တစ်ဖန် ဂါလက “ကြည့်ပါ။ လူတို့သည် တောင်အလယ်တစ်ဝက်မှ ဆင်းလာကြပြီး နောက်တစ်ဖွဲ့က မောနေနိမ်ဝက်သစ်ချပင်လမ်းမှ လာနေကြပြီ”ဟု ဆို၏။
ဂါလကလည်း``ကြည့်လော့၊ တောင်ထိပ်ပေါ်မှလူ များဆင်းလာနေကြ၏။ လူတစ်စုသည်ဗေဒင် ဆရာသပိတ်ပင်မှလာသောလမ်းဖြင့်လာ နေကြ၏'' ဟုဆိုပြန်၏။
တစ် ဖန် ဂါ လ က၊ ကြည့် ပါ ဦး။ လူ များ သည် တောင် ရိုး ပေါ် မှ ဆင်း သက်၏။ တစ် တပ် ကား၊ မော နေ နိမ် ညန် ပင် လမ်း ဖြင့် လာ ကြ သည် ဟု ပြော ပြန် သော်၊
တစ်ဖန် ဂါလက၊ ကြည့်ပါ။ လူအချို့တို့သည် တောင်ရိုးပေါ်မှ ဆင်းလာကြ၏။ အချို့တို့သည် မောနေနိမ် သပိတ်တောလမ်းဖြင့်လာကြ၏ဟု ပြောဆိုလျှင်၊
ယခင်က ပျက်စီးခဲ့သော်လည်း ယခု လူနေထိုင်ရာပြည်ကိုလည်းကောင်း၊ လူမျိုးခြားတို့ထံမှပြန်လည်စုစည်း၍ ကမ္ဘာမြေအလယ်ဗဟိုတွင်နေထိုင်သော၊ တိရစ္ဆာန်နှင့်ပစ္စည်းဥစ္စာအများအပြားပိုင်ဆိုင်သော လူမျိုးတို့ကိုလည်းကောင်း တိုက်ခိုက်လုယူပြီး အပိုင်သိမ်းရန် လက်ကိုဆန့်၏။
သင်တို့နှင်ထုတ်ရမည့်ထိုလူမျိုးတို့သည် ဗေဒင်အတတ်ကိုသုံးသောသူ၊ ဂမ္ဘီရအတတ်ကိုသုံးသောသူ၏စကားကို နားထောင်တတ်ကြ၏။ သင့်ကိုကား သင်၏ဘုရားသခင်ထာဝရဘုရားသည် ထိုသို့ခွင့်ပြုတော်မမူ။
ဂါလသည် သူတို့ကိုမြင်သောအခါ ဇေဗုလအား “ကြည့်ပါ။ လူများ တောင်ထိပ်ပေါ်မှ ဆင်းလာကြသည်”ဟု ဆိုလျှင် ဇေဗုလက သူ့အား “တောင်၏အရိပ်ကို လူကဲ့သို့ သင်မြင်နေသည်”ဟု ပြန်ပြော၏။
ထိုအခါ ဇေဗုလက ဂါလအား “သင်က ‘ငါတို့သည် အဘိမလက်ကိုအစေခံရမည့်အကြောင်း သူကား မည်သူနည်း’ဟု ပြောခဲ့သည်မှာ ယခု မည်သို့ ဖြစ်ပြီနည်း။ သင်သည် ထိုသူတို့ကို မထီမဲ့မြင်ပြုခဲ့သည်မဟုတ်လော။ ယခုသူ့ကို ထွက်တိုက်ပါလော့”ဟု ဆိုလေ၏။