အာရွှေရုမင်းကြီးစိုးစံချိန် အစောပိုင်းတွင် ယုဒပြည်သူ ဂျေရုဆလင်မြို့သားတို့အား စွပ်စွဲသောတိုင်စာကို ရေးပို့ကြ၏။
ဧသတာ 3:7 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် အာရွှေရုမင်းကြီးနန်းစံတစ်ဆယ့်နှစ်နှစ်၊ နိသန်ဟုခေါ်သောပထမလတွင် ဟာမန်ရှေ့၌ တစ်ရက်ပြီးတစ်ရက်၊ တစ်လပြီးတစ်လ ပုရမဲကိုချရာ အာဒါဟုခေါ်သောတစ်ဆယ့်နှစ်လတွင် မဲကျ၏။ Common Language Bible ဇေရဇ်မင်းနန်းစံဆယ့်နှစ်နှစ်မြောက်၊ နိသန် ခေါ်ပထမလ၌ဟာမန်သည် မိမိ၏အကြံ အစည်ကိုအကောင်အထည်ဖော်ရန် သင့် လျော်မည့်နေ့ရက်ကိုပုရဟုခေါ်သော မဲ စနစ်ဖြင့်ရွေးချယ်စေရာအာဒါခေါ်ဒွါ ဒသမလ၊ ဆယ့်သုံးရက်နေ့ကိုရရှိလေ သည်။ Garrad Bible အာ ရွှေ ရု မင်း နန်း စံ ဆယ့် နှစ် နှစ် တွင်၊ နိ သ နိ ခေါ် ပ ဌ မ လ မှ စ၍ အာ ဒါ ခေါ် ဒွါ ဒ သ မ လ တိုင် အောင်၊ ဟာ မန် ရှေ့၌ နေ့ စဉ် လ စဉ် ပု ရ မဲ ကို ချ ကြ ၏။ Judson Bible ထိုကြောင့် အာရွှေရုနန်းစံဆယ်နှစ်နှစ်၊ နိသန် အမည်ရှိသော ပထမလတွင်၊ နေ့ရက်အစဉ်၊ လအစဉ် အတိုင်းလိုက်၍၊ အာဒါအမည်ရှိသော ဒွါဒသမလတိုင်အောင်၊ ဟာမန်ရှေ့မှာ ပုရစာရေးတံချကြ၏။ |
အာရွှေရုမင်းကြီးစိုးစံချိန် အစောပိုင်းတွင် ယုဒပြည်သူ ဂျေရုဆလင်မြို့သားတို့အား စွပ်စွဲသောတိုင်စာကို ရေးပို့ကြ၏။
ဤသို့ဖြင့် ဒါရိမင်းကြီးနန်းစံ ဆဋ္ဌမနှစ်၊ အာဒါလ၊ သုံးရက်နေ့တွင် အိမ်တော်ကို တည်ဆောက်ပြီးစီးခဲ့၏။
အာတဇေရဇ်မင်းကြီး နန်းစံအနှစ်နှစ်ဆယ်မြောက်၊ နိသန်လတွင် ရှေ့တော်၌ ရှိသော စပျစ်ဝိုင်ကို ငါသည် ယူ၍ ရှင်ဘုရင်ထံ ဆက်သ၏။ ထိုစဉ် ငါသည် ယခင်က မဖြစ်စဖူး မျက်နှာညှိုးငယ်လျက်ရှိ၏။
နန်းစံတတိယနှစ်တွင် မင်းကြီးသည် မိမိ၏မှူးမတ်နှင့် မင်းမှုထမ်းအပေါင်းတို့အတွက် စားသောက်ပွဲကိုကျင်းပလေ၏။ ပါးရှားပြည်နှင့် မေဒိပြည်မှစစ်သည်ဗိုလ်ပါများ၊ ပြည်တကာတို့မှ မင်းညီမင်းသားများနှင့် မှူးမတ်များလည်း သူနှင့်အတူ ပွဲခံကြ၏။
ဤသို့ဖြင့် အာရွှေရုမင်းကြီးနန်းစံ သတ္တမနှစ်၊ တေဗက်လဟုခေါ်သော ဒသမလတွင် ဧသတာကို ဘုရင့်နန်းဆောင်သို့ ခေါ်သွင်းလေ၏။
ဤသို့ဖြင့် ဘုရင့်စာနှင့် ဘုရင့်အမိန့်အတိုင်းလုပ်ဆောင်ရန် အာဒါလဟုခေါ်သော တစ်ဆယ့်နှစ်လ၊ တစ်ဆယ့်သုံးရက်နေ့ရောက်လာ၏။ ထိုနေ့တွင် ရန်သူတို့က ဂျူးလူမျိုးတို့ကို အနိုင်ယူစိုးမိုးတော့မည်ဟု ထင်ထားသော်လည်း မထင်မှတ်ဘဲ အခြေအနေမှာပြောင်းပြန်ဖြစ်သွား၍ ဂျူးလူမျိုးတို့သည် သူတို့ကိုမုန်းသောရန်သူတို့အား အနိုင်ယူစိုးမိုးသွားလေ၏။
ထိုစာတွင် နှစ်စဉ်နှစ်တိုင်း အာဒါလ၊ တစ်ဆယ့်လေးရက်နေ့နှင့် တစ်ဆယ့်ငါးရက်နေ့တွင် ပွဲတော်ကျင်းပရန် ပြဋ္ဌာန်းထား၏။
ဂျူးလူမျိုးတို့သည် သူတို့၏ရန်သူအားလုံးကိုဓားဖြင့် တိုက်ခိုက်သတ်ဖြတ်ဖျက်ဆီးပစ်၏။ သူတို့ကိုမုန်းသောသူတို့အား စိတ်တိုင်းကျပြုကြ၏။
မဲကို ပေါင်ခွင်၌ချတတ်ကြ၏။ သို့သော် စီရင်ဆုံးဖြတ်ချက်အားလုံးသည် ထာဝရဘုရားထံတော်မှလာ၏။
ထိုအခါ သူတို့သည် ကိုယ်တော်ကို လက်ဝါးကပ်တိုင်ပေါ်၌တင်ကြပြီး ကိုယ်တော်၏အဝတ်တော်များကို မဲချ၍ ခွဲဝေကြ၏။