ဒါဝိဒ်မင်းကြီးသည် ရှောလုမင်းကြီး၏သား ဣရှဗောရှက်မင်းကြီးထံသို့လည်း တမန်ကိုစေလွှတ်၍ “ဖိလိတ္တိလူမျိုးတို့၏အရေဖျားတစ်ရာဖြင့် လဲယူခဲ့ရသော ငါ့မယားမိခါလကို ပြန်ပေးပါ”ဟု မှာလိုက်လေ၏။
၁ ရာ 25:44 - မြန်မာ့စံမီသမ္မာကျမ်း ဒါဝိဒ်၏မယားမိခါလကိုမူ သူ့ခမည်းတော်ရှောလုမင်းကြီးသည် ဂလ္လိမ်မြို့သား၊ လဲရှ၏သား ပါလတိနှင့် ပေးစားထားနှင့်ခဲ့ပြီဖြစ်၏။ Common Language Bible ဤအတောအတွင်း၌ရှောလုသည် ဒါဝိဒ်၏ ဇနီးဟောင်း၊ မိမိ၏သမီးတော်မိခါလ အားဂလ္လိမ်မြို့မှလဲရှ၏သားဖာလတိနှင့် ထိမ်းမြားပေးစားပြီးဖြစ်သတည်း။ Garrad Bible ဒါ ဝိဒ် ခင် ပွန်း ဖြစ် သော သ မီး တော် မိ ခါ လ ကို ကား ဂ လ္လိမ် မြို့ နေ လဲ ရှ သား ပါ လ တိ နှင့် ရှော လု မင်း ထိမ်း မြား ပြီး ဖြစ် သ တည်း။ Judson Bible ရှောလုသည် မိမိသမီးဖြစ်သော ဒါဝိဒ်၏မယားမိခါလကို၊ ဂလ္လိမ်မြို့သားဖြစ်သော လဲရှ၏သားဖာလတိအား ပေးစားနှင့်ပြီ။ |
ဒါဝိဒ်မင်းကြီးသည် ရှောလုမင်းကြီး၏သား ဣရှဗောရှက်မင်းကြီးထံသို့လည်း တမန်ကိုစေလွှတ်၍ “ဖိလိတ္တိလူမျိုးတို့၏အရေဖျားတစ်ရာဖြင့် လဲယူခဲ့ရသော ငါ့မယားမိခါလကို ပြန်ပေးပါ”ဟု မှာလိုက်လေ၏။
ထို့ကြောင့် ဣရှဗောရှက်မင်းကြီးသည် လူလွှတ်၍ မိခါလကို သူ့ယောက်ျားဖြစ်သော လဲရှ၏သား ပါလတေလထံမှ ပြန်ခေါ်လာစေ၏။
အို ဂလ္လိမ်မြို့သမီးပျို၊ ကြွေးကြော်လော့။ အို လဲရှမြို့၊ အာရုံစိုက်နားထောင်လော့။ အို အာနသုတ်မြို့၊ သနားစရာကောင်းလှပါတကား။
ရှောလုမင်းကြီး၏သမီး မိခါလသည် ဒါဝိဒ်ကို ချစ်နှစ်သက်နေကြောင်း လျှောက်တင်ကြသောအခါ ရှောလုမင်းကြီးစိတ်ကြိုက်တွေ့သွား၏။
ဒါဝိဒ်နှင့် သူ့လူတို့သည် ထသွား၍ ဖိလိတ္တိလူမျိုးအယောက်နှစ်ရာကိုသတ်လေ၏။ ထို့နောက် ဒါဝိဒ်သည် ထိုသူတို့၏ထိပ်ဖုံးအရေပြားကိုယူလာ၍ ဘုရင့်သမက်တော်ဖြစ်ရဖို့ ရှင်ဘုရင်အား အတိအကျဆက်သလေ၏။ ထို့ကြောင့် ရှောလုမင်းကြီးသည် မိမိသမီး မိခါလကို ဒါဝိဒ်နှင့် ပေးစားလေ၏။