ရှောလုမင်းကြီးသည် ယေရှဲထံ တမန်တို့ကို စေလွှတ်၍ “သိုးကျောင်းနေသော သင်၏သားဒါဝိဒ်ကို ငါ့ထံ စေလွှတ်လော့”ဟု မှာလိုက်လေ၏။
ရှောလုသည်ယေရှဲထံသို့စေတမန်များ လွှတ်၍``သိုးများကိုထိန်းကျောင်းနေသူသင် ၏သားဒါဝိဒ်အားငါ့ထံသို့စေလွှတ်လော့'' ဟုအမိန့်ပေးတော်မူ၏။-
ရှော လု မင်း က၊ သိုး ကျောင်း လျက် နေ သော သင့် သား ဒါ ဝိဒ် ကို ငါ့ ထံ သို့ လာ စေ လော့ ဟူ သော အ မိန့် တော် နှင့် ယေ ရှဲ ထံ စေ လွှတ် သ ဖြင့်
ရှောလုက၊ ယေရှဲရှိရာသို့ လူကိုစေလွှတ်၍၊ သိုးထိန်းဖြစ်သော သင်၏သားဒါဝိဒ်ကို ငါ့ထံသို့ စေလွှတ်ရမည်ဟု အမိန့်တော်ရှိ၏။
ဤသို့ဖြင့် ဧလိယသည် ထိုနေရာမှထွက်သွား၍ ရှာဖတ်၏သား ဧလိရှဲနှင့်တွေ့၏။ လယ်ထွန်လျက်ရှိသောနွားတစ်ဆယ့်နှစ်ရှဉ်းတွင် ဧလိရှဲသည် တစ်ဆယ့်နှစ်ရှဉ်းမြောက်၌ လယ်ထွန်နေ၏။ ဧလိယသည် သူ့နားသို့သွားပြီး မိမိဝတ်လုံကို သူ့အပေါ် လွှားတင်ပေးလိုက်လျှင်
သူတို့ကို မင်းအရာရှိများနှင့်အတူ၊ မိမိလူမျိုးတော်၏မင်းအရာရှိများနှင့်အတူ ထိုင်စေတော်မူ၏။
ယုဒဘုရင်ဩဇိမင်းကြီးလက်ထက်နှင့် ယောရှ၏သား အစ္စရေးဘုရင်ယေရောဗောင်မင်းကြီးလက်ထက် ငလျင်မလှုပ်မီ နှစ်နှစ်တွင် တေကောမြို့သား သိုးထိန်းအာမုတ်သည် အစ္စရေးပြည်နှင့်ပတ်သက်၍ မြင်ရသည့်အတိုင်း ဆင့်ဆိုသောစကားမှာ ဤသို့ဖြစ်၏။
ထို့နောက် ရှမွေလက ယေရှဲအား “သင်၌ သား ကုန်ပြီလော”ဟု မေးလျှင် သူက “အငယ်ဆုံးသား ရှိပါသေး၏။ ယခု သိုးကျောင်းလျက်ရှိပါ၏”ဟု ဆို၏။ ထိုအခါ ရှမွေလက ယေရှဲအား “သူ့ကို လူလွှတ်၍ ခေါ်ပေးပါလော့။ သူမလာမချင်း ငါတို့ထိုင်၍စားသောက်ရမည်မဟုတ်”ဟု ဆို၏။
ထိုအခါ အမှုထမ်းတို့ထဲမှ တစ်ယောက်က “ဗက်လင်မြို့သားယေရှဲ၏သားသည် စောင်းတီးကျွမ်းကျင်ကြောင်း သိရပါ၏။ သူသည် ရဲစွမ်းသတ္တိရှိသူ၊ တိုက်ရည်ခိုက်ရည်ရှိသူ၊ အပြောအဆိုလိမ္မာသူ၊ ရုပ်ရည်သန့်ပြန့်သူဖြစ်၏။ ထာဝရဘုရားသည် သူနှင့်အတူ ရှိတော်မူ၏”ဟု လျှောက်တင်လျှင်
ထိုအခါ ယေရှဲသည် စားစရာများနှင့်စပျစ်ဝိုင်တစ်ဘူးကို ယူ၍ မြည်းပေါ်တွင်တင်ပြီး ဆိတ်သငယ်တစ်ကောင်နှင့်အတူ မိမိသားဒါဝိဒ်ကို ရှောလုမင်းကြီးထံ လွှတ်လိုက်လေ၏။
ဒါဝိဒ်သည် ဗက်လင်မြို့ရှိ ဖခင်၏သိုးများကိုထိန်းကျောင်းရသဖြင့် ရှောလုမင်းကြီးထံသွားလိုက် ဖခင်ထံပြန်လိုက်လုပ်နေရ၏။