ရာမ၏သားမှာ အမိနဒပ်၊ အမိနဒပ်၏သားမှာ ယုဒအမျိုးသားတို့၏ခေါင်းဆောင်နာရှုန် ဖြစ်၏။
၁ ရာချုပ် 2:9 - မြန်မာ့စံမီသမ္မာကျမ်း ဟေဇရုန်ရသောသားများမှာ ယေရမေလ၊ ရာမ၊ ကာလုဘိုင် တို့ဖြစ်ကြ၏။ Common Language Bible ဟေဇရုံတွင် ယေရမေလ၊ အာရံ၊ ကာလက် ဟူ၍သားသုံးယောက်ရှိ၏။ Garrad Bible ဟေ ဇ ရုံ ရ သော သား များ ကား ယေ ရ မေ လ၊ အာ ရံ၊ ကာ လက် တို့ တည်း။ Judson Bible ဟေဇရုံမြင်သောသားကား ယေရမေလ၊ အာရံ၊ ကာလက်တည်း။ |
ရာမ၏သားမှာ အမိနဒပ်၊ အမိနဒပ်၏သားမှာ ယုဒအမျိုးသားတို့၏ခေါင်းဆောင်နာရှုန် ဖြစ်၏။
ဟေဇရုန်သည် ကာလက်ဧဖရတ်အရပ်၌ ကွယ်လွန်သွား၏။ ဟေဇရုန်၏မယားအဘိယသည် သားအာရှုရကို မွေးဖွား၍ သူသည် တေကော၏ဖခင် ဖြစ်၏။
ဟေဇရုန်၏သားဦးဖြစ်သောယေရမေလ၏သားများမှာ သားဦးရာမ၊ ဗုန၊ ဩရင်၊ ဩဇင်နှင့် အဟိယ တို့ဖြစ်ကြ၏။
ယေရမေလ၏ညီဖြစ်သောကာလက်၏သားများတွင် သားဦးမှာမေရှ၊ မေရှ၏သားမှာ ဇိဖ၊ ဇိဖ၏သားမှာ မရေရှ၊ မရေရှ၏သားမှာ ဟေဗြုန်ဖြစ်၏။
ယုဒသည် တာမာအားဖြင့် သားဖာရက်နှင့်ဇာရကိုရ၏။ ဖာရက်သည် သားဟေဇရုံကိုရ၏။ ဟေဇရုံသည် သားအာရံကိုရ၏။
ထိုအခါ ယောဟန်သည် ဂျော်ဒန်မြစ်ပတ်ဝန်းကျင်တစ်လျှောက်လုံးသို့သွား၍ အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးအတွက် နောင်တနှင့်ဆိုင်သောဗတ္တိဇံတရားကိုဟောပြောလေ၏။
အာခိတ်မင်းကြီးကလည်း “ယနေ့ မည်သည့်အရပ်တွင် တိုက်ခိုက်ခဲ့သနည်း”ဟု မေးလျှင် ဒါဝိဒ်က “ယုဒတောင်ဘက်”၊ “ယေရမေလတောင်ဘက်”၊ “ကေနိတောင်ဘက်” စသည်ဖြင့် ပြန်လျှောက်လေ့ရှိ၏။