အာဒါလ၊ တစ်ဆယ့်လေးရက်နေ့တွင် ရှုရှန်မြို့ရှိဂျူးလူမျိုးတို့ စုရုံးပြီး ရှုရှန်မြို့သားသုံးရာကို သုတ်သင်ပစ်၏။ သို့သော် သူတို့၏ဥစ္စာပစ္စည်းကို မသိမ်းယူကြပေ။
အာဒါလတစ်ဆယ့်လေးရက်နေ့၌ရှုရှန် မြို့ရှိယုဒအမျိုးသားများသည်စုရုံး၍ လူပေါင်းသုံးရာကိုထပ်မံသတ်ဖြတ်ကြ လေသည်။ သို့ရာတွင်ဤတစ်ကြိမ်၌လည်း သူတို့သည်လုယက်မှုကိုမပြုကြ။
ရှု ရှန် မြို့ တော် ရှိ ယု ဒ လူ မျိုး တို့ သည်၊ အာ ဒါ လ ဆယ့် လေး ရက်၌ စု ရုံး ပြန် လျက်၊ ရှု ရှန် မြို့ သား သုံး ရာ တို့ ကို လုပ် ကြံ ကြ၏။ ဥ စ္စာ ကို ကား၊ မ သိမ်း မ ယူ ကြ။
ရှုရှန်မြို့၌ရှိသော ယုဒလူတို့သည်လည်း၊ အာဒါလတစ်ဆယ်လေးရက်နေ့တွင် စုဝေး၍၊ ရှုရှန်မြို့သား သုံးရာတို့ကို သတ်ကြ၏။ သို့ရာတွင် သူတို့ဥစ္စာကို မသိမ်း မယူဘဲနေကြ၏။
ထိုစာတွင် ရှင်ဘုရင်က မြို့ရွာအသီးသီးရှိ ဂျူးလူမျိုးတို့သည် စုရုံး၍ ကိုယ့်အသက်ကိုကာကွယ်ရန်နှင့် ဂျူးလူမျိုးတို့ကိုရန်ပြုသည့် မည်သည့်လူမျိုး၊ မည်သည့်ဒေသမှစစ်သည်တို့ကိုမဆို သူတို့နှင့် သူတို့၏မိန်းမများ၊ သူတို့၏ကလေးများပါမကျန် လွတ်လမ်းမရှိ သုတ်သင်ပယ်ရှင်းပစ်၍ သူတို့၏ဥစ္စာပစ္စည်းများကိုလည်း သိမ်းယူရန် ခွင့်ပြု၏။
ဂျူးလူမျိုးတို့၏ရန်သူ၊ ဟမ္မေဒါသ၏သားဖြစ်သော ဟာမန်၏သားဆယ်ယောက်တို့ကိုလည်း သတ်ပစ်ကြ၏။ သို့သော် သူတို့၏ဥစ္စာပစ္စည်းကို မသိမ်းယူကြပေ။
ထိုအခါ ရှင်ဘုရင်က မိဖုရားဧသတာအား “ဂျူးလူမျိုးတို့သည် ရှုရှန်နန်းတော်တွင် လူငါးရာနှင့် ဟာမန်၏သားဆယ်ယောက်တို့ကို သတ်ဖြတ်ဖျက်ဆီးကြပြီ။ ကျန်ဘုရင့်နယ်မြေများတွင်လည်း မည်သို့ပြုကြပြီနည်း။ ယခု သင်မည်သည်ကိုအလိုရှိသေးသနည်း။ သင့်အား ငါပေးမည်။ သင်မည်သည့်အရာတောင်းဆိုလိုသေးသနည်း။ သင်တောင်းဆိုသည်ကို ငါပေးမည်”ဟု မိန့်ဆို၏။
ဧသတာကလည်း “အရှင်မင်းကြီးစိတ်တော်နှင့်တွေ့လျှင် ယနေ့အမိန့်စာအတိုင်း ရှုရှန်မြို့ရှိဂျူးလူမျိုးတို့ ပြုသကဲ့သို့ နက်ဖြန်နေ့၌လည်း ပြုခွင့်ပေးတော်မူပါ။ ဟာမန်၏သားဆယ်ယောက်တို့ကိုလည်း သစ်တိုင်၌ ဆွဲထားခွင့်ပြုတော်မူပါ”ဟု လျှောက်တင်၏။
ရှင်ဘုရင်သည်လည်း ထိုသို့ပြုရန်အမိန့်ပေးလိုက်၏။ ထိုအမိန့်ကို ရှုရှန်မြို့၌ထုတ်ပြန်ကြေညာပြီး ဟာမန်၏သားဆယ်ယောက်တို့ကို သစ်တိုင်၌ ဆွဲထားကြ၏။
ဘုရင့်နယ်မြေအတွင်းရှိ ကျန်ဂျူးလူမျိုးတို့သည် ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရန် စုရုံးကြ၍ သူတို့ကို မုန်းသောသူခုနစ်သောင်းငါးထောင်ကို သုတ်သင်ပစ်ပြီး ရန်သူ့လက်မှလွတ်မြောက်ခွင့်ရကြ၏။ သို့သော် ရန်သူတို့၏ဥစ္စာပစ္စည်းကို မသိမ်းယူကြပေ။
အာရွှေရုမင်းကြီး၏နယ်မြေဒေသအသီးသီးရှိ ဂျူးလူမျိုးတို့သည် မိမိတို့အား လုပ်ကြံသတ်ဖြတ်မည့်သူတို့ကို ပြန်လည်တိုက်ခိုက်ရန် မိမိတို့၏မြို့ရွာတို့တွင် စုရုံးကြ၏။ လူအပေါင်းတို့သည် ဂျူးလူမျိုးတို့ကိုကြောက်ရွံ့ကြသဖြင့် မည်သူမျှ သူတို့ကို မတိုက်ခိုက်ဝံ့ကြပေ။
မကောင်းမှုအမျိုးစုံတို့ကို ရှောင်ကြဉ်ကြလော့။
အသက်ရှင်နေထိုင်မှုတွင် ငွေကိုတပ်မက်ခြင်းမရှိဘဲ မိမိ၌ရှိသောအရာနှင့် ရောင့်ရဲကြလော့။ အကြောင်းမူကား “ငါသည် မည်သည့်အခါမျှ သင့်ကိုစွန့်ခွာမည်မဟုတ်။ မည်သည့်အခါမျှ သင့်ကိုပစ်ပယ်မည်မဟုတ်”ဟု ကိုယ်တော်မိန့်တော်မူ၏။