ကိုယ်တော်ကလည်း“သင်တို့အား ကောင်းကင်နိုင်ငံတော်၏လျှို့ဝှက်နက်နဲသောအရာများကို သိခွင့်ပေးထားသော်လည်း သူတို့ကိုမူကား သိခွင့်မပေးထားသောကြောင့်ဖြစ်၏။
၁ ကော 4:1 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် လူတို့သည် ငါတို့အား ခရစ်တော်၏အမှုတော်ဆောင်အဖြစ်လည်းကောင်း၊ ဘုရားသခင်၏လျှို့ဝှက်နက်နဲသောအရာများကို စောင့်ရှောက်ရသော ဘဏ္ဍာစိုးအဖြစ်လည်းကောင်း မှတ်ယူပါစေ။ Common Language Bible ငါတို့သည်ဘုရားသခင်၏နက်နဲသောသမ္မာ တရားတော်ကိုတာဝန်ယူစောင့်ထိန်းရသူ ခရစ် တော်၏အစေခံများဖြစ်သည်ဟုသင်တို့မှတ် ယူသင့်ကြ၏။- Garrad Bible ငါ တို့ ကို ခ ရစ် တော်၏ အ မှု တော် ထမ်း၊ ဘု ရား သ ခင်၏ နက် နဲ ရာ များ အ ပေါ် တွင် ဘ ဏ္ဍာ စိုး အ ဖြစ် မှတ် ယူ ကြ ပါ စေ။ Judson Bible ခရစ်တော်၏ အစေအပါ ကဲ့သို့လည်းကောင်း၊ ဘုရားသခင်၏ နက်နဲသောအရာတို့ကို စောင့်သော ဘဏ္ဍာစိုး ကဲ့သို့လည်းကောင်း၊ သူတစ်ပါးသည် ငါတို့ကိုမှတ်ပါစေ။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် သင်တို့သည် ကျွန်ုပ်နှင့် အာပေါလုကို ခရစ်တော်၏ အစေခံများအဖြစ်လည်းကောင်း၊ ဘုရားသခင်၏ လျှို့ဝှက်နက်နဲသောအရာများကို စီမံခန့်ခွဲသူများအဖြစ်လည်းကောင်း မှတ်ယူကြလော့။ |
ကိုယ်တော်ကလည်း“သင်တို့အား ကောင်းကင်နိုင်ငံတော်၏လျှို့ဝှက်နက်နဲသောအရာများကို သိခွင့်ပေးထားသော်လည်း သူတို့ကိုမူကား သိခွင့်မပေးထားသောကြောင့်ဖြစ်၏။
မိမိ၏အိမ်သူအိမ်သားများအား အချိန်တန်သောအခါ အစားအစာကိုစီစဉ်ပေးရန် သူတို့အပေါ်သခင်ခန့်ထားသည့် သစ္စာနှင့်ပညာသတိရှိသောအစေအပါးကား မည်သူနည်း။
ကိုယ်တော်ကလည်း“သင်တို့အား ဘုရားသခင်၏နိုင်ငံတော်နှင့်ဆိုင်သည့် လျှို့ဝှက်နက်နဲသောအရာကို သိခွင့်ပေးထား၏။ အပြင်လူတို့အတွက်မူကား အရာရာကို ပုံဥပမာများဖြင့်ဖော်ပြရ၏။
မူလမျက်မြင်သက်သေတို့နှင့် နှုတ်ကပတ်တရားတော်၏အမှုကိုဆောင်ရွက်သောသူတို့က ငါတို့အားဟောပြောခဲ့သည့်အတိုင်း စီကုံးရေးသားရန် လူအများတို့သည် ကြိုးစားကြသည်ဖြစ်၍
သခင်ဘုရားကလည်း“မိမိအိမ်သူအိမ်သားများအား အချိန်တန်သောအခါ အစားအစာများစီစဉ်ပေးရန် သူတို့အပေါ်သခင်ခန့်ထားသည့် သစ္စာနှင့်ပညာသတိရှိသောအစေအပါးခေါင်းဆောင်ကား မည်သူနည်း။
ကိုယ်တော်ကလည်း“သင်တို့အား ဘုရားသခင်၏နိုင်ငံတော်နှင့်ဆိုင်သည့် လျှို့ဝှက်နက်နဲသောအရာများကို သိခွင့်ပေးထား၏။ အခြားသောသူတို့မူကား မြင်လျက်ပင် မမြင်စေရန်နှင့် ကြားလျက်ပင် နားမလည်စေရန် သူတို့အား ပုံဥပမာများဖြင့်ဟောပြောရ၏။
ညီအစ်ကိုတို့၊ သင်တို့သည် မိမိတို့ကိုယ်ကိုပညာသတိရှိသောသူဟူ၍မထင်မှတ်ကြစေရန် ဤလျှို့ဝှက်နက်နဲသောအရာကို မသိဘဲမနေစေလိုပါ။ လျှို့ဝှက်နက်နဲသောအရာဟူမူကား အစ္စရေးလူမျိုး၌ မာကျောခက်ထန်သူအချို့ရှိခြင်းမှာ လူမျိုးခြားတို့စုံလင်စွာဝင်ရောက်သည်အထိဖြစ်ပြီး
ငါဟောပြောသည့်ကောင်းမြတ်သောသတင်းနှင့် ယေရှုခရစ်တော်အကြောင်းကိုဟောပြောခြင်းအားဖြင့်လည်းကောင်း၊ ရှေးကာလပတ်လုံး ဝှက်ထားခြင်းခံရသော်လည်း ယခုအခါ ထာဝရဘုရားသခင်၏အမိန့်တော်အတိုင်း ပရောဖက်ကျမ်းများ၌ထင်ရှားပြီး ယုံကြည်ခြင်းနှင့်ဆိုင်သောနာခံမှုရှိစေရန် လူမျိုးအပေါင်းတို့အားသိစေသည့် လျှို့ဝှက်နက်နဲသောအရာကို ဖွင့်ပြခြင်းအားဖြင့်လည်းကောင်း သင်တို့ကို ခိုင်ခံ့မြဲမြံစေနိုင်သောအရှင်၊
ငါတို့ပြောဆိုသောအရာမှာ ဝှက်ထားခြင်းခံရသည့် လျှို့ဝှက်နက်နဲသောအရာတည်းဟူသော ဘုရားသခင်၏ဉာဏ်ပညာပင်ဖြစ်၏။ ဘုရားသခင်သည် ကမ္ဘာမတည်မရှိမီကပင် ထိုဉာဏ်ပညာကို ငါတို့၏ဘုန်းအသရေအတွက် ကြိုတင်သတ်မှတ်ထားတော်မူ၏။
သို့ဖြစ်လျှင် အာပေါလုကား မည်သူနည်း။ ပေါလုကား မည်သူနည်း။ သူတို့သည် မိမိတို့တစ်ဦးစီအား ထာဝရဘုရားပေးအပ်တော်မူသည့်အတိုင်း သင်တို့ကို ယုံကြည်ခြင်းသို့ပို့ဆောင်ပေးသော အမှုတော်ဆောင်များဖြစ်ကြ၏။
စော်ကားပြောဆိုခြင်းခံရသောအခါ မေတ္တာပြကြ၏။ ယခုတိုင်အောင် ငါတို့သည် လူတကာတို့၏အပယ်ခံများ၊ လောက၏အမှိုက်သရိုက်များကဲ့သို့ ဖြစ်ရကြ၏။
သူတို့သည် ခရစ်တော်၏အစေခံဖြစ်ကြသလော။ ငါသည် ပို၍ပင်ဖြစ်၏ဟု ရူးသွပ်နေသူတစ်ဦးကဲ့သို့ ငါဆို၏။ ငါသည် ပို၍ကြိုးပမ်းအားထုတ်လျက် အကြိမ်ပေါင်းများစွာအကျဉ်းချခံရလျက် ပို၍များစွာရိုက်နှက်ခြင်းခံရလျက် သေဘေးနှင့် မကြာခဏရင်ဆိုင်ရ၏။
ငါသည် ဝါကြွားရန်အလိုရှိလျှင်လည်း အမှန်ကိုသာပြောမည်ဖြစ်၍ မိုက်မဲသောသူဖြစ်မည်မဟုတ်။ သို့သော် မည်သူမျှ ငါ့ကိုမြင်ရသည်ထက်၊ သို့မဟုတ် ငါ့အကြောင်းကို ကြားရသည်ထက်ပို၍ ငါ့ကိုမထင်မြင်မိစေရန် ငါမဝါကြွားဘဲနေမည်။
အကြောင်းမူကား ငါတို့သည် မိမိတို့အကြောင်းကို ဟောပြောကြသည်မဟုတ်ဘဲ ယေရှုခရစ်တော်သည် အရှင်သခင်ဖြစ်ကြောင်းကို ဟောပြောကြ၏။ ငါတို့ကိုယ်တိုင်မူကား ယေရှုအတွက် သင်တို့၏အစေအပါးများဖြစ်ကြ၏။
အလွန်သည်းခံခြင်း၌ဖြစ်စေ၊ ဒုက္ခဆင်းရဲခြင်း၌ဖြစ်စေ၊ ခက်ခဲကျပ်တည်းခြင်း၌ဖြစ်စေ၊ နာကျင်ခြင်းဝေဒနာ၌ဖြစ်စေ၊
ခရစ်တော်၌ကြံရွယ်ထားသည့် အလိုတော်၏လျှို့ဝှက်နက်နဲသောအရာကို မိမိစေတနာတော်အတိုင်း ငါတို့အားသိစေတော်မူ၏။
ငါသည် နှုတ်ကိုဖွင့်သောအခါ ပြောရမည့်စကားကို ငါ့အားပေးတော်မူ၍ ကောင်းမြတ်သောသတင်းနှင့်ဆိုင်သည့် လျှို့ဝှက်နက်နဲသောအရာကို ရဲရင့်စွာပြောပြနိုင်ရန် ငါ့အတွက်လည်း ဆုတောင်းပေးကြလော့။
ဤသည်ကား သူတို့သည် စိတ်နှလုံးနှစ်သိမ့်မှုကိုခံစားရ၍ ချစ်ခြင်းမေတ္တာ၌ ပေါင်းစည်းခြင်းခံရကာ ဉာဏ်စွမ်းနှင့်ဆိုင်သောစိတ်ချမှုနှင့်ကြွယ်ဝပြည့်စုံသဖြင့် ဘုရားသခင်၏လျှို့ဝှက်နက်နဲသောအရာတည်းဟူသော ခရစ်တော်ကိုသိကြမည့်အကြောင်းတည်း။
ဘုရားသခင်သည် နှုတ်ကပတ်တရားအတွက် တံခါးကိုဖွင့်ပေးတော်မူသဖြင့် ခရစ်တော်၏လျှို့ဝှက်နက်နဲသောအရာကို ငါတို့ဟောပြောနိုင်ရန် ငါတို့အတွက်လည်း ဆုတောင်းပေးကြလော့။ ငါသည် ထိုနက်နဲသောအရာကြောင့် ချည်နှောင်ခြင်းခံရ၏။
ဘုရားဝတ်၌မွေ့လျော်ခြင်း၏လျှို့ဝှက်နက်နဲသောအရာသည် အမှန်ပင်ကြီးမြတ်လှပေ၏။ ကိုယ်တော်သည် သွေးသားအားဖြင့်ထင်ရှားပြီး ဝိညာဉ်တော်အားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရလျက် ကောင်းကင်တမန်တို့၏ရှုမြင်ခြင်း၊ သတင်းတော်ကိုလူမျိုးခြားတို့ကြား၌ ဟောပြောခြင်း၊ ဤလောကတွင် လက်ခံယုံကြည်ခြင်းတို့ကိုခံရလျက် ဘုန်းအသရေနှင့်တကွ အထက်သို့ဆောင်ယူခြင်းကိုခံတော်မူ၏။
သူသည် ယုံကြည်ခါစလူမဖြစ်ရ။ သို့မဟုတ်လျှင် ဘဝင်မြင့်လျက် မာရ်နတ်နှင့်တူညီသောပြစ်ဒဏ်စီရင်ခြင်းထဲသို့ ကျရောက်မည်ဟု စိုးရိမ်စရာရှိ၏။
ယုံကြည်ခြင်း၏လျှို့ဝှက်နက်နဲသောအရာကို ကြည်လင်သောအသိစိတ်ဖြင့် စွဲကိုင်ထားသောသူများဖြစ်ရမည်။
အကြောင်းမူကား ကြီးကြပ်သူသည် ဘုရားသခင်၏ဘဏ္ဍာစိုးဖြစ်သည်နှင့်အညီ အပြစ်တင်စရာမရှိသောသူဖြစ်ရမည်။ သူသည် ထင်ရာစိုင်းတတ်သောသူ၊ စိတ်တိုသောသူ၊ သေသောက်ကြူးသောသူ၊ ကြမ်းကြုတ်သောသူ၊ မစင်ကြယ်သောအကျိုးစီးပွားကိုတပ်မက်သောသူမဟုတ်ဘဲ
သင်တို့တစ်ဦးစီသည် မိမိခံစားရရှိသည့်ဆုကျေးဇူးအလျောက် ဘုရားသခင်၏အမျိုးမျိုးသောကျေးဇူးတော်နှင့်ဆိုင်သည့် ကောင်းသောဘဏ္ဍာစိုးများကဲ့သို့ ထိုဆုကျေးဇူးအားဖြင့် အချင်းချင်းကူညီဆောင်ရွက်ပေးကြလော့။