Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ဗြဲ 9:16 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

16 သေတမ်းစာ​ကို အတည်ပြုရာ​တွင် ထို​သေတမ်းစာ​ကို ရေးခဲ့သူ သေဆုံးကြောင်း သက်သေပြ​ရန် လိုအပ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

16 သေ​တမ်း​စာ​အ​တည်​ဖြစ်​နိုင်​ရန်​သေ​တမ်း​စာ​ကို ရေး​သား​ခဲ့​သူ​မှာ အ​မှန်​ပင်​သေ​ပြီ​ဖြစ်​ကြောင်း အ​ထောက်​အ​ထား​ပြ​ရ​ပေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16 သေ တမ်း စာ ရှိ လျှင် ထား သူ၏ သေ ခြင်း လည်း ရှိ ရ မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 အ​မွေ​ခံ​စေ​ခြင်း​ငှာ အ​ခွင့်​ပေး၍ စာ​ချုပ်​သည်​အ​မှု​မှာ​လည်း စာ​ချုပ်​တည်​လျှင် စာ​ချုပ်​သော​သူ​သည် ဧ​ကန်​သေ​ရ​မည်​မှန်​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 သေတမ်းစာ​ကို​တင်ပြ​ရာ​တွင် ထို​သေတမ်းစာ​ကို​ရေး​ထား​သူ သေဆုံး​ပြီ​ဖြစ်​ကြောင်း အထောက်အထား​ပြ​ရန်​လိုအပ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ဗြဲ 9:16
8 ပူးပေါင်းရင်းမြစ်များ  

အပြစ်​သည် လူတစ်ဦး​ကြောင့် ကမ္ဘာလောက​သို့ ဝင်လာခဲ့၏။ အပြစ်​ကြောင့် သေခြင်းတရား​ပေါ်ပေါက်လာသည်​နှင့်အညီ လူအပေါင်းတို့​သည် အပြစ်ကျူးလွန်​သောကြောင့် သေခြင်းတရား​နှင့် ရင်ဆိုင်ကြရ၏။


အပြစ်​၏​အဖိုးအခ​သည် သေခြင်း​ဖြစ်၏။ ဘုရားသခင် အခမဲ့​ပေးတော်မူသော​ဆုကျေးဇူး​မှာ ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော်​အားဖြင့် ရရှိသော​ထာဝရ​အသက်​ဖြစ်၏။


လူအပေါင်းတို့​သည် အာဒံ​ကြောင့် သေဆုံးကြရ​သကဲ့သို့ လူအပေါင်းတို့​သည် ခရစ်တော်​ကြောင့် အသက်​ပြန်ရှင်ခြင်း​အခွင့်​ကို ရကြ​လိမ့်မည်။


သားတော်​သည် ဘုရားသခင်​၏ ဘုန်းရောင်ခြည်​နှင့် ထွန်းတောက်​လျက်​ရှိပြီး ဘုရားသခင်​၏ စစ်မှန်သည့် စရိုက်​လက္ခဏာ​ကို ထင်ရှားစေတော်မူ၏။ ကိုယ်တော်​သည် မိမိ​၏​တန်ခိုးကြီးသော အမိန့်တော်​ဖြင့် အရာ​အားလုံး​ကို တည်တံ့​စေတော်မူ​ကာ လောကီသားတို့​၏ အပြစ်များ​ကို ဖယ်ရှား​ပြီးနောက် အထက်​ကောင်းကင်ဘုံ​၌ ဘုန်းကြီးသော​တန်ခိုးရှင်​၏ လက်ယာတော်​ဘက်​၌ ထိုင်တော်မူ၏။


ထာဝရ​ပဋိညာဉ်တရား​၏ သွေးတော်​အားဖြင့် သိုးတို့​၏ သိုးထိန်းကြီး​ဖြစ်တော်မူသည့် ကျွန်ုပ်တို့​သခင်​ယေရှု​ကို သေခြင်း​မှ ထမြောက်စေတော်မူသော ငြိမ်းချမ်းခြင်း​၏​အရှင် ဘုရားသခင်​သည်


ဤသို့ဖြင့် ရွေးချယ်ခြင်း​ခံရသူများ​သည် ဘုရားသခင် ကတိပြုတော်မူသော ထာဝရ​အမွေကို ရရှိ​နိုင်ရန် ခရစ်တော်​သည် ပဋိညာဉ်သစ်​၏ ကြားဝင်​စေ့စပ်သူ​ဖြစ်တော်မူ၏။ အကြောင်း​မှာ ခရစ်တော်​သည် ထို​ပထမ​ပဋိညာဉ်​အောက်​တွင် လူတို့​ကျူးလွန်ခဲ့သော အပြစ်များ​ကို လွတ်မြောက်​စေရန် အသေခံတော်မူခဲ့​သောကြောင့်​ဖြစ်၏။


အဘယ်ကြောင့်ဆိုသော် သေတမ်းစာ​ရေးသူ​အသက်ရှင်​စဉ် သူ​၏ သေတမ်းစာ​သည်​အတည်​မဖြစ်။ ထို​သူ သေဆုံးပြီး​မှသာ အတည်​ဖြစ်၏။


အဘယ်ကြောင့်ဆိုသော် ပညတ်တရား​အလုံးစုံ​ကို လိုက်နာ​စောင့်ထိန်း​သော်လည်း ပညတ်ချက်​တစ်ခု​ကို မလိုက်နာ​လျှင် အလုံးစုံတို့​ကို ချိုးဖောက်ရာ​ရောက်​သောကြောင့်​ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ