သုတ္တံကျမ်း။ 23:21 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား အသောက်ကြူးသောသူနှင့် အစားကြူးသောသူသည် ဆင်းရဲသွားလိမ့်မည်။ ငိုက်မျဉ်းခြင်းသည်လည်း လူကိုအဝတ်စုတ်များဝတ်စေလိမ့်မည်။ Common Language Bible သောက်ကြူးသောသူနှင့် စားကြူးသောသူသည် ဆင်းရဲခြင်းသို့ ရောက်လိမ့်မည်။ အိပ်ကြူးသော သဘော သည် လူကိုအဝတ်စုတ်နှင့် ခြုံတတ်၏။ Garrad Bible အ သောက် အ စား ကြူး သော သူ သည်၊ ဆင်း ရဲ ရ လျက်၊ အိပ် ကြူး ခြင်း လည်း၊ ညစ် စုတ် သော အ ဝတ် ဖြင့် ခြုံ ရ လိမ့် မည်။ Judson Bible သောက်ကြူးသောသူနှင့် စားကြူးသောသူသည် ဆင်းရဲခြင်းသို့ ရောက်လိမ့်မည်။ အိပ်ကြူးသောသဘောသည် လူကို အဝတ်စုတ်နှင့် ခြုံတတ်၏။ |
ပျင်းရိခြင်းသည် အအိပ်ကြီးစေတတ်၏။ လုံ့လနည်းသောသူသည်လည်း ငတ်မွတ်ရလိမ့်မည်။
အပျော်အပါးကိုနှစ်သက်သောသူသည် ချို့တဲ့နွမ်းပါးသောသူဖြစ်သွားလိမ့်မည်။ စပျစ်ဝိုင်နှင့်ဆီကိုနှစ်သက်သောသူသည်လည်း ချမ်းသာကြွယ်ဝလာလိမ့်မည်မဟုတ်။
ပျင်းရိခြင်းကြောင့် အမိုးဒိုင်းသည် ဆွေးမြည့်တတ်၏။ ပျင်းတွဲသောလက်ကြောင့် အိမ်သည် မိုးယိုတတ်၏။
သေသောက်ကြူးသူတို့၊ ထ၍ငိုကြွေးကြလော့။ စပျစ်ဝိုင်သောက်သူတို့၊ စပျစ်ဝိုင်သစ်ကြောင့် ညည်းတွားကြလော့။ အကြောင်းမူကား သင်တို့နှုတ်သည် စပျစ်ဝိုင်သစ်ကို တို့ထိခွင့်ရတော့မည်မဟုတ်။
လူ့သားသည် ရောက်လာ၍ စားသောက်လျက်နေသော် ‘ကြည့်ရှုလော့။ သူသည် အစားကြူးသောသူ၊ သေသောက်ကြူးသောသူဖြစ်ပြီး အခွန်ကောက်ခံသူများနှင့် အပြစ်သားများ၏အပေါင်းအသင်းဖြစ်ပါသည်တကား’ဟု ဆိုကြပြန်၏။ သို့သော် ဉာဏ်ပညာတော်သည် ဖြောင့်မတ်ကြောင်း မိမိ၏လုပ်ဆောင်မှုများက ဖော်ပြ၏”ဟု မိန့်တော်မူ၏။
သို့သော် အမှန်အားဖြင့် သင်တို့ထံ ငါရေးခဲ့သည်မှာ ညီအစ်ကိုဟုခေါ်ဝေါ်ခြင်းခံရသူတစ်စုံတစ်ဦးသည် တရားနှင့်မညီမေထုန်ပြုသူ၊ လောဘလွန်ကျူးသူ၊ ရုပ်တုကိုးကွယ်သူ၊ ဝေဖန်ပုတ်ခတ်သူ၊ သောက်စားမူးယစ်သူ၊ လိမ်လည်လုယူသူဖြစ်လျှင် ထိုကဲ့သို့သောသူနှင့် အပေါင်းအဖော်မပြုကြနှင့်။ သူနှင့်အတူစားသောက်ခြင်းပင် မပြုကြနှင့်ဟူ၍ဖြစ်၏။
သူခိုးများ၊ လောဘလွန်ကျူးသူများ၊ သောက်စားမူးယစ်သူများ၊ ဝေဖန်ပုတ်ခတ်သူများနှင့် လိမ်လည်လုယူသူများသည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေဆက်ခံရကြမည်မဟုတ်။
မလိုမုန်းထားခြင်း၊ သောက်စားမူးယစ်ခြင်း၊ အပျော်ကြူးခြင်းတို့မှစ၍ ထိုကဲ့သို့သောလုပ်ဆောင်မှုများဖြစ်ကြ၏။ ထိုသို့သောအရာများကို ပြုကျင့်သောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေဆက်ခံရကြမည်မဟုတ်ဟု ယခင်က ငါပြောခဲ့သည့်အတိုင်း ယခုလည်း သင်တို့အား ကြိုတင်ပြောထားမည်။
သူတို့သည် မြို့၏သက်ကြီးဝါကြီးတို့အား ‘အကျွန်ုပ်တို့၏သားသည် ခေါင်းမာ၍ဖီဆန်သောသူဖြစ်ပါ၏။ သူသည် အကျွန်ုပ်တို့၏စကားကို နားမထောင်၊ အစားကြူးသောသူ၊ သေသောက်ကြူးသောသူဖြစ်ပါ၏’ဟု ပြောပြရမည်။
ထိုသူတို့၏နိဂုံးသည် ပျက်စီးခြင်းဖြစ်၏။ သူတို့၏ဘုရားသည် သူတို့၏ဝမ်းဗိုက်ဖြစ်၍ သူတို့သည် မိမိတို့၏ရှက်ဖွယ်ရာ၌ ဂုဏ်ယူဝါကြွားကြ၏။ သူတို့စွဲလမ်းသောအရာသည် လောကနှင့်ဆိုင်သောအရာများပင်ဖြစ်ကြ၏။