ကိုယ်တော်ကိုမပြစ်မှားမိစေရန် ကိုယ်တော်၏မိန့်တော်မူချက်ကို အကျွန်ုပ်၏စိတ်နှလုံးထဲ၌ သိုမှီးထားပါပြီ။
သုတ္တံကျမ်း။ 3:1 - မြန်မာ့စံမီသမ္မာကျမ်း ငါ့သား၊ ငါ၏သွန်သင်ချက်ကို မမေ့လျော့နှင့်။ ငါ၏ပညတ်ချက်တို့ကိုလည်း သင်၏စိတ်နှလုံးသည် ထိန်းသိမ်းစောင့်ရှောက်ပါစေ။ Common Language Bible ငါ့သား၊ ငါပေးသောတရားကို မမေ့နှင့်။ ငါ့ပညတ်တို့ကို သင်၏နှလုံးစောင့်ရှောက်ပါစေ။ Garrad Bible ငါ့ သား၊ ငါ ပြ သော တ ရား ကို မ မေ့ မ လျော့ ဘဲ၊ ပ ညတ် များ ကို လည်း စိတ် နှ လုံး ၌ စောင့် ရှောက် လော့။ Judson Bible ငါ့သား၊ ငါပေးသောတရားကို မမေ့နှင့်။ ငါ့ပညတ်တို့ကို သင်၏နှလုံးစောင့်ရှောက်ပါစေ။ |
ကိုယ်တော်ကိုမပြစ်မှားမိစေရန် ကိုယ်တော်၏မိန့်တော်မူချက်ကို အကျွန်ုပ်၏စိတ်နှလုံးထဲ၌ သိုမှီးထားပါပြီ။
အကျွန်ုပ်ခံရသောဖိစီးနှိပ်စက်မှုကို ကြည့်ရှုတော်မူ၍ အကျွန်ုပ်ကို ကယ်မတော်မူပါ။ အကြောင်းမူကား ကိုယ်တော်၏တရားတော်ကို အကျွန်ုပ်မမေ့လျော့ပါ။
ကိုယ်တော်၏ပြဋ္ဌာန်းချက်တို့၌ မွေ့လျော်ပါမည်။ ကိုယ်တော်၏နှုတ်ကပတ်တော်ကိုလည်း မမေ့လျော့ပါ။
အကျွန်ုပ်သည် ပျောက်သောသိုးကဲ့သို့လမ်းလွဲပါပြီ။ ကိုယ်တော်၏အစေအပါးကို ရှာတော်မူပါ။ အကြောင်းမူကား အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တော်တို့ကိုမမေ့လျော့ပါ။
အကျွန်ုပ်အား အသိဉာဏ်ပေးတော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်၏တရားတော်ကို လိုက်နာကျင့်သုံးပါမည်။ ထိုအရာကို စိတ်နှလုံးအကြွင်းမဲ့ စောင့်ထိန်းပါမည်။
ဆိုးယုတ်သောသူတို့၏ကြိုးများသည် အကျွန်ုပ်ကိုပတ်ရစ်ထားသော်လည်း အကျွန်ုပ်သည် ကိုယ်တော်၏တရားတော်တို့ကို မမေ့လျော့ပါ။
အကျွန်ုပ်သည် ကိုယ်တော်၏ဥပဒေသများကို မည်သည့်အခါမျှမမေ့လျော့ပါ။ အကြောင်းမူကား ကိုယ်တော်သည် ထိုဥပဒေသများအားဖြင့် အကျွန်ုပ်ကို အသက်ရှင်စေတော်မူ၏။
ရှည်သောအသက်ဖြင့် သူ့ကိုပြည့်စုံကြွယ်ဝစေ၍ ငါ၏ကယ်တင်ခြင်းကို သူ့အားပြမည်။”
ငါ့ကိုချစ်၍ ငါ၏ပညတ်များကိုစောင့်ထိန်းသောသူတို့ကိုကား မျိုးဆက်အထောင်အသောင်းတိုင်အောင် မေတ္တာကရုဏာပြသောဘုရား ဖြစ်၏။
ငါ့သား၊ သင့်ဖခင်၏ဆုံးမပဲ့ပြင်ခြင်းကို နားထောင်လော့။ သင့်မိခင်၏သွန်သင်ချက်ကိုလည်း မပစ်ပယ်နှင့်။
ဖြူသောဆံပင်သည် အသရေရှိသောသရဖူဖြစ်၍ ဖြောင့်မတ်စွာပြုမူကျင့်ကြံခြင်းအားဖြင့် ၎င်းကိုရရှိနိုင်၏။
ငါ့သား၊ သင်သည် ငါ့စကားတို့ကိုခံယူ၍ ငါ၏ပညတ်ချက်တို့ကို သင့်အထဲ၌သိုမှီးထားကာ
ငါ့သား၊ သင်၏စိတ်နှလုံးကို ငါ့အားပေးလော့။ သင်၏မျက်စိသည်လည်း ငါ၏လမ်းတို့ကို ထိန်းသိမ်းစောင့်ရှောက်ပါစေ။
သူတို့သည် သောက်သောအခါ ပြဋ္ဌာန်းထားသောအရာကိုမေ့လျော့၍ ဖိစီးနှိပ်စက်မှုခံရသောသူအပေါင်းတို့၏ အမှုအခင်းကို လွဲမှားစွာစီရင်မည်ကို စိုးရိမ်ရ၏။
အကြောင်းမူကား ငါသည် သင်တို့အား ကောင်းမြတ်သောပညာကို ပေး၏။ ငါ၏သွန်သင်ချက်ကို မစွန့်ပယ်ကြနှင့်။
ထိုစကားတို့ကို သင်၏မျက်မှောက်မှ မကွာစေနှင့်။ သင်၏စိတ်နှလုံးအတွင်း၌ ထိန်းသိမ်းထားလော့။
ဉာဏ်ပညာကိုဆည်းပူးလော့။ အသိဉာဏ်ကိုဆည်းပူးလော့။ ငါ၏နှုတ်ထွက်စကားတို့ကို မမေ့လျော့နှင့်။ ၎င်းတို့မှသွေဖည်မသွားနှင့်။
ထာဝရဘုရား၏လက်တော်မှ အမျက်တော်ဖလားကိုသောက်သော အသင်ဂျေရုဆလင်မြို့၊ နိုးလော့။ နိုးလော့။ ထလော့။ ဒယီးဒယိုင်ဖြစ်စေသောဖလားထဲမှအနည်အဖတ်ကို သင်အကုန်အစင်သောက်ပြီ။
ထာဝရဘုရားက “ထိုကာလပြီးနောက် အစ္စရေးလူမျိုးတို့နှင့် ငါဖွဲ့မည့်ပဋိညာဉ်သစ်ကား ဤသို့ဖြစ်၏။ သူတို့၏စိတ်နှလုံးထဲသို့ ငါ၏ပညတ်တရားကို သွင်းပေးမည်။ သူတို့၏နှလုံးသားပေါ်တွင် ရေးထားမည်။ ငါသည် သူတို့၏ဘုရားဖြစ်မည်။ သူတို့သည်လည်း ငါ၏လူမျိုးတော်ဖြစ်မည်”ဟု မိန့်တော်မူ၏။
ငါ့လူမျိုးတော်သည် အသိပညာမဲ့သောကြောင့် ပျက်စီးရလေပြီ။ သင်သည် အသိပညာကို ငြင်းပယ်သောကြောင့် သင့်ကို ယဇ်ပုရောဟိတ်အဖြစ်မှ ငါစွန့်ပယ်မည်။ သင်သည် ဘုရားသခင်၏ပညတ်တရားတော်ကို မေ့လျော့သောကြောင့် သင့်သားသမီးတို့ကို ငါမေ့လျော့မည်။
သင်တို့နှင့် သင်တို့၏ဘုရားသခင်ထာဝရဘုရား ဖွဲ့တော်မူသောပဋိညာဉ်ကို မမေ့လျော့ရန်၊ သင်တို့၏ဘုရားသခင်ထာဝရဘုရားတားမြစ်ထားသော မည်သည့်ပုံသဏ္ဌာန်ကိုမျှ သင်တို့အဖို့ ရုပ်တုဆင်းတုအဖြစ်မလုပ်ရန် သတိပြုကြလော့။
သင်တို့သတိပြုကြလော့။ သင်တို့မျက်စိဖြင့်တွေ့မြင်ခဲ့ရသောအမှုအရာများကို သင်တို့မမေ့လျော့စေရန်နှင့် သင်တို့အသက်ရှင်သမျှကာလပတ်လုံး သင်တို့စိတ်နှလုံးလမ်းမလွဲစေရန် သင်တို့၏စိတ်ကိုအထူးစောင့်ထိန်းလော့။ သင်တို့၏သားမြေးတို့ကိုလည်း ပြောပြကြလော့။
သင်၏ဘုရားသခင်ထာဝရဘုရားမိန့်မှာထားသည့်အတိုင်း သင်၏မိဘကိုရိုသေလော့။ ထိုသို့ပြုလျှင် သင်၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်၌ သင်သည် အသက်ရှည်၍ ကောင်းစားလိမ့်မည်။
သင်တို့အား သင်တို့၏ဘုရားသခင်ထာဝရဘုရားမိန့်မှာတော်မူသောလမ်းရှိသမျှအတိုင်း လိုက်လျှောက်လော့။ သို့ပြုလျှင် သင်တို့ပိုင်ဆိုင်ရမည့်ပြည်၌ သင်တို့သည် အသက်ချမ်းသာရာရမည်။ ကောင်းစား၍ အသက်ရှည်မည်။
ယနေ့ သင့်အား ငါဆင့်ဆိုသောပညတ်တော်ရှိသမျှတို့ကို လိုက်နာစောင့်ထိန်းရမည်။ သို့ပြုလျှင် သင်တို့သည် အသက်ချမ်းသာရာရ၍တိုးပွားလျက် ထာဝရဘုရားက ထိုပြည်ကို သင်တို့ဘိုးဘေးတို့အား ပေးမည်ဟုကျိန်ဆိုတော်မူခဲ့သည်နှင့်အညီ ထိုပြည်ကို ဝင်၍သိမ်းပိုက်ရလိမ့်မည်။