အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဟေ​ဗြဲ 9:16 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

သေတမ်းစာ​ကို​တင်ပြ​ရာ​တွင် ထို​သေတမ်းစာ​ကို​ရေး​ထား​သူ သေဆုံး​ပြီ​ဖြစ်​ကြောင်း အထောက်အထား​ပြ​ရန်​လိုအပ်​၏။

အခန်းကိုကြည့်ပါ။

Common Language Bible

သေ​တမ်း​စာ​အ​တည်​ဖြစ်​နိုင်​ရန်​သေ​တမ်း​စာ​ကို ရေး​သား​ခဲ့​သူ​မှာ အ​မှန်​ပင်​သေ​ပြီ​ဖြစ်​ကြောင်း အ​ထောက်​အ​ထား​ပြ​ရ​ပေ​သည်။-

အခန်းကိုကြည့်ပါ။

Garrad Bible

သေ တမ်း စာ ရှိ လျှင် ထား သူ၏ သေ ခြင်း လည်း ရှိ ရ မည်။

အခန်းကိုကြည့်ပါ။

Judson Bible

အ​မွေ​ခံ​စေ​ခြင်း​ငှာ အ​ခွင့်​ပေး၍ စာ​ချုပ်​သည်​အ​မှု​မှာ​လည်း စာ​ချုပ်​တည်​လျှင် စာ​ချုပ်​သော​သူ​သည် ဧ​ကန်​သေ​ရ​မည်​မှန်​ပြီ။-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

သေတမ်းစာ​ကို အတည်ပြုရာ​တွင် ထို​သေတမ်းစာ​ကို ရေးခဲ့သူ သေဆုံးကြောင်း သက်သေပြ​ရန် လိုအပ်၏။

အခန်းကိုကြည့်ပါ။



ဟေ​ဗြဲ 9:16
8 ပူးပေါင်းရင်းမြစ်များ  

ထို့ကြောင့် တစ်​ယောက်​သော​သူ​အားဖြင့် အပြစ်​တရား​သည် ဤ​လောက​ထဲသို့​ဝင်​လာ​၍ အပြစ်​တရား​အားဖြင့် သေ​ခြင်း​တရား​ဝင်လာ​သည်​နှင့်အညီ လူ​အပေါင်း​တို့​သည် အပြစ်​ပြု​သဖြင့် လူသား​အားလုံး​အပေါ်၌ သေ​ခြင်း​တရား​သက်ရောက်​ခဲ့​၏။


အကြောင်းမှာ အပြစ်​၏​အခ​သည် သေ​ခြင်း​ဖြစ်​၏။ ဘုရားသခင်​ပေး​တော်မူ​သော​ဆု​ကျေးဇူး​မူကား ငါ​တို့​၏​သခင်​ခရစ်တော်​ယေရှု​အားဖြင့် ထာဝရ​အသက်​ဖြစ်​၏။


အကြောင်းမူကား လူ​အပေါင်း​တို့​သည် အာဒံ​အားဖြင့် သေဆုံး​ကြ​ရ​သည့်​နည်းတူ လူ​အပေါင်း​တို့​သည် ခရစ်တော်​အားဖြင့် အသက်ရှင်​စေ​ခြင်း​ကို​ခံ​ကြ​ရ​လိမ့်မည်။


သား​တော်​သည် ဘုရားသခင်​၏​ဘုန်း​တော်​ရောင်ခြည်​နှင့် ဇာတိ​အဖြစ်​တော်​တို့​ကို ထင်ဟပ်​သော​ပုံသဏ္ဌာန်​ဖြစ်​တော်မူ​ပြီး မိမိ​၏​တန်ခိုး​နှင့်​ပြည့်စုံ​သော နှုတ်ကပတ်တော်​အားဖြင့် အရာ​ခပ်သိမ်း​ကို​တည်​စေ​၍ အပြစ်​များ​အတွက် စင်ကြယ်​ခြင်း​ဝတ်​ကို​ပြု​ပြီးလျှင် အထက်​ကောင်းကင်​၌ ဘုန်းတန်ခိုး​ရှင်​၏​လက်ယာ​ဘက်​တွင် ထိုင်​တော်မူ​၏။


ထာဝရ​ပဋိညာဉ်​နှင့်ဆိုင်သော​သွေး​တော်​အားဖြင့် သိုး​တို့​၏​သိုးထိန်း​ကြီး​ဖြစ်​တော်မူ​သော ငါ​တို့​သခင်​ယေရှု​ကို သေ​သော​သူ​တို့​ထဲမှ ခေါ်ထုတ်​တော်မူ​သည့် ငြိမ်သက်​ခြင်း​အရှင်​ဘုရားသခင်​သည်


ထို့ကြောင့် ခရစ်တော်​သည် ပဋိညာဉ်​သစ်​၏​ကြားဝင်​စေ့စပ်​သူ​ဖြစ်​တော်မူ​၏။ ဤသည်ကား ပထမ​ပဋိညာဉ်​လက်အောက်​၌ ဖောက်ဖျက်​ကျူးလွန်​သော​အပြစ်​များ​မှ လူ​တို့​ကို​ရွေးနုတ်​ရန် ကိုယ်တော်​သည် အသေခံ​တော်မူ​ခြင်း​အားဖြင့် ခေါ်ယူ​တော်မူ​သော​သူ​တို့​သည် ထာဝရ​အမွေ​နှင့်ဆိုင်သော​ကတိ​တော်​ကို ရရှိ​မည့်​အကြောင်း​တည်း။


အကြောင်းမူကား သေတမ်းစာ​သည် ၎င်း​ကို​ရေး​ထား​သူ​အသက်ရှင်​နေ​စဉ် အကျုံး​မ​ဝင်၊ ထို​သူ​သေဆုံး​မှ​သာ အတည်​ဖြစ်​၏။


အဘယ်ကြောင့်​ဆိုသော် ပညတ်​တရား​အလုံးစုံ​ကို​စောင့်ထိန်း​သော်လည်း တစ်​ပါး​ကို​မှား​လျှင် ပညတ်​တရား​အလုံးစုံ​ကို ကျူးလွန်​ရာ​ရောက်​၏။