ဘုရားသခင်၏သားတို့သည် လူ၏သမီးတို့အဆင်းလှသည်ကိုမြင်၍ မိမိတို့ကြိုက်နှစ်သက်သောသူ မည်သူ့ကိုမဆို မိမိတို့မယားအဖြစ်ယူကြ၏။
၁ ကော 7:39 - မြန်မာ့စံမီသမ္မာကျမ်း မယားသည် မိမိလင်ယောက်ျားအသက်ရှင်နေသရွေ့ကာလပတ်လုံး အနှောင်အဖွဲ့ရှိ၏။ လင်ယောက်ျားသေဆုံးခဲ့လျှင်မူကား မိမိနှစ်သက်သောသူနှင့် သခင်ဘုရား၌သာ အိမ်ထောင်ပြုခွင့်ရှိ၏။ Common Language Bible ဇနီးဖြစ်သူသည်မိမိ၏ခင်ပွန်းအသက်ရှင် သမျှကာလပတ်လုံးချည်နှောင်မှုရှိ၏။ ခင်ပွန်း သေဆုံးသွားသောအခါ၌မူ မိမိနှစ်သက်သူ မည်သူနှင့်မဆိုထိမ်းမြားလက်ထပ်နိုင်၏။ သို့ ရာတွင်ထိုထိမ်းမြားလက်ထပ်မှုသည်ယုံကြည် သူအချင်းချင်းထိမ်းမြားလက်ထပ်မှုသာ လျှင်ဖြစ်ရမည်။- Garrad Bible မ ယား ဖြစ် သူ သည် လင် အ သက် ရှင် သ မျှ ကာ လ အ တွင်း ချည် နှောင် လျက် ရှိ၏။ လင် သေ လျှင် မူ ကား အ ရှင် ဘု ရား၌ ဖြစ် က အ လို ရှိ သူ နှင့် အိမ် ထောင် ပြု ရန် လွတ် လေ ပြီ။ Judson Bible မိန်းမသည် မိမိခင်ပွန်းမသေမီ ကာလပတ်လုံး တရားအားဖြင့် ချည်နှောင်လျက်ရှိ၏။ ခင်ပွန်းသေလျှင်မူကား၊ မိမိအလိုအတိုင်း သခင်ဘုရား၌သာ အခြားသောသူ၏ မယားဖြစ်ခြင်းငှာ အခွင့်ရှိ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဇနီးသည် မိမိခင်ပွန်း အသက်ရှင်နေသမျှကာလပတ်လုံး ထိုခင်ပွန်းနှင့် နှောင်ဖွဲ့ထား၏။ ခင်ပွန်းကွယ်လွန်လျှင် မိမိနှစ်သက်သောသူနှင့် လက်ထပ်ခွင့်ရှိ၏။ သို့သော်လည်း ထိုသူသည် သခင်ဘုရားကို ယုံကြည်သောသူဖြစ်ရမည်။ |
ဘုရားသခင်၏သားတို့သည် လူ၏သမီးတို့အဆင်းလှသည်ကိုမြင်၍ မိမိတို့ကြိုက်နှစ်သက်သောသူ မည်သူ့ကိုမဆို မိမိတို့မယားအဖြစ်ယူကြ၏။
ယုဒအမျိုးသည် သစ္စာမရှိ။ အစ္စရေးပြည်တွင်လည်းကောင်း၊ ဂျေရုဆလင်မြို့တွင်လည်းကောင်း စက်ဆုပ်ရွံရှာဖွယ်အမှုကိုပြုကြလေပြီ။ အကယ်စင်စစ် ယုဒအမျိုးသည် တိုင်းတစ်ပါးဘုရားကိုကိုးကွယ်သောသမီးပျိုတို့နှင့် စုံဖက်ခြင်းဖြင့် ထာဝရဘုရားမြတ်နိုးတော်မူသောသန့်ရှင်းစင်ကြယ်ခြင်းကို ညစ်ညူးစေလေပြီ။
အိမ်ထောင်ရှိသောသူတို့အား ငါ့ထံမှမဟုတ်ဘဲ သခင်ဘုရားထံမှညွှန်ကြားချက်ကို ငါပေးသည်ကား မယားသည် လင်ယောက်ျားနှင့်မကွဲကွာစေနှင့်။
သို့ရာတွင် မယုံကြည်သူဖက်မှ ကွဲကွာလိုလျှင် ကွဲကွာပါစေ။ ထိုသို့သောအခြေအနေမျိုးတွင် ယုံကြည်သူယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ အနှောင်အဖွဲ့ကင်း၏။ ဘုရားသခင်သည် သင်တို့အား ငြိမ်းချမ်းမှုရရှိစေရန် ခေါ်ယူတော်မူ၏။
ထို့ကြောင့် မိမိနှင့်ဆိုင်သောအပျိုကညာကို ပေးစားဆောင်နှင်းသောသူသည် ကောင်းစွာပြု၏။ ပေးစားဆောင်နှင်းခြင်းမပြုသောသူမူကား သာ၍ကောင်းစွာပြု၏။