ဆိုးယုတ်သောသူတို့၏အကြံဉာဏ်အတိုင်း မလိုက်မလျှောက်၊ အပြစ်သားတို့၏လမ်းတွင်မရပ်မနေ၊ ပြက်ရယ်ပြုတတ်သောသူတို့စုဝေးရာအရပ်၌မထိုင်၊
သုတ္တံကျမ်း။ 24:1 - မြန်မာ့စံမီသမ္မာကျမ်း မကောင်းမှုပြုသောသူတို့ကိုမငြူစူနှင့်။ သူတို့နှင့်ပေါင်းဖော်ရန်လည်း အလိုမရှိနှင့်။ Common Language Bible မတရားသောသူတို့ကို မငြူစူနှင့်။ သူတို့နှင့် ပေါင်းဘော်ခြင်းငှါ အလိုမရှိနှင့်။ Garrad Bible လူ ဆိုး တို့ ကို မ ငြူ စူ နှင့်။ ထို သူ တို့ နှင့် ပေါင်း ဖော် လို သော စိတ် မ ရှိ လင့်။ Judson Bible မတရားသောသူတို့ကို မငြူစူနှင့်။ သူတို့နှင့် ပေါင်းဖော်ခြင်းငှာ အလိုမရှိနှင့်။ |
ဆိုးယုတ်သောသူတို့၏အကြံဉာဏ်အတိုင်း မလိုက်မလျှောက်၊ အပြစ်သားတို့၏လမ်းတွင်မရပ်မနေ၊ ပြက်ရယ်ပြုတတ်သောသူတို့စုဝေးရာအရပ်၌မထိုင်၊
အပြစ်သားတို့နှင့်အတူ အကျွန်ုပ်၏စိတ်ဝိညာဉ်ကိုလည်းကောင်း၊ လူ့အသက်သတ်သောသူတို့နှင့်အတူ အကျွန်ုပ်၏အသက်ကိုလည်းကောင်း ရုပ်သိမ်းတော်မမူပါနှင့်။
ဆိုးညစ်သောအမှုကိုပြုသောသူတို့ကြောင့် စိတ်အနှောင့်အယှက်မဖြစ်နှင့်။ မတရားမှုပြုသောသူတို့ကိုမငြူစူနှင့်။
ထာဝရဘုရားရှေ့တော်၌ တိတ်ဆိတ်စွာနေ၍ ကိုယ်တော်ကိုငံ့လင့်လော့။ မိမိပြုသောအမှု၌ အောင်မြင်သောသူကြောင့်လည်းကောင်း၊ ကောက်ကျစ်သောအကြံအစည်များကို ကြံစည်သောသူကြောင့်လည်းကောင်း စိတ်အနှောင့်အယှက်မဖြစ်နှင့်။
အကြောင်းမူကား ဆိုးယုတ်သောသူတို့ကောင်းစားကြသည်ကိုငါမြင်၍ ဝါကြွားတတ်သောသူတို့ကို ငါငြူစူမိသောကြောင့်ဖြစ်၏။
ပညာရှိသောသူတို့နှင့်အတူ လျှောက်လှမ်းသောသူသည် ပညာရှိလာလိမ့်မည်။ မိုက်မဲသောသူတို့နှင့်အတူပေါင်းဖော်သောသူမူကား ဒုက္ခရောက်လိမ့်မည်။
သင်၏စိတ်နှလုံးသည် အပြစ်သားတို့ကို မငြူစူနှင့်။ တစ်နေ့လုံး ထာဝရဘုရားကို ကြောက်ရွံ့၍သာနေလော့။
ဆိုးညစ်သောအမှုကိုပြုသောသူတို့ကြောင့် စိတ်အနှောင့်အယှက်မဖြစ်နှင့်။ ဆိုးယုတ်သောသူတို့ကိုမငြူစူနှင့်။
ရက်စက်ကြမ်းကြုတ်သောသူကိုမငြူစူနှင့်။ သူပြုမူကျင့်ကြံသောအမှုအရာတစ်စုံတစ်ခုကိုမျှ မရွေးချယ်နှင့်။
ဆိုးယုတ်သောသူတို့၏လမ်းထဲသို့ မဝင်နှင့်။ မကောင်းမှုပြုသောသူတို့သွားရာလမ်းကိုလည်း မလိုက်နှင့်။