အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




သူ​ကြီး 9:56 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

အဘိမလက်​သည် မိမိ​ညီအစ်ကို အယောက်​ခုနစ်ဆယ်​ကို သတ်​ခြင်း​ဖြင့် ဖခင်​အပေါ် ပြု​ခဲ့​သော​မကောင်းမှု​ကြောင့် ဘုရားသခင်​သည် သူ့​အား ထိုသို့​ပြန်​ခံရ​စေ​တော်မူ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ထို​သို့​အ​ဘိ​မ​လက်​သည်​မိ​မိ​၏​ညီ​အစ်​ကို ခု​နစ်​ဆယ်​ကို​သတ်​ဖြတ်​ခြင်း​ဖြင့် ဖ​ခင်​အား ပြု​မိ​သည့်​ဒု​စ​ရိုက်​အ​ပြစ်​အ​တွက်​ဘု​ရား​သ​ခင်​ဒဏ်​ခံ​စေ​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

ထို သို့ ညီ အစ် ကို ခု နစ် ကျိပ် ကို ကွပ် မျက် ခြင်း ကြောင့် အ ဘ အား ပြု လုပ် ခဲ့ သော ဆိုး သွမ်း မှု ကို ဘု ရား သ ခင် သည် အ ဘိ မ လက် အ ပေါ် တွင် ဆပ် ပေး သည့် ပြင်

အခန်းကိုကြည့်ပါ။

Judson Bible

ထို​သို့ အ​ဘိ​မ​လက်​သည် မိ​မိ​ညီ​အစ်​ကို​ခု​နစ်​ဆယ်​တို့​ကို သတ်၍ ပြု​မိ​သော ဒု​စ​ရိုက်​အ​ပြစ်​ကို ဘု​ရား​သ​ခင် ဆပ်​ပေး​တော်​မူ၏။

အခန်းကိုကြည့်ပါ။



သူ​ကြီး 9:56
15 ပူးပေါင်းရင်းမြစ်များ  

အကယ်စင်စစ် သင်​တို့​၏​အသက်​သွေးကြွေး​ကို ငါ​ပြန်တောင်း​မည်​။ တောရိုင်းတိရစ္ဆာန်​ဖြစ်​လျှင်လည်း ၎င်း​တို့​၏​အသက်​ကို​ငါ​ပြန်တောင်း​မည်​။ လူ​အချင်းချင်း​ဖြစ်​လျှင်လည်း ထို​လူ​၏​အသက်​ကို ငါ​ပြန်တောင်း​မည်​။


လူ​၏​အသက်​ကို​သတ်​သော​သူ​သည် လူ့​လက်​ဖြင့်​အသတ်​ခံရ​မည်​။ အကြောင်းမူကား ဘုရားသခင်​သည် မိမိ​၏​ပုံသဏ္ဌာန်​အတိုင်း လူ​ကို​ဖန်ဆင်း​တော်မူ​၏​။


ဘေးဒုက္ခ​သည် ဒုစရိုက်ပြု​သော​သူ​တို့​အဖို့​၊ ကပ်ဘေး​သည် အပြစ်​ကျူးလွန်​သော​သူ​တို့​အဖို့ မ​ဟုတ်​လော​။


ကိုယ်တော်​သည် မီးခဲ​တို့​ကို ဆိုးယုတ်​သော​သူ​တို့​အပေါ် ရွာကျ​စေ​တော်မူ​လိမ့်မည်​။ မီး​၊ ကန့်​နှင့် ပူလောင်​သော​လေ​သည် သူ​တို့​ခွက်ဖလား​အတွက် ဝေစု​ဖြစ်​လိမ့်မည်​။


အကြောင်းမူကား သွေးကြွေး​ပြန်တောင်း​တတ်​သော ကိုယ်တော်​သည် ထို​သူ​တို့​ကို​အောက်မေ့​တော်မူ​၏​။ ဖိစီးနှိပ်စက်​ခြင်း​ခံရ​သော​သူ​တို့​၏ အော်ဟစ်တောင်းလျှောက်သံ​ကို မေ့လျော့​တော်​မ​မူ​ပါ​။


ကိုယ်တော်​သည် သူ​တို့​၏​အပြစ်ဒုစရိုက်​အတွက် သူ​တို့​ကို​လက်တုံ့ပြန်​၍ သူ​တို့​၏​မကောင်းမှု​အတွက် သူ​တို့​ကို​ဖယ်ရှားသုတ်သင်​တော်မူ​လိမ့်မည်​။ ငါ​တို့​၏​ဘုရားသခင် ထာဝရဘုရား​သည် သူ​တို့​ကို ဖယ်ရှားသုတ်သင်​တော်မူ​လိမ့်မည်​။


ဆိုးယုတ်​သော​သူ​သည် မိမိ​ဒုစရိုက်​များ​ဖြင့် ဖမ်းဆီး​ခြင်း​ခံရ​၍ မိမိ​အပြစ်​ကြိုး​များ​ဖြင့် ချည်နှောင်​ခြင်း​ခံရ​လိမ့်မည်​။


အကြောင်းမူကား သင်​တို့​စီရင်​သည့်​နည်းလမ်း​အတိုင်း သင်​တို့​သည် စီရင်​ခြင်း​ခံရ​၍ သင်​တို့​တိုင်းတာ​ခြင်တွယ်​သည့်​စံနှုန်း​အတိုင်း သင်​တို့​အတွက် တိုင်းတာ​ခြင်တွယ်​ပေး​လိမ့်မည်။


ကျွန်းသား​တို့​သည် သူ​၏​လက်​မှ​တွဲလဲ​ကျ​နေ​သော သတ္တဝါ​ကို​မြင်​သောအခါ “ဤ​သူ​သည် အမှန်ပင် လူသတ်သမား​ဖြစ်​တန်​ရာ​၏။ သူ​သည် ပင်လယ်​ဘေး​မှ​လွတ်​ခဲ့​သော်လည်း မျှတ​မှု​နတ်​ဘုရားမ​က သူ့​ကို အသက်ရှင်​ခွင့်​မ​ပေး”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။


အယူ​မ​လွဲ​ကြ​နှင့်။ ဘုရားသခင်​သည် မထီလေးစား​ပြု​ခြင်း​ကို​ခံ​တော်​မ​မူ။ အကြောင်းမူကား လူ​သည် တစ်စုံတစ်ခု​ကို​စိုက်ပျိုး​လျှင် ၎င်း​ကို ပြန်လည်​ရိတ်သိမ်း​ရ​လိမ့်မည်။


ယေရုဗ္ဗာလ​၏​သား​အယောက်​ခုနစ်ဆယ်​ကို ရက်ရက်စက်စက်​သတ်ဖြတ်​ကြ​သော​အမှု​ကြောင့် ပြန်​ပေးဆပ်​ရ​မည့်​သွေးကြွေး​သည် ညီအစ်ကို​တို့​အား သတ်​သော​အဘိမလက်​နှင့် ထို​ညီအစ်ကို​တို့​အား သတ်​သော​အမှု​၌ ကူညီပေး​သော​ရှေခင်​မြို့သား​တို့​အပေါ်​သို့ ကျရောက်​ခြင်း​ဖြစ်​၏​။


အဘိမလက် သေ​သည်​ကို အစ္စရေး​အမျိုးသား​တို့ မြင်​လျှင် အသီးသီး​ကိုယ့်​အိမ်​သို့ ပြန်သွား​ကြ​လေ​၏​။


ဘုရားသခင်​သည် ရှေခင်​အမျိုးသား​တို့​ပြု​ခဲ့​သော​မကောင်းမှု​အလုံးစုံ​တို့​ကို သူ​တို့​၏​ခေါင်း​ပေါ်သို့ ပြန်ကျ​စေ​တော်မူ​၏​။ ယေရုဗ္ဗာလ​၏​သား​ယောသံ​၏​ကျိန်​ခြင်း​သည် သူ​တို့​အပေါ် ကျရောက်​လေ​၏​။