သင်သည် ခြောက်လှန့်မည့်သူမရှိဘဲ လဲလျောင်းရလိမ့်မည်။ လူများစွာတို့သည် သင်၏မျက်နှာသာပေးမှုကို လိုချင်ကြလိမ့်မည်။
ဟေရှာယ 17:2 - မြန်မာ့စံမီသမ္မာကျမ်း အာရော်မြို့ရွာများသည် စွန့်ပစ်ခြင်းခံရ၍ တိရစ္ဆာန်အုပ်တို့နေစရာဖြစ်လိမ့်မည်။ တိရစ္ဆာန်တို့သည် ခြောက်လှန့်မည့်သူမရှိဘဲ ထိုနေရာတွင် အိပ်ရလိမ့်မည်။ Common Language Bible ရှုရိမြို့များသည်လည်းထာဝစဉ်လူသူ ဆိတ်ငြိမ်ရာဖြစ်လိမ့်မည်။ ထိုမြို့တို့သည်သိုး များနှင့်ကျွဲနွားများ၏စားကျက်ဖြစ်လိမ့် မည်။ ထိုတိရစ္ဆာန်တို့အားမောင်းထုတ်မည့်သူ ရှိလိမ့်မည်မဟုတ်။- Garrad Bible အာ ရော် မြို့ ရွာ များ သည် ဆိတ် ညံ ရာ ဖြစ် သ ဖြင့်၊ ကြောက် ရွံ့ ခြင်း ကင်း လျက် သိုး အုပ် တို့ ဝပ် ရာ ဖြစ် လေ ပြီ။ Judson Bible အာရော်မြို့များကို စွန့်ပစ်သောကြောင့်၊ သိုးစုတို့သည်ပိုင်၍၊ အဘယ်သူမျှမမောင်းဘဲ အိပ်ကြလိမ့်မည်။ |
သင်သည် ခြောက်လှန့်မည့်သူမရှိဘဲ လဲလျောင်းရလိမ့်မည်။ လူများစွာတို့သည် သင်၏မျက်နှာသာပေးမှုကို လိုချင်ကြလိမ့်မည်။
ခိုင်ခံ့သောမြို့သည် အထီးကျန်၍ တောကန္တာရကဲ့သို့ စွန့်ခွာသွားခြင်း၊ စွန့်ပစ်ထားခြင်းခံရသောနေရာဖြစ်လိမ့်မည်။ နွားသငယ်သည် ထိုနေရာတွင် ကျက်စားလိမ့်မည်၊ လဲလျောင်းလိမ့်မည်။ ထိုနေရာရှိအခက်အလက်တို့ကို အကုန်အစင်စားလိမ့်မည်။
သိုးသငယ်တို့သည် မိမိတို့စားကျက်၌ ကျက်စားကြလိမ့်မည်။ သူစိမ်းတစ်ရံဆံတို့သည် သူဌေးတို့၏ပြိုပျက်ရာကို ဝါးမျိုကြလိမ့်မည်။
ထိုနေ့ရက်၌ လူတစ်ဦးသည် နွားမတမ်းတစ်ကောင်နှင့် သိုးနှစ်ကောင်ကိုမွေးမြူလျှင်ပင်
နို့များစွာထွက်သဖြင့် သူသည် ထောပတ်ကိုစားရလိမ့်မည်။ အကယ်စင်စစ် ထိုပြည်၌ ကြွင်းကျန်သောသူအပေါင်းတို့သည် ထောပတ်နှင့်ပျားရည်ကို စားရကြလိမ့်မည်။
အို အာရော်မြို့သားတို့၊ လမ်း၌ရပ်လျက် စောင့်ကြည့်ကြလော့။ ထွက်ပြေးလာသောယောက်ျား၊ လွတ်မြောက်လာသောမိန်းမတို့ကို ‘ဘာဖြစ်သနည်း’ဟု မေးမြန်းလော့။
ဤလူမျိုးအသေကောင်တို့ကို မိုးကောင်းကင်ရှိငှက်များ၊ မြေကြီးပေါ်ရှိတိရစ္ဆာန်များသည် ခြောက်လှန့်မည့်သူမရှိဘဲ စားကြလိမ့်မည်။
ရဗ္ဗာမြို့ကို ကုလားအုတ်တို့ကျက်စားရာ၊ အမ္မုန်ပြည်ကို သိုးများနားနေရာ ဖြစ်စေမည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိကြလိမ့်မည်’ဟု မိန့်တော်မူ၏။
သူတို့၏နေရင်းပြည်တွင် ခြိမ်းခြောက်မည့်သူမရှိ ဘေးကင်းလုံခြုံစွာနေရသောအခါ သူတို့အရှက်ကွဲခဲ့ရသည်ကိုလည်းကောင်း၊ ငါ့အပေါ်သစ္စာမဲ့၍ ဖောက်ပြန်မှားယွင်းခဲ့ကြသည်ကိုလည်းကောင်း မေ့လျော့ကြလိမ့်မည်။
လူတို့သည် မိမိတို့၏စပျစ်ပင်၊ သဖန်းပင်တို့အောက်တွင် ထိုင်ကြလိမ့်မည်။ သူတို့ကို ခြိမ်းခြောက်မည့်သူ တစ်ယောက်မျှရှိမည်မဟုတ်။ ထိုသို့ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား နှုတ်မြွက်တော်မူပြီ။
ပင်လယ်ကမ်းရိုးတန်းတွင် သိုးထိန်းတို့ကျက်စားရာမြက်ခင်းပြင်များ၊ သိုးခြံများ နေရာယူလိမ့်မည်။
အာနုန်ချောင်းစပ်ရှိအာရော်မြို့မှစ၍ ထိုချောင်းအနားရှိမြို့အပါအဝင် ဂိလဒ်မြို့တိုင်အောင် ငါတို့ကိုခုခံနိုင်သောမြို့တစ်မြို့မျှမရှိ။ ငါတို့ဘုရားသခင်ထာဝရဘုရားသည် ထိုမြို့အားလုံးကို ငါတို့အား ပေးတော်မူ၏။
ထိုအချိန်၌ ငါတို့သိမ်းပိုက်ခဲ့သောမြေကို ရုဗင်အမျိုးနှင့်ဂဒ်အမျိုးတို့အား အာနုန်ချောင်းနံဘေးရှိအာရော်မြို့မှ ဂိလဒ်တောင်ပေါ်ဒေသတစ်ဝက်အထိ မြို့များနှင့်တကွ ငါပေး၏။
သူတို့ရရှိသောနယ်မြေမှာ ဤသို့ဖြစ်၏။ အာနုန်ချောင်းနံဘေးရှိ အာရော်မြို့နှင့် ချောင်းအလယ်ပိုင်းရှိမြို့၊ မေဒဘလွင်ပြင်တစ်ခုလုံး၊
သူတို့ရရှိသောနယ်မြေမှာ ဤသို့ဖြစ်၏။ ယာဇာမြို့၊ ဂိလဒ်ပြည်ရှိမြို့အားလုံး၊ ရဗ္ဗာမြို့အရှေ့ဘက်ရှိ အာရော်မြို့အထိ အမ္မုန်အမျိုးသားတို့၏ပြည်တစ်ဝက်၊