သူသည် ကျိန်ဆဲခြင်းကို နှစ်သက်သည်ဖြစ်၍ သူ့အပေါ်ကျရောက်ပါစေ။ ကောင်းချီးမင်္ဂလာကို အလိုမရှိသည်ဖြစ်၍ သူနှင့်ဝေးကွာပါစေ။
သုတ္တံကျမ်း။ 14:14 - မြန်မာ့စံမီသမ္မာကျမ်း စိတ်သဘောဖောက်ပြန်သောသူသည် မိမိပြုမူကျင့်ကြံသောအမှုအရာများနှင့် ဝအီလိမ့်မည်။ သူတော်ကောင်းမူကား မိမိပြုမူကျင့်ကြံသောအမှုအရာများနှင့် ပြည့်စုံကြွယ်ဝလိမ့်မည်။ Common Language Bible စိတ်နှလုံးဖေါက်ပြန်သောသူဖြစ်စေ၊ သူတော် ကောင်းဖြစ်စေ၊ မိမိအကျင့်တို့နှင့်ဝလိမ့်မည်။ Garrad Bible စိတ် ဖောက် ပြန် သော သူ သည်၊ ကိုယ့် အ လေ့ အ လာ နှင့် လည်း ကောင်း၊ သူ တော် ကောင်း သည်၊ ကိုယ့် အ ကျင့် နှင့် လည်း ကောင်း၊ ရောင့် ရဲ ရ ၏။ Judson Bible စိတ်နှလုံးဖောက်ပြန်သောသူဖြစ်စေ၊ သူတော်ကောင်းဖြစ်စေ၊ မိမိအကျင့်တို့နှင့် ဝလိမ့်မည်။ |
သူသည် ကျိန်ဆဲခြင်းကို နှစ်သက်သည်ဖြစ်၍ သူ့အပေါ်ကျရောက်ပါစေ။ ကောင်းချီးမင်္ဂလာကို အလိုမရှိသည်ဖြစ်၍ သူနှင့်ဝေးကွာပါစေ။
လူသည် မိမိနှုတ်၏အသီးအပွင့်အားဖြင့် ကောင်းသောအရာနှင့်ပြည့်စုံကြွယ်ဝလိမ့်မည်။ သူ့လက်၏လုပ်ဆောင်မှုသည်လည်း သူ့ထံသို့ပြန်လာလိမ့်မည်။
ဖြောင့်မတ်သောသူအပေါ် မည်သည့်အမင်္ဂလာမျှကျရောက်လိမ့်မည်မဟုတ်။ ဆိုးယုတ်သောသူတို့မူကား ဒုက္ခနှင့်ပြည့်ဝကြ၏။
စိတ်နှလုံးသည် မိမိ၏နာကြည်းခြင်းကို မိမိသိ၏။ မိမိ၏ဝမ်းမြောက်ခြင်းကိုလည်း အခြားမည်သူကမျှ ဝင်ရောက်ခံစား၍မရပေ။
အသိဉာဏ်နည်းပါးသောသူသည် အရာအားလုံးကိုယုံတတ်၏။ ဆင်ခြင်ဉာဏ်ရှိသောသူမူကား မိမိ၏ခြေလှမ်းကို ဆင်ခြင်သုံးသပ်တတ်၏။
လူသည် မိမိနှုတ်၏အသီးအပွင့်ဖြင့် မိမိဝမ်းကိုပြည့်စေ၍ မိမိနှုတ်ခမ်း၏အမြတ်အစွန်းဖြင့် အလိုပြည့်စုံတတ်၏။
သင်သည် ဉာဏ်ပညာရှိလျှင် ထိုဉာဏ်ပညာရှိခြင်းသည် သင့်အတွက်ဖြစ်၏။ သင်သည် ပြက်ရယ်ပြုလျှင် သင်သာ ခံရလိမ့်မည်။
ထာဝရဘုရားက “လူကိုကိုးစားသောသူ၊ လူ၏လက်ရုံးအားကိုမှီခိုသောသူ၊ ထာဝရဘုရားထံမှ ကျောခိုင်းသွားသောသူသည် ကျိန်ခြင်းခံရသောသူဖြစ်၏။
သင်၏မကောင်းမှုသည် သင့်ကိုအပြစ်ဒဏ်ပေးလိမ့်မည်။ သင်၏လမ်းလွဲဖောက်ပြန်မှုသည် သင့်ကိုဆုံးမလိမ့်မည်။ သင်၏ဘုရားသခင်ထာဝရဘုရားကိုစွန့်ပယ်ခြင်း၊ ငါ့ကို မကြောက်ရွံ့ခြင်းသည် ဆိုးသောအမှု၊ ခါးသီးသောအမှုဖြစ်သည်ကို သိမှတ်လော့”ဟု ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရား မိန့်တော်မူ၏။
ဤဂျေရုဆလင်မြို့သူမြို့သားတို့သည် အဘယ်ကြောင့် ထွက်သွား၍ ဖောက်ပြန်မြဲဖောက်ပြန်ကြသနည်း။ သူတို့သည် လှည့်စားမှုကိုဆုပ်ကိုင်ထားကြ၏။ ပြန်လှည့်လာရန် ငြင်းဆန်ကြ၏။
ထို့ကြောင့် ငါ့အမျက်ဒေါသကို သူတို့အပေါ် သွန်ချမည်။ ငါ့အမျက်မီးဖြင့် သူတို့ကို လောင်ကျွမ်းစေမည်။ သူတို့ပြုကျင့်ခဲ့သည့်အတိုင်း သူတို့ခေါင်းပေါ်သို့ ပြန်ရောက်စေမည်”ဟု ဘုရားရှင်ထာဝရဘုရား မိန့်ဆို၏။
နွားမတမ်းခေါင်းမာသကဲ့သို့ အစ္စရေးသည်လည်း ခေါင်းမာ၏။ ထာဝရဘုရားသည် သူတို့ကို သိုးသငယ်ကဲ့သို့ စားကျက်ပြင်တွင် ထိန်းကျောင်းဦးမည်လော။
ထာဝရဘုရားနောက်တော်သို့မလိုက်ဘဲ လှည့်ပြန်သောသူများ၊ ထာဝရဘုရားကို မရှာဖွေ မစူးစမ်းသောသူများကို ငါဖျက်ဆီးပစ်မည်။”
ငါပေးမည့်ရေကိုသောက်သောသူမူကား ကာလအစဉ်အဆက် မည်သည့်အခါမျှ ရေငတ်မည်မဟုတ်။ ထိုထက်မက ငါပေးမည့်ရေသည် ထိုသူ၌ ထာဝရအသက်တိုင်အောင် ရေပန်းထွက်ရာ စမ်းရေပေါက်ဖြစ်လိမ့်မည်”ဟု ပြန်၍မိန့်တော်မူ၏။
ငါတို့၏ဝါကြွားစရာအကြောင်းမှာ ဤသို့ဖြစ်၏။ ငါတို့သည် လောက၌၊ အထူးသဖြင့် သင်တို့ရှေ့မှောက်၌ လောကီဉာဏ်ပညာကိုအမှီမပြုဘဲ ဘုရားသခင်၏ကျေးဇူးတော်ကိုသာ အမှီပြုလျက် ဘုရားသခင်ထံမှလာသော ရိုးသားဖြူစင်ခြင်းတို့ဖြင့် အသက်ရှင်နေထိုင်ခဲ့ကြောင်း ငါတို့၏အသိစိတ်သည် သက်သေခံ၏။
လူတိုင်း မိမိပြုသောအမှုကို စစ်ဆေးပါစေ။ သို့ပြုလျှင် သူတစ်ပါး၌မဟုတ်ဘဲ မိမိတစ်ကိုယ်တည်း၌ ဂုဏ်ယူဝါကြွားစရာအကြောင်းရှိလိမ့်မည်။
မိမိသွေးသားဇာတိ၌စိုက်ပျိုးသောသူသည် သွေးသားဇာတိထံမှ ပျက်စီးခြင်းကို ရိတ်သိမ်းရလိမ့်မည်။ ဝိညာဉ်တော်၌စိုက်ပျိုးသောသူမူကား ဝိညာဉ်တော်ထံမှ ထာဝရအသက်ကို ရိတ်သိမ်းရလိမ့်မည်။
ညီအစ်ကိုတို့၊ သင်တို့တွင် မယုံကြည်တတ်သောဆိုးညစ်သည့်စိတ်နှလုံးရှိသဖြင့် အသက်ရှင်သောဘုရားသခင်ထံတော်မှ ထွက်ခွာသွားမည့်သူတစ်စုံတစ်ဦးမျှမရှိစေရန် သတိပြုကြလော့။