ရှောလုကို သူစွန့်ခွာလာသောနေ့မှစ၍ ယနေ့အထိ သူ၌အပြစ်တစ်စုံတစ်ရာမျှမတွေ့”ဟု ဆို၏။
သို့ဖြစ်၍ ယခုမှာ သင် အေးအေးချမ်းချမ်းပြန်သွားပါ။ သင့်ကို ဖိလိတ္တိမင်းတို့ အဆိုး မမြင်စေပါနှင့်”ဟု ဆိုလျှင်
ထို့ကြောင့် သူတို့သည် လူလွှတ်၍ ဖိလိတ္တိမင်းအပေါင်းတို့ကို ခေါ်ယူစုဝေးစေပြီးလျှင် “အကျွန်ုပ်တို့သည် အစ္စရေးလူမျိုးတို့၏ဘုရားသခင့်သေတ္တာတော်ကို မည်သို့ပြုရပါမည်နည်း”ဟု မေးကြ၏။ ထိုအခါ သူတို့က “အစ္စရေးလူမျိုးတို့၏ဘုရားသခင့်သေတ္တာတော်ကို ဂါသမြို့သို့ ပို့လိုက်ပါ”ဟု ဆိုကြ၏။ ထို့ကြောင့် သူတို့သည် အစ္စရေးလူမျိုးတို့၏ဘုရားသခင့်သေတ္တာတော်ကို ပို့လိုက်ကြ၏။