သူကြီး 20:10 - Common Language Bible10 ဣသရေလလူမျိုး၏ယောကျာ်းဆယ်ပုံတစ် ပုံသည်စစ်တပ်အတွက်ရိက္ခာပို့ရမည်။ ကျန် သူတို့သည်ဂိဗာမြို့သားတို့အား ဣသရေလ လူမျိုးတွင်ကူးလွန်ခဲ့သည့်အဋ္ဌမ္မအမှု အတွက်ဒဏ်ပေးရမည်'' ဟုပြန်ပြောကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible10 ဣ သ ရေ လ လူ မျိုး တွင် ဗင်္ယာ မိန့် နယ်၊ ဂိ ဗာ မြို့ သား တို့ ယုတ် မာ ခြင်း အ လိုက် ငါ တို့ ဆပ် ပေး ခွင့် ရ ကြ ရန်၊ ဣ သ ရေ လ အ မျိုး အ နွယ် အ ပေါင်း တို့ အ နက် တစ် ရာ လျှင် တစ် ဆယ်၊ တစ် ထောင် လျှင် တစ် ရာ၊ တစ် သောင်း လျှင် တစ် ထောင်၊ စား နပ် ရိ က္ခာ တောင်း ခံ မည့် သူ တို့ ကို ရွေး ချယ် ကြ ကုန် အံ့ ဟု ဆို လျက် အခန်းကိုကြည့်ပါ။Judson Bible10 ဗင်္ယာမိန်ခရိုင် ဂိဗာမြို့သားတို့သည်၊ ဣသရေလအမျိုးတို့၌ ပြုသမျှသော အဓမ္မအမှုနှင့်ညီလျော်စွာ လူများတို့သည် ထိုမြို့သို့ရောက်၍ အပြစ်ဒဏ်ပေးမည်အကြောင်း၊ သူတို့စားစရိတ်ကို ပို့စေခြင်းငှာ ဣသရေလအမျိုးအနွယ်အပေါင်းတို့၌ လူတစ်ရာတွင် တစ်ဆယ်၊ တစ်ထောင်တွင် တစ်ရာ၊ တစ်သောင်းတွင် တစ်ထောင်တို့ကို ရွေးကောက်ကြကုန်အံ့ဟု ဆိုလျက်၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း10 အစ္စရေးလူမျိုးတို့တွင် ဗင်္ယာမိန်ပြည်၊ ဂိဗာမြို့သားတို့ ပြုခဲ့သမျှ ယုတ်ညံ့သောအမှုနှင့်အညီ သူတို့ကို လက်စားချေရန် စစ်ချီသောအခါ စစ်သည်တို့အတွက် ရိက္ခာသယ်ဆောင်ရန် အစ္စရေးအမျိုးအနွယ်အားလုံးထဲမှ လူအယောက်တစ်ရာတွင် ဆယ်ယောက်၊ လူအယောက်တစ်ထောင်တွင် အယောက်တစ်ရာ၊ လူအယောက်တစ်သောင်းတွင် အယောက်တစ်ထောင်တို့ကို ရွေးကောက်မည်”ဟု ဆိုကြ၏။ အခန်းကိုကြည့်ပါ။ |
မြို့အကြီးအကဲတို့ကဖခင်၏အိမ်ရှေ့ သို့ခေါ်ဆောင်သွားပြီးနောက် မြို့သားတို့က သူ့ကိုကျောက်ခဲနှင့်ပစ်သတ်ရမည်။ ထိုမိန်းမ သည်လက်မထပ်မီဖခင်၏အိမ်၌ရှိနေစဉ် ကပင် ကာမစပ်ယှက်မှုကိုပြုခဲ့သဖြင့် ဣသရေလလူမျိုးတွင်ရှက်ဖွယ်သောအမှု ကိုကူးလွန်ခဲ့လေပြီ။ ဤနည်းအားဖြင့် သင်တို့သည်ဤဒုစရိုက်ကိုဖယ်ရှားနိုင် ကြမည်။
ထိုနောက်ဖျက်ဆီးရမည့်ပစ္စည်းခိုးသူဟု မဲကျသူသည် ငါ၏ပဋိညာဉ်ကိုချိုးဖျက် ၍ဣသရေလအမျိုးသားတို့အား အရှက် တကွဲအကျိုးနည်းဖြစ်စေသောကြောင့်သူ နှင့်တကွသူ၏မိသားစုကိုလည်းကောင်း၊ သူပိုင်သမျှသောပစ္စည်းများကိုလည်းကောင်း မီးရှို့ဖျက်ဆီးပစ်ရမည်' '' ဟုမိန့်ကြား တော်မူ၏။