အာဗြံသည် ထိုပြည်ကိုဖြတ်သွား၍ ရှေခင်အရပ်၊ မောရေတောင်ကုန်းရှိ ဝက်သစ်ချပင်တိုင်အောင် ရောက်လေ၏။ ထိုကာလတွင် ခါနာန်လူမျိုးတို့သည် ထိုပြည်၌ရှိကြ၏။
သူကြီး 7:1 - မြန်မာ့စံမီသမ္မာကျမ်း ဂိဒေါင် ခေါ် ယေရုဗ္ဗာလသည် မိမိလူအားလုံးနှင့်တကွ နံနက်စောစော စစ်ချီသွား၍ ဟာရုတ်စမ်းရေတွင်းနား၌ စခန်းချလေ၏။ မိဒျန်လူမျိုးတို့သည် သူတို့၏မြောက်ဘက်၊ မောရေတောင်ကုန်းအနီး ချိုင့်ဝှမ်းလွင်ပြင်၌ စခန်းချ၏။ Common Language Bible တစ်နေ့သ၌ဂိဒေါင်နှင့်တကွသူနှင့်ပါလာ သောလူအပေါင်းတို့သည်နံနက်စောစောထ ၍ ဟာရုတ်စမ်းအနီး၌တပ်ချကြ၏။ မိဒျန် အမျိုးသားတို့၏တပ်စခန်းသည်သူတို့ ၏မြောက်ဘက်မောရတောင်ကုန်းအနီးရှိ ချိုင့်ထဲ၌ရှိသတည်း။ Garrad Bible ယေ ရု ဗ္ဗာ လ တည်း ဟူ သော ဂိ ဒေါင် သည် လိုက် ပါ သ မျှ သူ တို့ နှင့် တ ကွ နံ နက် အ ချိန် ထ ပြီး လျှင်၊ ဟာ ရုတ် စမ်း ရေ တွင်း အ နီး စွဲ ရပ် ရာ မိ ဒျန် တပ် ကား မြောက် ဘက်၊ မော ရေ တောင် ခြေ ရင်း ချိုင့် တွင် စွဲ သ တည်း။ Judson Bible ယေရုဗ္ဗာလအမည်ဖြင့် ခေါ်ဝေါ်သော ဂိဒေါင်သည် နံနက်စောစောထ၍၊ ရှိသမျှသော သူတို့နှင့်တကွ ဟာရုတ်ရေတွင်းနားမှာ တပ်ချသဖြင့်၊ မိဒျန်တပ်သည် မြောက်ဘက်၊ မောရေတောင်ခြေရင်းချိုင့်၌ ရှိ၏။ |
အာဗြံသည် ထိုပြည်ကိုဖြတ်သွား၍ ရှေခင်အရပ်၊ မောရေတောင်ကုန်းရှိ ဝက်သစ်ချပင်တိုင်အောင် ရောက်လေ၏။ ထိုကာလတွင် ခါနာန်လူမျိုးတို့သည် ထိုပြည်၌ရှိကြ၏။
အာဗြဟံသည် နံနက်စောစောထ၍ မြည်းပေါ်ကုန်းနှီးတင်ပြီးလျှင် သူ၏ငယ်သားနှစ်ယောက်နှင့်သူ၏သားဣဇက်ကို မိမိနှင့်အတူခေါ်၍ မီးရှို့ရာယဇ်အတွက်ထင်းကိုခွဲပြီးမှ ထ၍ မိမိအားဘုရားသခင်မိန့်တော်မူသောအရပ်သို့ သွားလေ၏။
မိဒျန်လူမျိုးအပေါ်၌လည်းကောင်း၊ ကိရှုန်ချောင်းနားတွင် သိသရနှင့်ယာဘိန်မင်းကြီးတို့အပေါ်၌လည်းကောင်း ကိုယ်တော်ပြုသကဲ့သို့ သူတို့အပေါ်၌ ပြုတော်မူပါ။
သင်လုပ်ဆောင်စရာအမှုရှိသမျှကို ခွန်အားစိုက်ထုတ်၍လုပ်ဆောင်လော့။ အကြောင်းမူကား သင်သွားရမည့် မရဏာနိုင်ငံတွင် အလုပ်အကိုင်မရှိ၊ အကြောင်းအကျိုးမရှိ၊ အသိပညာမရှိ၊ ဉာဏ်ပညာလည်းမရှိ။
ထိုတောင်တို့သည် ဂျော်ဒန်မြစ်တစ်ဖက်၊ နေဝင်ရာအနောက်လမ်း၊ အရာဗလွင်ပြင်၌နေထိုင်သော ခါနာန်လူမျိုးတို့၏နယ်မြေ၊ ဂိလဂါလပြည်နှင့်မျက်နှာချင်းဆိုင်၊ မောရေတောင်ကုန်းရှိဝက်သစ်ချပင်များအနီး၌ ရှိသည်မဟုတ်လော။
ယောရှုသည် နံနက်စောစောထပြီး အစ္စရေးအမျိုးသားအပေါင်းတို့နှင့်အတူ ရှိတ္တိမ်အရပ်မှခရီးပြု၍ ဂျော်ဒန်မြစ်သို့ရောက်လာကြ၏။ မြစ်ကိုမကူးသေးဘဲ ထိုမြစ်နား၌ စခန်းချကြ၏။
ယောရှုသည် နံနက်စောစောထ၏။ ယဇ်ပုရောဟိတ်တို့သည် ထာဝရဘုရား၏သေတ္တာတော်ကို ထမ်းသွားကြ၏။
ယောရှက “ဂိဒေါင်သည် ဗာလယဇ်ပလ္လင်ကို ဖြိုဖျက်သောကြောင့် သူ့ကို ဗာလ ဆုံးမပါစေ”ဟု ဆိုလျက် ထိုနေ့၌ ဂိဒေါင်ကို ယေရုဗ္ဗာလ ဟုခေါ်တွင်လေ၏။
မိဒျန်လူမျိုး၊ အာမလက်လူမျိုးနှင့် အရှေ့ပြည်သားအပေါင်းတို့ ပူးပေါင်းကြပြီး ဂျော်ဒန်မြစ်ကိုကူး၍ ယေဇရေလချိုင့်ဝှမ်းလွင်ပြင်၌ စခန်းချကြ၏။
ထိုည၌လည်း ဘုရားသခင်သည် သူလျှောက်သည့်အတိုင်းပြုလေ၏။ မြေတစ်ပြင်လုံးနှင်းစို၍ သိုးမွေးသာ ခြောက်သွေ့၏။
ထို့ကြောင့် ထာဝရဘုရားသည် ယေရုဗ္ဗာလ၊ ဗေဒန်၊ ယေဖသနှင့် ရှမွေလတို့ကိုစေလွှတ်၍ သင်တို့ဝန်းကျင်ရှိရန်သူတို့လက်မှ သင်တို့ကို ကယ်နုတ်တော်မူသဖြင့် သင်တို့သည် ဘေးကင်းလုံခြုံစွာနေရကြ၏။
ဖိလိတ္တိတပ်တစ်တပ်လုံးသည် အာဖက်မြို့၌ စုဝေးကြ၏။ အစ္စရေးလူမျိုးတို့ကား ယေဇရေလမြို့ရှိ စမ်းရေတွင်းနား၌ စခန်းချကြ၏။