အကယ်၍ သူတို့က “ငါတို့နှင့်အတူလိုက်ခဲ့လော့။ တစ်စုံတစ်ယောက်ကိုသတ်ဖြတ်ရန် ငါတို့ချောင်းမြောင်းကြစို့။ အကြောင်းမရှိဘဲ အပြစ်ကင်းသောသူကို ပုန်းအောင်းတိုက်ခိုက်ကြစို့။
သူကြီး 14:15 - မြန်မာ့စံမီသမ္မာကျမ်း ခုနစ်ရက်မြောက်သောနေ့၌ ထိုသူတို့က ရှံဆုန်၏မယားအား “စကားထာ၏အဖြေကို သင့်ယောက်ျားအား ချော့မော့မေးမြန်းလော့။ သို့မဟုတ်လျှင် ငါတို့သည် သင်နှင့်အတူ သင့်ဖခင်၏အိမ်သူအိမ်သားတို့ကို မီးရှို့ပစ်မည်။ သင်တို့သည် ငါတို့ပစ္စည်းကိုအပိုင်ယူလိုသောကြောင့် ဤပွဲသို့ ငါတို့ကို ဖိတ်ခေါ်သည်မဟုတ်လော”ဟု ဆိုကြ၏။ Common Language Bible လေးရက်မြောက်သောနေ့၌သူတို့က ရှံဆုန်၏ ဇနီးအား``သင်၏ခင်ပွန်းကိုလှည့်ဖြား၍ထို စကားထာကိုငါတို့သိရှိရအောင်ဖော်ပြ ခိုင်းပါလော့။ အကယ်၍ဤသို့သင်မပြုပါ မူသင်နှင့်တကွသင့်ဖခင်၏နေအိမ်ကိုပါ ငါတို့မီးရှို့ဖျက်ဆီးပစ်မည်။ သင်တို့ဇနီး မောင်နှံနှစ်ယောက်သည် ငါတို့၏ပစ္စည်းဥစ္စာ ကိုလုယူလို၍ငါတို့အားဖိတ်ခေါ်ခဲ့ သည်မဟုတ်လော'' ဟုကြိမ်းမောင်းကြ၏။ Garrad Bible လေး ရက် မြောက် သော နေ့ တွင် ရှံ ဆုန် မ ယား အား သူ တို့ က၊ သင် နှင့် တ ကွ အ ဘ အိမ် ထောင် ကို ငါ တို့ မီး မ တိုက် စေ ရန် ထို သို့ သော စ ကား ထာ ကို ဖော် ပြ ပါ မည့် အ ကြောင်း၊ ကိုယ့် လင် ကို ဖြား ယောင်း ပါ။ ငါ တို့ ဉစ္စာ ကို ရ ရန် သာ ခေါ် ဖိတ် သည် မ ဟုတ် တုံ လော ဟု ကြိမ်း မောင်း ကြ သည် နှင့် Judson Bible စတုတ္ထနေ့ရောက်မှ၊ သူတို့က၊ သင်၏လင်သည် စကားဝှက်အနက်ကို ဖော်ပြစေခြင်းငှာ သူ့ကို ချော့မော့ရမည်။ သို့မဟုတ် သင်နှင့်တကွ သင့်အဆွေအမျိုးကို မီးရှို့မည်။ ငါတို့ဥစ္စာကို လုယူခြင်းငှာ ငါတို့ကို ခေါ်ဖိတ်သလောဟု ရှံဆုန်၏မယားကို ဆိုသောကြောင့်၊ |
အကယ်၍ သူတို့က “ငါတို့နှင့်အတူလိုက်ခဲ့လော့။ တစ်စုံတစ်ယောက်ကိုသတ်ဖြတ်ရန် ငါတို့ချောင်းမြောင်းကြစို့။ အကြောင်းမရှိဘဲ အပြစ်ကင်းသောသူကို ပုန်းအောင်းတိုက်ခိုက်ကြစို့။
အကြောင်းမူကား အကျင့်ဖောက်ပြားသောမိန်းမ၏နှုတ်ခမ်းမှ ပျားရည်ယိုစီး၍ သူ၏နှုတ်သည် ဆီထက်ချောမွေ့၏။
အကြောင်းမူကား ပြည့်တန်ဆာမတစ်ယောက်ကို မုန့်တစ်လုံးဖြင့်ရနိုင်၏။ လင်ရှိမယားမူကား အဖိုးတန်သောအသက်ကို လိုက်ဖမ်းတတ်၏။
သင့်အိမ်နီးချင်းကို မယုံနှင့်။ သင့်မိတ်ဆွေကိုလည်း မကိုးစားနှင့်။ သင့်ရင်ခွင်၌ အိပ်နေသောမိန်းမရှေ့တွင်လည်း စကားကို သတိထားပြောလော့။
ဧဖရိမ်အမျိုးသားတို့သည် ဇာဖုန်မြို့သို့ စုရုံးချီတက်လာပြီး ယေဖသအား “သင်သည် အမ္မုန်အမျိုးသားတို့ကို ချီတက်တိုက်ခိုက်သောအခါ ငါတို့ကို အဘယ်ကြောင့်မခေါ်သနည်း။ ယခု သင်နှင့်သင့်အိမ်ကို မီးရှို့ပစ်မည်”ဟု ပြောကြ၏။
ထိုအခါ ရှံဆုန်က “စားတတ်သူထဲက စားစရာ၊ အားကြီးသူထဲက ချိုမြိန်ခြင်း ထွက်၏”ဟု စကားထာဝှက်လေ၏။ သူတို့သည် သုံးရက်ကြာသည်အထိ စကားထာ၏အဖြေကို မပြောပြနိုင်ကြ။
ဖိလိတ္တိလူမျိုးတို့က “ဤအမှုကို မည်သူပြုသနည်း”ဟု မေးမြန်းကြသောအခါ “တိမနတ်မြို့သား၏သမက် ရှံဆုန်သည် သူ့ယောက္ခမက သူ့မယားကို သူ့အဖော်နှင့်ပေးစားလိုက်သောကြောင့် ဤအမှုကို သူပြုလေပြီ”ဟု ဆိုကြလျှင် ဖိလိတ္တိလူမျိုးတို့သည် ထိုအမျိုးသမီးနှင့် သူ့ဖခင်ကို မီးရှို့ပစ်လေ၏။
ထို့ကြောင့် ဖိလိတ္တိမင်းတို့သည် ဒေလိလထံသို့လာ၍ “ရှံဆုန်၏ကြီးမားသောခွန်အားသည် အဘယ်ကဖြစ်ကြောင်း၊ သူ့ကို မည်သည့်နည်းဖြင့် ဖမ်းဆီးချုပ်နှောင်နှိပ်စက်နိုင်ကြောင်းကို သူ့အား ချော့မော့မေးမြန်းကြည့်လော့။ ငါတို့သည် သင့်အား ငွေစ တစ်ထောင့်တစ်ရာစီ ပေးမည်”ဟု ဆိုကြ၏။