အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဟေ​ရှာ​ယ 46:11 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

အရှေ့​အရပ်​မှ အသားစားငှက်​ကို ငါ​ခေါ်​ခဲ့​မည်​။ ဝေးလံ​သော​အရပ်​မှ ငါ့​အကြံအစည်​ကို ပြည့်စုံ​စေ​သော​သူ​အား ငါ​ခေါ်​ခဲ့​မည်​။ ငါ​မိန့်ဆို​ပြီ​၊ အကယ်စင်စစ် ငါ​ဖြစ်စေ​မည်​။ ငါ​ကြံရွယ်​ပြီ​၊ အကယ်စင်စစ် ငါ​ပြု​မည်​။

အခန်းကိုကြည့်ပါ။

Common Language Bible

ငါ​သည်​အ​ရှေ့​အ​ရပ်​မှ​လူ​တစ်​ဦး​ကို​ခေါ် ယူ​မည်။ သူ​သည်​စွန်​ရဲ​ကဲ့​သို့​ထိုး​ဆင်း​လာ​ပြီး​လျှင် ငါ​ကြံ​စည်​ထား​သည့်​အ​မှု​တို့​ကို​ဆောင်​ရွက် ပေး​လိမ့်​မည်။ ဤ​ကား​ငါ​မြွက်​ဆို​သည့်​စ​ကား​ဖြစ်​၍​ဤ အ​တိုင်း ဖြစ်​ပျက်​ရ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။

Garrad Bible

အ လို တော် အ တိုင်း ပြီး မြောက် စေ ရန်၊ ဝေး ကွာ သော အ ရှေ့ မျက် နှာ မှ၊ ငှက် ရဲ သ ဖွယ် ဖြစ် သူ့ အား ခေါ် ခြင်း များ ကို ငါ ပြု၏။ မု ချ အား ဖြင့်၊ ငါ မိန့် ခဲ့ သည့် အ တိုင်း ဖြစ် စေ လိမ့် မည်။ ပြ ဌာန်း ခဲ့ သည့် အ တိုင်း စီ ရင် လိမ့် မည်။

အခန်းကိုကြည့်ပါ။

Judson Bible

ဝေး​သော​အ​ရပ်၊ အ​ရှေ့​မျက်​နှာ​မှ ငါ၏​လက်​ထောက်​တည်း​ဟူ​သော ငှက်​ရဲ​ကို ခေါ်​လျက်၊ ငါ​သည် ဘု​ရား​သ​ခင်​ဖြစ်၏။ ငါ​နှင့်​တူ​သော​သူ မည်​မျှ​မ​ရှိ။ ငါ​သည် နှုတ်​ထွက်​အ​တိုင်း​ပြု​မည်။ ကြံ​သည်​အ​တိုင်း စီ​ရင်​မည်။

အခန်းကိုကြည့်ပါ။



ဟေ​ရှာ​ယ 46:11
31 ပူးပေါင်းရင်းမြစ်များ  

ပါးရှား​ဘုရင်​ကုရု​မင်းကြီး​က “​ကောင်းကင်ဘုံရှင် ဘုရားသခင်​ထာဝရဘုရား​သည် မြေကြီး​ပေါ်ရှိ​တိုင်းနိုင်ငံ​အလုံးစုံ​ကို ငါ့​အား ပေး​တော်မူ​ပြီ​။ ယုဒ​ပြည်​၊ ဂျေရုဆလင်​မြို့​တွင် ကိုယ်တော့်​အဖို့ အိမ်​တော်​ကို​တည်​ရန် ငါ့​ကို ခန့်ထား​တော်မူ​ပြီ​။


သို့သော် ကိုယ်တော်​သည် ပြောင်းလဲ​ခြင်း​မ​ရှိ​။ ကိုယ်တော်​ကို မည်သူ​မျှ ပြောင်းလဲ​အောင်​မ​ပြု​နိုင်​။ စိတ်​အလို​တော်​ရှိ​သည့်​အတိုင်း ပြု​တော်မူ​ပါ​၏​။


ကိုယ်တော်​၏​သက်သေခံချက်​တို့​သည် အကျွန်ုပ်​မွေ့လျော်​ရာ​၊ အကျွန်ုပ်​တိုင်ပင်ဖက်​ဖြစ်​ကြ​ပါ​၏​။


အကယ်စင်စစ် လူ​တို့​၏​အမျက်ဒေါသ​သည် ကိုယ်တော်​ကို​ချီးမွမ်း​လိမ့်မည်​။ ကိုယ်တော်​သည် အမျက်ဒေါသ​အကြွင်းအကျန်​များ​ဖြင့် မိမိကိုယ်မိမိ​ပတ်စည်း​တော်မူ​လိမ့်မည်​။


ဘုရားရှင်​သည် ဇိအုန်​တောင်​နှင့်​ဂျေရုဆလင်​မြို့​၌ ပြု​ရ​မည့်​အမှု​ရှိသမျှ​ကို ပြု​ပြီး​သောအခါ စိတ်နှလုံး​ခက်ထန်​သော​၊ မျက်နှာ​ထောင်လွှား​သော အဆီးရီးယား​ဘုရင်​ကို အပြစ်ဒဏ်​ပေး​မည်​။


သူ​တို့​အားလုံး​ကို တောင်​ပေါ်မှာ​နေ​သော အသားစားငှက်​၊ မြေကြီး​ပေါ်မှာ​နေ​သော တိရစ္ဆာန်​တို့​အတွက် စွန့်ပစ်​ထား​မည်​။ အသားစားငှက်​တို့​သည် နွေကာလ​တစ်လျှောက်လုံး​၊ မြေကြီး​တိရစ္ဆာန်​အပေါင်း​တို့​သည် ဆောင်းကာလ​တစ်လျှောက်လုံး အသေကောင်​ကို စား​ကြ​လိမ့်မည်​။


ထို​နေ့ရက်​၌ မြဲမြံ​သော​နေရာ​၌ စိုက်​ထား​သော​ငုတ်​သည် ဆွဲနုတ်​ခံရ​မည်​။ ခုတ်ဖြတ်​လှဲချ​ခံရ​မည်​။ သူ​၏​ဝန်ထုပ်​သည်​လည်း ဖယ်ရှား​ခြင်း​ခံရ​မည်​’​ဟူ၍ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​မိန့်​တော်မူ​သည်​”​ဟု ဆင့်ဆို​လော့​။


အို ထာဝရဘုရား​၊ ကိုယ်တော်​သည် အကျွန်ုပ်​၏​ဘုရားသခင်​ဖြစ်​တော်မူ​၏​။ အကျွန်ုပ်​သည် ကိုယ်တော့်​ကို ချီးမြှောက်​ပါ​မည်​။ ကိုယ်တော်​၏​နာမ​တော်​ကို ချီးမွမ်း​ပါ​မည်​။ အကြောင်းမူကား ကိုယ်တော်​သည် အံ့ဖွယ်​သော​အမှု​ကို​ပြု​တော်မူ​ပြီ​။ ရှေး​အကြံအစည်​တော်​တို့​ကို မြဲမြံ​သော​သစ္စာ​နှင့်​ပြု​တော်မူ​ပြီ​။


ဤ​အမှု​ကို ရှေးယခင်​ကပင် ငါ​ချမှတ်​ခဲ့​ကြောင်း သင်​မ​ကြား​ဖူး​သလော​။ သင်​သည် ခိုင်ခံ့​သော​မြို့​တို့​ကို အပျက်အစီး​ကျောက်ပုံ​ဖြစ်စေ​မည်​ကို ရှေးယခင်​ကပင် ငါ​စီမံ​ထား​၍ ယခု ငါ​ဖြစ်​စေ​ပြီ​။


ငါ​ဘာများ​ပြောဆို​နိုင်​မည်နည်း​။ ကိုယ်တော်​သည် ငါ့​ကို​မိန့်​တော်မူ​သည့်​အတိုင်း ပြု​တော်မူ​ပြီ​။ စိတ်​ဒုက္ခဝေဒနာ​ကို ငါ​ခံစား​ခဲ့​ရ​သည်​ဖြစ်၍ ငါ့​အသက်တာ​တစ်လျှောက်လုံး သတိရှိရှိ​လျှောက်လှမ်း​ပါ​မည်​။


ဖြောင့်မတ်​သော​သူ​ကို အရှေ့​အရပ်​မှ ပေါ်ထွန်း​စေ​သော​သူ​ကား မည်သူ​နည်း​။ သူ့​ထံ လူမျိုးတကာ​တို့​ကို အပ်နှံ​သော​သူ​၊ သူ့​အား ရှင်ဘုရင်​တို့​ကို အုပ်စိုး​ရ​သော​အခွင့် ပေး​သော​သူ​ကား မည်သူ​နည်း​။ ထို​သူ​တို့​ကို သူ​၏​ဓား​ဖြင့် မြေမှုန့်​ကဲ့သို့​ဖြစ်စေ​၍ သူ​၏​လေး​ဖြင့် ဖွဲ​ကဲ့သို့​လွင့်​စေ​သော​သူ​ကား မည်သူ​နည်း​။


မြောက်အရပ်​မှ တစ်စုံတစ်ဦး​ကို ငါ​လှုံ့ဆော်​၍ သူ​သည် နေထွက်​ရာ​အရပ်​မှ​လာ​လေ​ပြီ​။ သူ​သည် ငါ့​နာမ​ကို​ဟစ်ခေါ်​လိမ့်မည်​။ အိုးထိန်းသည်​သည် မြေစေး​ကို​နင်း​သကဲ့သို့ သူ​သည် မင်းအရာရှိ​တို့​ကို ရွှံ့​သဖွယ်​နင်း​လိမ့်မည်​။


ကုရု​မင်းကြီး​နှင့်​ပတ်သက်၍ ‘​သူ​သည် ငါ​၏​သိုးထိန်း​ဖြစ်၍ ငါ့​အလိုဆန္ဒ​ရှိသမျှ​ကို သူ​ပြည့်စုံ​စေ​မည်​’​ဟု ငါ​မိန့်ဆို​၏​။ ဂျေရုဆလင်​မြို့​နှင့်​ပတ်သက်၍ ‘​ထို​မြို့​ကို တည်ဆောက်​ကြ​လိမ့်မည်​’​၊ ဗိမာန်တော်​နှင့်​ပတ်သက်၍ ‘​ဗိမာန်တော်​ကို အုတ်မြစ်ချ​ကြ​လိမ့်မည်​’​ဟု ငါ​မိန့်ဆို​၏​”​ဟူ၍ မိန့်​တော်မူ​၏​။


ငါ​ကိုယ်တော်တိုင် ကုရု​မင်းကြီး​ကို ဖြောင့်မတ်​ခြင်း​အတွက် နိုးထ​စေ​ပြီ​။ သူ​သွား​ရာ​လမ်း​ရှိသမျှ​ကို ဖြောင့်ဖြူး​စေ​မည်​။ သူ​သည် ငါ​၏​မြို့​ကို ပြန်လည်​တည်ဆောက်​လိမ့်မည်​။ ဖမ်းဆီးခေါ်ဆောင်​သွား​ခြင်း​ခံရ​သော​ငါ့​လူ​တို့​ကို အဖိုးအခ​၊ တံစိုးလက်ဆောင်​မ​ယူ​ဘဲ လွှတ်​လိမ့်မည်​”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။


ကွင်းပြင်​ရှိ​တိရစ္ဆာန်​အပေါင်း​တို့​၊ ဝါးမျို​ရန်​လာ​ကြ​လော့​။ တော​ထဲ​ရှိ​တိရစ္ဆာန်​အပေါင်း​တို့​၊ ဝါးမျို​ရန်​လာ​ကြ​လော့​။


ဓားဘေး​မှ​လွတ်မြောက်​သော​သူ​အနည်းငယ်​တို့​သည် အီဂျစ်​ပြည်​မှ​ယုဒ​ပြည်​သို့ ပြန်လာ​ကြ​လိမ့်မည်​။ ထိုအခါ သူ​တို့​စကား​တည်​သလော​၊ ငါ့​စကား​တည်​သလော​။ မည်သူ့​စကား​တည်​သည်​ကို အီဂျစ်​ပြည်​သို့ သွားရောက်​နေထိုင်​သော ယုဒ​လူ​အကြွင်းအကျန်​ရှိသမျှ​တို့ သိ​ရ​ကြ​လိမ့်မည်​။


ဘေဘီလုံ​မြို့​ကို​တိုက်ခိုက်​ရန် လေး​ပစ်ကျွမ်း​သော​လေးသည်တော်​အပေါင်း​တို့​ကို ခေါ်​ကြ​။ မြို့​ပတ်ပတ်လည်​၌ တပ်ချ​ကြ​။ ထို​မြို့​သည် အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင် ထာဝရဘုရား​ကို ဆန့်ကျင်​သည်​ဖြစ်​၍ ထို​မြို့​ပြု​ခဲ့​သမျှ​အတိုင်း ပြန်​၍​ပြု​ကြ​။ ထို​မြို့​ကျင့်​သည့်​အတိုင်း ပြန်ပေးဆပ်​စေ​။ မည်သူမျှ မ​လွတ်မြောက်​စေ​နှင့်​။


ကြည့်ရှု​လော့​။ ရန်သူ​သည် ခြင်္သေ့​ကဲ့သို့ ဂျော်ဒန်​တောအုပ်​မှ စိမ်းလန်း​သော​စားကျက်မြေ​သို့​တက်လာ​သောအခါ ထို​ပြည်သား​တို့​ကို ထို​ပြည်​မှ ငါ​ရုတ်ချည်း​ထွက်ပြေး​စေ​မည်​။ ငါ​ရွေးချယ်​သော​သူ​ကို ထို​ပြည်​၌ ငါ​ခန့်ထား​မည်​။ မည်သူ​သည် ငါ​နှင့်​တူ​သနည်း​။ မည်သူ​သည် ငါ့​ကို​စိန်ခေါ်​ဝံ့​သနည်း​။ မည်သည့်​သိုးထိန်း​သည် ငါ့​ကို​ဆန့်ကျင်​ပြီး ရပ်တည်​နိုင်​သနည်း​”​ဟု မိန့်​တော်မူ​၏​။


ထို့ကြောင့် ဘေဘီလုံ​မြို့​ကို​ဆန့်ကျင်​၍ ထာဝရဘုရား ကြံစည်​ထား​သော​အကြံအစည်​၊ ခါလဒဲ​ပြည်သား​တို့​ကို​ဆန့်ကျင်​၍ ရည်ရွယ်​ထား​သော​ရည်ရွယ်​ချက်​တို့​ကို နားထောင်​ကြ​လော့​။ အကယ်စင်စစ် ရန်သူ​သည် သူ​တို့​၏​သိုးငယ်လေး​များ​ကို ဆွဲခေါ်​သွား​ကြ​မည်​။ အကယ်စင်စစ် သူ​တို့​ကြောင့် စားကျက်မြေ​များ ဖျက်ဆီး​ခြင်း​ခံရ​မည်​။


သင်​နှင့်​သင်​၏​စစ်သည်​အားလုံး​အပါအဝင် သင်​၌​ရှိ​သော​လူ​တို့​သည် အစ္စရေး​တောင်​များ​ပေါ်တွင် ကျဆုံး​ကြ​လိမ့်မည်​။ သင့်​ကို အသားစားငှက်​အမျိုးမျိုး​နှင့် တောရိုင်းတိရစ္ဆာန်​တို့​၏​အစာ ဖြစ်​စေ​မည်​။


လိမ်လည်​ပြောဆို​ရ​အောင် ဘုရားသခင်​သည် လူ​ဖြစ်​သည်​မ​ဟုတ်​။ စိတ်ပြောင်းလဲ​ရ​အောင် လူသား​ဖြစ်​သည်​မ​ဟုတ်​။ ကိုယ်တော်​သည် မိန့်​တော်မူ​ပြီးမှ မ​ပြု​ဘဲ​နေ​တော်မူ​မည်လော​။ ကတိထား​တော်မူ​ပြီးမှ မ​တည်​ဘဲ​နေ​တော်မူ​မည်လော​။


ကိုယ်တော်​၏​လက်​တော်​နှင့်​အကြံအစည်​တော်​တို့​အားဖြင့် ဖြစ်ပျက်​လာ​ရန်​ကြိုတင်​သတ်မှတ်​ထား​သမျှ​သော​အရာ​တို့​ကို ပြု​ခဲ့​ကြ​ပါ​ပြီ။


သို့သော် ဘုရားသခင်​ထံမှ​ဖြစ်​လျှင် သူ​တို့​ကို​ဖျက်ဆီး​၍​မ​ရ​နိုင်​သည်​သာမက သင်​တို့​သည် ဘုရားသခင်​ကို​ဆန့်ကျင်​သူ​များ​ဖြစ်သွား​နိုင်​၏”​ဟု ပြောဆို​လေ​၏။ ထို​သူ​တို့​သည်​လည်း သူ​၏​အကြံပေး​ချက်​ကို လက်ခံ​ကြ​၏။


ငါ​တို့​သည်​လည်း အရာ​ခပ်သိမ်း​တို့​ကို မိမိ​အလို​တော်​နှင့်ညီသော​ဆုံးဖြတ်​ချက်​အတိုင်း လုပ်ဆောင်​စေ​တော်မူ​သော​အရှင်​၏​အကြံအစည်​တော်​နှင့်အညီ ကြိုတင်​သတ်မှတ်​ထား​ခြင်း​ခံရ​၍ ထို​ခရစ်တော်​အားဖြင့် အမွေ​တော်​ကို​ရရှိ​ကြ​၏။


ဆဋ္ဌမ​ကောင်းကင်​တမန်​သည် သူ​၏​ဖလား​ကို ကြီးမား​သော​ယူဖရေးတီး​မြစ်​ပေါ်သို့​သွန်းလောင်း​သောအခါ အရှေ့​ပြည်​မှ​ဘုရင်​များ​အတွက် လမ်း​ကို​ပြင်ဆင်​ပေး​ရန် မြစ်​ရေ​သည်​ခန်းခြောက်​သွား​လေ​၏။