မိမိစိတ်နှလုံးကို ကိုးစားသောသူသည် မိုက်မဲသောသူဖြစ်၏။ ဉာဏ်ပညာအားဖြင့်လျှောက်လှမ်းသောသူမူကား ဘေးလွတ်လိမ့်မည်။
ဟေဗြဲ 3:13 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့တွင် အပြစ်တရား၏လှည့်ဖြားမှုကြောင့် မည်သူမျှ စိတ်နှလုံးမာကျောခြင်းမရှိစေရန် ယနေ့ဟုခေါ်ရသောအချိန်ရှိနေသရွေ့ နေ့စဉ် အချင်းချင်းတိုက်တွန်းနှိုးဆော်ကြလော့။ Common Language Bible သင်တို့သည်အပြစ်ဒုစရိုက်၏လှည့်စားမှုကို ခံရကာခေါင်းမမာကြစေရန် ကျမ်းစာတွင် ဖော်ပြသည့်`ယနေ့' ဟူသောစကားရပ်သည် ငါတို့နှင့်ဆိုင်သမျှကာလပတ်လုံးနေ့စဉ် နေ့တိုင်း အချင်းချင်းတစ်ယောက်ကိုတစ် ယောက်ကူညီမစရမည်။- Garrad Bible အ ပြစ် တ ရား၏ လှည့် စား ခြင်း ဖြင့် တစ် ဦး တစ် ယောက် မျှ စိတ် မ ခဲ ယဉ်း စေ ရန် ယ နေ့ ဟူ၍ ခေါ် ရ သော ကာ လ အ တွင်း နေ့ စဉ် အ ချင်း ချင်း နှိုး ဆော် ကြ လော့။ Judson Bible ဒုစရိုက်၏ လှည့်ဖြားခြင်းအားဖြင့် သင်တို့ စိတ်နှလုံး မခိုင်မာစေခြင်းငှာ၊ ယနေ့ဟူ၍ ခေါ်ဝေါ်သောအချိန်၊ နေ့တိုင်းအစဉ် အချင်းချင်း တစ်ယောက်ကိုတစ်ယောက် တိုက်တွန်းနှိုးဆော်ကြလော့။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့သည် အပြစ်၏လှည့်စားမှုကြောင့် ခေါင်းမာသူများမဖြစ်ရန် “ယနေ့” ဟု ခေါ်သော နေ့စဉ်နေ့တိုင်း အချင်းချင်းအားပေးတိုက်တွန်းကြလော့။ |
မိမိစိတ်နှလုံးကို ကိုးစားသောသူသည် မိုက်မဲသောသူဖြစ်၏။ ဉာဏ်ပညာအားဖြင့်လျှောက်လှမ်းသောသူမူကား ဘေးလွတ်လိမ့်မည်။
သူသည် ပြာပုံတွင်ကျက်စား၏။ သူ၏စိတ်နှလုံးသည် လှည့်စားခြင်းခံရ၍ သူ့ကိုလမ်းလွဲစေပြီ။ သူသည် ကိုယ့်ဝိညာဉ်ကို ကိုယ်မကယ်တင်နိုင်။ ‘ငါ့လက်ယာလက်ထဲ၌ရှိသောအရာကား မုသားသာမဟုတ်လော’ဟု ပြောနိုင်စွမ်းမရှိ။
ကျောက်ဆောင်များကြား မြင့်မားသောနေရာ၌နေ၍ ‘မည်သူသည် ငါ့ကို မြေကြီးပေါ်ဆွဲချနိုင်မည်နည်း’ဟု သင်တွေး၏။ သင့်မာနက သင့်ကိုလှည့်စားလေပြီ။
ဗာနဗသည် ရောက်လာ၍ ဘုရားသခင်၏ကျေးဇူးတော်ကိုမြင်သောအခါ ဝမ်းမြောက်လျက် ထိုသူအပေါင်းတို့အား စိတ်နှလုံးခိုင်မြဲစွာဖြင့် သခင်ဘုရား၌ ဆက်လက်တည်နေကြရန် တိုက်တွန်းနှိုးဆော်လေ၏။
အကြောင်းမူကား အပြစ်သည် ပညတ်တော်အားဖြင့် အခွင့်ရကာ ငါ့ကိုလှည့်ဖြား၍ ထိုပညတ်တော်အားဖြင့် ငါ့ကိုသတ်လေ၏။
သင်တို့သည် လှည့်ဖြားတတ်သောတပ်မက်ခြင်းများကြောင့် ပျက်စီးခြင်းသို့ရောက်မည့် သင်တို့၏လူဟောင်းတည်းဟူသော ယခင်က အသက်ရှင်နေထိုင်မှုကို ချွတ်ပယ်၍
သင်တို့သိကြသည့်အတိုင်း ဖခင်သည် မိမိသားသမီးများအပေါ်ပြုသကဲ့သို့ ငါတို့သည် သင်တို့အပေါ်ပြုမူလျက်
ထို့ကြောင့် ယခုသင်တို့ပြုနေသည့်အတိုင်း အချင်းချင်းတိုက်တွန်းနှိုးဆော်၍ တစ်ဦးကိုတစ်ဦး တည်ဆောက်မြှင့်တင်ပေးကြလော့။
နှုတ်ကပတ်တော်ကိုဟောပြောလော့။ အခွင့်အခါကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ မဆုတ်မနစ်ကြိုးစားလော့။ စိတ်ရှည်ခြင်းအပြည့်အဝဖြင့်သွန်သင်လျက် အပြစ်ဖော်ပြခြင်း၊ သတိပေးခြင်း၊ တိုက်တွန်းနှိုးဆော်ခြင်းတို့ကိုပြုလော့။
ညီအစ်ကိုတို့၊ ငါသည် သင်တို့ထံ အကျဉ်းချုံးရေးသားလိုက်ခြင်းသာဖြစ်၍ ဤတိုက်တွန်းအားပေးစကားကိုလက်ခံကြရန် သင်တို့အား ငါတောင်းပန်၏။
လူသည် မိမိတပ်မက်ခြင်း၏ဆွဲငင်ရာသို့လိုက်ပါလျက် လှည့်ဖြားဆွဲဆောင်ခြင်းခံရကာ ဖြားယောင်းသွေးဆောင်ရာသို့ ရောက်တတ်၏။