မြေကြီးစွန်းရှိသမျှတို့၊ ငါ့ထံသို့ပြန်လှည့်လာ၍ ကယ်တင်ခြင်းကိုခံယူကြလော့။ အကြောင်းမူကား ငါသည် ဘုရားသခင်ဖြစ်၏။ အခြားဘုရားမရှိ။
ဟေရှာယ 60:8 - မြန်မာ့စံမီသမ္မာကျမ်း တိမ်တိုက်ကဲ့သို့လည်းကောင်း၊ အသိုက်ရှိရာသို့ပျံသန်းလာသောချိုးငှက်ကဲ့သို့လည်းကောင်း ပျံသန်းလာကြသည့် ဤသူတို့သည် မည်သူတို့နည်း။ Common Language Bible မိုးတိမ်များကဲ့သို့လည်းကောင်း၊အိပ်တန်းပြန် ချိုးငှက်များကဲ့သို့လည်းကောင်း၊ ရေမျက်နှာပြင်ကိုလျှပ်၍လာနေသောသင်္ဘောများ ကားအဘယ်သင်္ဘောများနည်း။ Garrad Bible မိုး တိမ် သ ဖွယ် လည်း ကောင်း၊ ကိုယ့် သိုက် မြုံ ပေါက် သို့ ချိုး အုပ် သ ဖွယ် လည်း ကောင်း၊ ပျံ ဝင် သော ဤ သူ တို့ ကား မည် သူ နည်း။ Judson Bible မိုးတိမ်ကဲ့သို့လည်းကောင်း၊ မိမိတို့အိမ်သို့ပျံသော ချိုးများကဲ့သို့လည်းကောင်း ပျံလာသော ဤသူတို့ကား၊ အဘယ်သူ ဖြစ်ကြလိမ့်မည်နည်း။ |
မြေကြီးစွန်းရှိသမျှတို့၊ ငါ့ထံသို့ပြန်လှည့်လာ၍ ကယ်တင်ခြင်းကိုခံယူကြလော့။ အကြောင်းမူကား ငါသည် ဘုရားသခင်ဖြစ်၏။ အခြားဘုရားမရှိ။
သင်က “မည်သူသည် ငါ့အတွက် ဤသူတို့ကို မွေးဖွားခဲ့သနည်း။ ငါသည် သားသမီးများဆုံးပါး၍ သားသမီးမရနိုင်သောသူ၊ ဖမ်းခေါ်သွားခြင်းခံရသူ၊ အပယ်ခံရသူဖြစ်၏။ ဤသူတို့ကို မည်သူကျွေးမွေးစောင့်ရှောက်ခဲ့သနည်း။ ငါသည် တစ်ယောက်တည်းကျန်ရစ်ခဲ့၏။ ဤသူတို့သည် မည်သည့်အရပ်မှရောက်လာကြသနည်း”ဟု သင့်စိတ်ထဲ၌ တွေးလိမ့်မည်။
ပတ်ပတ်လည်သို့မျှော်ကြည့်လော့။ လူအပေါင်းတို့သည်စုရုံး၍ သင့်ထံသို့လာကြပြီ။ သင်၏သားတို့သည် အဝေးကလာ၍ သင်၏သမီးတို့ကို ပွေ့ချီလာကြမည်။
သူတို့သည် ကြောက်ရွံ့တုန်လှုပ်လျက်ငှက်ကဲ့သို့ အီဂျစ်ပြည်မှလည်းကောင်း၊ ချိုးငှက်ကဲ့သို့ အဆီးရီးယားပြည်မှလည်းကောင်း ထွက်လာကြလိမ့်မည်။ ငါသည် သူတို့ကို နေရင်းပြည်၌ နေရာချထားပေးမည်”ဟု ထာဝရဘုရား မိန့်တော်မူ၏။
တစ်ဖန် လူတို့သည် အရှေ့အရပ်နှင့် အနောက်အရပ်တို့မှလည်းကောင်း၊ တောင်အရပ်နှင့် မြောက်အရပ်တို့မှလည်းကောင်း လာ၍ ဘုရားသခင်၏နိုင်ငံတော်တွင် စားသောက်ပွဲ၌ထိုင်ကြလိမ့်မည်။
ထို့ကြောင့် ဤမျှလောက်များပြားသောသက်သေတို့သည် ငါတို့ကိုဝိုင်းရံလျက်ရှိသည်ဖြစ်၍ ငါတို့သည် လေးသောဝန်နှင့် အလွယ်တကူငြိတွယ်တတ်သည့်သဘောရှိသော အပြစ်ရှိသမျှတို့ကို ဖယ်ရှားလျက် ငါတို့ရှေ့၌ပြင်ဆင်ထားသောပြေးပွဲကို ဇွဲလုံ့လဖြင့်ပြေးကြကုန်စို့။
ထို့နောက် ငါကြည့်လိုက်ရာ တိုင်းနိုင်ငံ၊ မျိုးနွယ်စု၊ လူမျိုးနှင့် ဘာသာစကားအသီးသီးတို့မှ မည်သူမျှမရေတွက်နိုင်သည့်များစွာသောလူအစုအဝေးသည် ဖြူသောဝတ်လုံကိုဝတ်ဆင်ထားလျက် သူတို့လက်၌ စွန်ပလွံခက်များကိုင်ဆောင်ကာ ပလ္လင်တော်နှင့်သိုးသငယ်တော်ရှေ့တွင် ရပ်နေကြ၏။