အကျွန်ုပ်သည် ကောင်းမြတ်သောအရာကို လက်ကိုင်ပြုသောကြောင့် အကောင်းကိုအဆိုးဖြင့်တုံ့ပြန်သောသူတို့သည် အကျွန်ုပ်ကိုပြစ်တင်စွပ်စွဲကြပါ၏။
၁ ပေ 3:13 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် ကောင်းသောအမှု၌ စိတ်အားထက်သန်လျှင် မည်သူသည် သင်တို့ကို အန္တရာယ်ပြုမည်နည်း။ Common Language Bible သို့ဖြစ်၍သုစရိုက်တရားကိုသင်တို့ခုံမင် စွဲလမ်းကြပါမူအဘယ်သူသည်သင်တို့အား ဘေးသင့်စေနိုင်မည်နည်း။- Garrad Bible သင် တို့ သည် ကောင်း ရာ ကို စိတ် အား ကြီး လျှင် မည် သူ အ န္တ ရာယ် ပြု အံ့ နည်း။ Judson Bible သင်တို့သည် ကောင်းသောတရားကို ကျင့်သောသူဖြစ်လျှင်၊ အဘယ်သူညှဉ်းဆဲမည်နည်း။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့သည် ကောင်းမှုပြုရန် စိတ်အားထက်သန်လျှင် မည်သူသည် သင်တို့ကို ထိခိုက်နစ်နာစေမည်နည်း။ |
အကျွန်ုပ်သည် ကောင်းမြတ်သောအရာကို လက်ကိုင်ပြုသောကြောင့် အကောင်းကိုအဆိုးဖြင့်တုံ့ပြန်သောသူတို့သည် အကျွန်ုပ်ကိုပြစ်တင်စွပ်စွဲကြပါ၏။
ဖြောင့်မတ်သောသူအပေါ် မည်သည့်အမင်္ဂလာမျှကျရောက်လိမ့်မည်မဟုတ်။ ဆိုးယုတ်သောသူတို့မူကား ဒုက္ခနှင့်ပြည့်ဝကြ၏။
ဆိုးယုတ်သောသူ၏လမ်းကို ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။ ဖြောင့်မတ်ခြင်းကိုလက်ကိုင်ပြုသောသူကိုကား ကိုယ်တော်ချစ်တော်မူ၏။
လူတစ်ဦးပြုမူကျင့်ကြံသောအမှုအရာကို ထာဝရဘုရားနှစ်သက်တော်မူသောအခါ ထိုသူ၏ရန်သူများကိုပင် သူနှင့်သင့်မြတ်စေတော်မူ၏။
“ယေရမိကို ခေါ်ထုတ်၍ ကောင်းမွန်စွာကြည့်ရှုလော့။ သူ့ကို အန္တရာယ်မပြုနှင့်။ သူပြောသည့်အတိုင်း ပြုပေးလော့”ဟု မိန့်မှာလေ၏။
အဘယ်ကြောင့်ဆိုသော် အုပ်ချုပ်သူများသည် ကောင်းသောအမှုကိုပြုသောသူအတွက် ကြောက်စရာမဟုတ်ဘဲ မကောင်းသောအမှုကိုပြုသောသူအတွက်သာ ကြောက်စရာဖြစ်၏။ သင်သည် အာဏာပိုင်ကိုမကြောက်ဘဲနေလိုလျှင် ကောင်းသောအမှုကိုပြုလော့။ ထိုသို့ပြုလျှင် သူ၏ချီးမွမ်းခြင်းကိုခံရလိမ့်မည်။
ဘုရားသခင်ကိုချစ်သောသူများတည်းဟူသော အကြံအစည်တော်အတိုင်း ခေါ်ယူတော်မူခြင်းခံရသောသူများအတွက် ဘုရားသခင်သည် ခပ်သိမ်းသောအမှုအရာတို့ကို ပူးပေါင်းလုပ်ဆောင်စေ၍ ကောင်းကျိုးဖြစ်စေတော်မူကြောင်းကို ငါတို့သိကြ၏။
ချစ်ခြင်းမေတ္တာကို လက်ကိုင်ပြုကြလော့။ ထို့ပြင် ဝိညာဉ်ဆုကျေးဇူးများ၊ အထူးသဖြင့် ပရောဖက်ပြုဟောပြောနိုင်သောဆုကျေးဇူးကို အလွန်လိုချင်သောစိတ်ရှိကြလော့။
ထို့ကြောင့် ချစ်တော်မူသောသားသမီးများအဖြစ် ဘုရားသခင်ကို အတုယူသူများဖြစ်ကြလော့။
မည်သူမျှ သူတစ်ပါးအပေါ် အဆိုးကိုအဆိုးဖြင့်မတုံ့ပြန်ကြစေရန် သတိပြုကြလော့။ အချင်းချင်းအတွက်လည်းကောင်း၊ လူအပေါင်းတို့အတွက်လည်းကောင်း ကောင်းကျိုးကိုသာ အစဉ်ကြိုးစားပြုကြလော့။
သားသမီးများကိုပြုစုစောင့်ရှောက်ခြင်း၊ ဧည့်ဝတ်ကျေပွန်ခြင်း၊ သန့်ရှင်းသူတို့၏ခြေကိုဆေးခြင်း၊ ဆင်းရဲဒုက္ခခံရသူများကိုကူညီစောင့်ရှောက်ခြင်း၊ ကောင်းသောအမှုရှိသမျှတို့ကိုပါဝင်လုပ်ဆောင်ခြင်း စသည့်ကောင်းသောအမှုများကြောင့် ချီးကျူးခံရသူဖြစ်ရမည်။
ခရစ်တော်သည် ငါတို့ကို ခပ်သိမ်းသောတရားမဲ့ခြင်းထဲမှ ရွေးနုတ်ကယ်တင်ရန်နှင့် ကောင်းသောအမှု၌ စိတ်အားထက်သန်သည့် မိမိပိုင်တော်မူသောလူမျိုးကို မိမိအတွက်စင်ကြယ်စေရန် ငါတို့အတွက် မိမိကိုယ်ကိုစွန့်တော်မူ၏။
ချစ်ရသောသူ၊ မကောင်းသောအမှုကိုအတုမယူဘဲ ကောင်းသောအမှုကိုအတုယူလော့။ ကောင်းသောအမှုကိုပြုသောသူသည် ဘုရားသခင်နှင့်စပ်ဆိုင်၏။ မကောင်းသောအမှုကိုပြုသောသူမူကား ဘုရားသခင်ကို မသိမမြင်ဖူးချေ။