ထိုသို့သောအမှုတစ်စုံတစ်ခုနှင့်မျှ သင်တို့ကိုယ်သင်တို့ မညစ်ညူးစေရ။ အကြောင်းမူကား သင်တို့ရှေ့မှ ငါနှင်ထုတ်သည့်လူမျိုးတို့သည် ထိုသို့သောအမှုရှိသမျှတို့ဖြင့် ကိုယ့်ကိုယ်ကိုယ်ညစ်ညူးစေကြ၏။
သူကြီး 20:10 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးလူမျိုးတို့တွင် ဗင်္ယာမိန်ပြည်၊ ဂိဗာမြို့သားတို့ ပြုခဲ့သမျှ ယုတ်ညံ့သောအမှုနှင့်အညီ သူတို့ကို လက်စားချေရန် စစ်ချီသောအခါ စစ်သည်တို့အတွက် ရိက္ခာသယ်ဆောင်ရန် အစ္စရေးအမျိုးအနွယ်အားလုံးထဲမှ လူအယောက်တစ်ရာတွင် ဆယ်ယောက်၊ လူအယောက်တစ်ထောင်တွင် အယောက်တစ်ရာ၊ လူအယောက်တစ်သောင်းတွင် အယောက်တစ်ထောင်တို့ကို ရွေးကောက်မည်”ဟု ဆိုကြ၏။ Common Language Bible ဣသရေလလူမျိုး၏ယောကျာ်းဆယ်ပုံတစ် ပုံသည်စစ်တပ်အတွက်ရိက္ခာပို့ရမည်။ ကျန် သူတို့သည်ဂိဗာမြို့သားတို့အား ဣသရေလ လူမျိုးတွင်ကူးလွန်ခဲ့သည့်အဋ္ဌမ္မအမှု အတွက်ဒဏ်ပေးရမည်'' ဟုပြန်ပြောကြ၏။- Garrad Bible ဣ သ ရေ လ လူ မျိုး တွင် ဗင်္ယာ မိန့် နယ်၊ ဂိ ဗာ မြို့ သား တို့ ယုတ် မာ ခြင်း အ လိုက် ငါ တို့ ဆပ် ပေး ခွင့် ရ ကြ ရန်၊ ဣ သ ရေ လ အ မျိုး အ နွယ် အ ပေါင်း တို့ အ နက် တစ် ရာ လျှင် တစ် ဆယ်၊ တစ် ထောင် လျှင် တစ် ရာ၊ တစ် သောင်း လျှင် တစ် ထောင်၊ စား နပ် ရိ က္ခာ တောင်း ခံ မည့် သူ တို့ ကို ရွေး ချယ် ကြ ကုန် အံ့ ဟု ဆို လျက် Judson Bible ဗင်္ယာမိန်ခရိုင် ဂိဗာမြို့သားတို့သည်၊ ဣသရေလအမျိုးတို့၌ ပြုသမျှသော အဓမ္မအမှုနှင့်ညီလျော်စွာ လူများတို့သည် ထိုမြို့သို့ရောက်၍ အပြစ်ဒဏ်ပေးမည်အကြောင်း၊ သူတို့စားစရိတ်ကို ပို့စေခြင်းငှာ ဣသရေလအမျိုးအနွယ်အပေါင်းတို့၌ လူတစ်ရာတွင် တစ်ဆယ်၊ တစ်ထောင်တွင် တစ်ရာ၊ တစ်သောင်းတွင် တစ်ထောင်တို့ကို ရွေးကောက်ကြကုန်အံ့ဟု ဆိုလျက်၊ |
ထိုသို့သောအမှုတစ်စုံတစ်ခုနှင့်မျှ သင်တို့ကိုယ်သင်တို့ မညစ်ညူးစေရ။ အကြောင်းမူကား သင်တို့ရှေ့မှ ငါနှင်ထုတ်သည့်လူမျိုးတို့သည် ထိုသို့သောအမှုရှိသမျှတို့ဖြင့် ကိုယ့်ကိုယ်ကိုယ်ညစ်ညူးစေကြ၏။
ထိုမိန်းကလေးသည် မိမိဖခင်၏အိမ်၌ ပြည့်တန်ဆာလုပ်ခြင်းဖြင့် အစ္စရေးလူမျိုးထဲ၌ ယုတ်ညံ့သောအမှုကို ပြုသောကြောင့် ထိုမိန်းကလေးကို သူ့ဖခင်၏အိမ်တံခါးသို့ ခေါ်သွား၍ မြို့သားယောက်ျားတို့သည် သူ့ကို ခဲနှင့်အသေပေါက်သတ်ရမည်။ ဤသို့ဖြင့် မကောင်းမှုကို သင့်ထဲမှဖယ်ရှားပစ်ရမည်။
ကျိန်ခြင်းခံရသောအရာပါလျက် ရွေးထုတ်ခံရသောသူသည် သူနှင့်အတူသူပိုင်ဆိုင်သမျှတို့ကို မီးရှို့ပစ်ရမည်။ အကြောင်းမူကား သူသည် ထာဝရဘုရားနှင့်ပြုထားသောပဋိညာဉ်ကို ချိုးဖောက်၍ အစ္စရေးလူမျိုး၌ ယုတ်ညံ့သောအမှုကို ပြုသောကြောင့်ဖြစ်၏’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
ဤသို့ဖြင့် အစ္စရေးအမျိုးသားအပေါင်းတို့သည် ဂိဗာမြို့ကိုတိုက်ခိုက်ရန် တစ်စိတ်တစ်သဘောတည်းစုဝေးကြ၏။
ထိုသို့ ဂိဗာမြို့သားတို့သည် အစ္စရေးလူမျိုးတို့တွင် ညစ်ညမ်းသောအမှု၊ ယုတ်ညံ့သောအမှုကို ပြုကြသောကြောင့် အကျွန်ုပ်လည်း မယားငယ်အသေကောင်ကို ခုတ်ဖြတ်ပြီး အစ္စရေးလူမျိုးတို့ အမွေခံရာပြည်တစ်လျှောက်လုံးသို့ ပို့လိုက်ပါ၏။
အစ္စရေးအမျိုးသားတို့က “ငါတို့သမီးပျိုကို ဗင်္ယာမိန်အမျိုးသားတို့နှင့် လုံးဝမပေးစား”ဟု မိဇပါမြို့တွင် ကျိန်ဆိုကြ၏။