ဟေရှာယ 22:15 - မြန်မာ့စံမီသမ္မာကျမ်း ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရား ဤသို့မိန့်တော်မူ၏။ “နန်းတော်အုပ်ဖြစ်သော ဘဏ္ဍာစိုးရှေဗနထံသို့သွားလော့။ Common Language Bible အနန္တတန်ခိုးရှင်ထာဝရဘုရားသည် ငါ့ကို နန်းတော်အုပ်ချုပ်ရေးမှူးရှေဗန၏အိမ်သို့ သွား၍သူ့အား၊- Garrad Bible ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား သ ခင် မိန့် တော် မူ ပြန် သည် ကား။ လက် သုံး တော် ချုပ် ရှေ ဗ န ထံ သွား၍ ဆင့် ဆို ရ မည် မှာ၊ Judson Bible ကောင်းကင်ဗိုလ်ခြေသခင် အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဘဏ္ဍာတော်စိုး၊ နန်းတော်အုပ် ရှေဗနအိမ်သို့ သွားပြီးလျှင်၊ |
ထို့ကြောင့် နန်းတော်အုပ်၊ မြို့အုပ်၊ သက်ကြီးဝါကြီးများနှင့် အထိန်းတော်များက ယေဟုထံသို့ လူလွှတ်ကာ “အကျွန်ုပ်တို့သည် အရှင့်အစေအပါးများ ဖြစ်ကြပါ၏။ အရှင်မိန့်တော်မူသမျှ အကျွန်ုပ်တို့ ပြုပါမည်။ မည်သူ့ကိုမျှ မင်းမမြှောက်ပါ။ အရှင်အလိုရှိသည့်အတိုင်းသာ ပြုပါ”ဟု အကြောင်းပြန်လေ၏။
ရှင်ဘုရင်ကို ဆင့်ခေါ်ရာ ဟိလခိ၏သားနန်းတော်အုပ်ဧလျာကိမ်၊ စာရေးတော်ကြီးရှေဗန၊ အာသပ်၏သားအတွင်းဝန်ယောအာတို့သည် သူတို့ထံသို့ လာကြ၏။
ထိုအခါ ဟိလခိ၏သားဧလျာကိမ်၊ ရှေဗန၊ ယောအာတို့က ရာဗရှာခအား “အာရမိတ်ဘာသာစကားကို ကျွန်တော်မျိုးတို့နားလည်သည်ဖြစ်၍ ကျွန်တော်မျိုးတို့အား အာရမိတ်ဘာသာစကားနှင့်ပြောပါလော့။ မြို့ရိုးပေါ်ရှိလူတို့ကြားသိအောင် ယုဒဘာသာစကားဖြင့် မပြောပါနှင့်”ဟု ဆိုကြ၏။
ထို့နောက် ဟိလခိ၏သား နန်းတော်အုပ်ဧလျာကိမ်၊ စာရေးတော်ကြီးရှေဗန၊ အာသပ်၏သား အတွင်းဝန်ယောအာတို့သည် မိမိတို့အဝတ်ကိုဆုတ်ဖြဲပြီး ဟေဇကိမင်းကြီးထံသို့ပြန်လာ၍ ရာဗရှာခပြောသောစကားတို့ကို လျှောက်ထားကြ၏။
မင်းကြီးသည် လျှော်တေအဝတ်ဝတ်ထားသည့် နန်းတော်အုပ်ဧလျာကိမ်၊ စာရေးတော်ကြီးရှေဗန၊ အသက်ကြီးသောယဇ်ပုရောဟိတ်တို့ကို အာမုတ်၏သားပရောဖက်ဟေရှာယထံသို့ စေလွှတ်၏။
အဒျေလ၏သား အာဇမာဝက်သည် ဘုရင့်ဘဏ္ဍာတိုက်ကို ကြီးကြပ်ပေးရ၏။ ဩဇိ၏သားယောနသန်သည် ကျေးလက်ဒေသများ၊ မြို့များ၊ ရွာများနှင့် ရဲတိုက်များ၌ရှိသော သိုလှောင်ရုံများကို ကြီးကြပ်ပေးရ၏။
ထိုအခါ ဧလျာကိမ်၊ ရှေဗန၊ ယောအာတို့က ရာဗရှာခအား “အာရမိတ်ဘာသာစကားကို ကျွန်တော်မျိုးတို့နားလည်သည်ဖြစ်၍ ကျွန်တော်မျိုးတို့အား အာရမိတ်ဘာသာစကားနှင့်ပြောပါလော့။ မြို့ရိုးပေါ်ရှိလူတို့ကြားသိအောင် ယုဒဘာသာစကားဖြင့် မပြောပါနှင့်”ဟု ဆိုကြ၏။
ထို့နောက် ဟိလခိ၏သား နန်းတော်အုပ်ဧလျာကိမ်၊ စာရေးတော်ကြီးရှေဗန၊ အာသပ်၏သား အတွင်းဝန်ယောအာတို့သည် မိမိတို့အဝတ်ကိုဆုတ်ဖြဲပြီး ဟေဇကိမင်းကြီးထံသို့ ပြန်လာ၍ ရာဗရှာခပြောသောစကားတို့ကို လျှောက်ထားကြ၏။
ထိုအခါ ဟိလခိ၏သားနန်းတော်အုပ်ဧလျာကိမ်၊ စာရေးတော်ကြီးရှေဗန၊ အာသပ်၏သားအတွင်းဝန်ယောအာတို့သည် သူ့ထံသို့ လာကြ၏။
မင်းကြီးသည် လျှော်တေအဝတ်ဝတ်ထားသည့် နန်းတော်အုပ်ဧလျာကိမ်၊ စာရေးတော်ကြီးရှေဗန၊ အသက်ကြီးသောယဇ်ပုရောဟိတ်တို့ကို အာမုတ်၏သား ပရောဖက်ဟေရှာယထံသို့ စေလွှတ်၏။
ထို့ကြောင့် ဖိလိပ္ပုသည်ထ၍ သွားလေ၏။ ထိုစဉ် အီသီယိုးပီးယားဘုရင်မကန္ဒက်၏မှူးမတ်ကြီးဖြစ်ပြီး ဘုရင်မ၏ဘဏ္ဍာအားလုံးကို စီမံအုပ်ချုပ်ရသော အီသီယိုးပီးယားပြည်သားတစ်ဦးသည် ဂျေရုဆလင်မြို့သို့ လာရောက်ဝတ်ပြုကိုးကွယ်ပြီး