ငါ၏ဘုရားသခင် ငါ့အားဖွင့်ပြပေးသော ဂျေရုဆလင်မြို့နှင့်ဆိုင်သည့် လုပ်ဆောင်ရမည့်အရာကို မည်သူ့ကိုမျှမပြော၊ ငါနှင့်ပါလာသောလူအချို့တို့နှင့် ညအချိန်တွင်ထ၍ ငါစီးလာသောမြင်းမှတစ်ပါး အခြားတိရစ္ဆာန်တစ်ကောင်မျှမပါဘဲ
သုတ္တံကျမ်း။ 12:23 - မြန်မာ့စံမီသမ္မာကျမ်း ဆင်ခြင်ဉာဏ်ရှိသောသူသည် အသိပညာကို ဖုံးကွယ်ထားတတ်၏။ မိုက်မဲသောသူတို့၏စိတ်နှလုံးမူကား မိုက်မဲမှုကိုကြေညာတတ်၏။ Common Language Bible ပညာသတိရှိသောသူသည် မိမိသိသောအရာ ကိုပင် ထိမ်ဝှက်တတ်၏။ မိုက်သောသူမူကား၊ မိမိစိတ် အလိုအလျောက်မိုက်သောသဘောကို ထင်ရှားပြတတ် ၏။ Garrad Bible လိ မ္မာ သော သူ သည်၊ ကိုယ်၏ အ သိ ပ ညာ ကို ပင် သို ဝှက် တတ် ၏။ မိုက် မဲ သော သူ တို့ မူ ကား၊ ကိုယ်၏ မိုက် မဲ ခြင်း ကို ဖော် ပြ တတ် ၏။ Judson Bible ပညာသတိရှိသောသူသည် မိမိသိသောအရာကိုပင် ထိမ်ဝှက်တတ်၏။ မိုက်သောသူမူကား၊ မိမိစိတ်အလိုအလျောက် မိုက်သောသဘောကို ထင်ရှားပြတတ်၏။ |
ငါ၏ဘုရားသခင် ငါ့အားဖွင့်ပြပေးသော ဂျေရုဆလင်မြို့နှင့်ဆိုင်သည့် လုပ်ဆောင်ရမည့်အရာကို မည်သူ့ကိုမျှမပြော၊ ငါနှင့်ပါလာသောလူအချို့တို့နှင့် ညအချိန်တွင်ထ၍ ငါစီးလာသောမြင်းမှတစ်ပါး အခြားတိရစ္ဆာန်တစ်ကောင်မျှမပါဘဲ
ဂျူးလူမျိုးများ၊ ယဇ်ပုရောဟိတ်များ၊ မှူးမတ်များ၊ မင်းအရာရှိများနှင့် အခြားအလုပ်သမားများကို ဘာမျှ ငါမပြောပြသေးသဖြင့် မည်သည့်နေရာသို့ ငါသွား၍ မည်သည့်အရာပြုသည်ကို မင်းအရာရှိတို့သည် မသိကြပေ။
ပညာရှိသောသူသည် အသိပညာကိုသိုမှီးတတ်၏။ ဆိုးမိုက်သောသူ၏နှုတ်မူကား ပျက်စီးခြင်းနှင့်နီးကပ်၏။
စကားများစွာပြောဆိုသောအခါ အပြစ်ပါလာတတ်၏။ မိမိ၏နှုတ်ကိုချုပ်တည်းသောသူမူကား ပညာသတိရှိ၏။
အတင်းအဖျင်းလိုက်ပြောသောသူသည် လျှို့ဝှက်ချက်ကိုပေါက်ကြားစေတတ်၏။ ယုံကြည်စိတ်ချရသောစိတ်သဘောရှိသူမူကား အမှုကိစ္စကို ဖုံးကွယ်ထားတတ်၏။
ဆင်ခြင်ဉာဏ်ရှိသောသူတိုင်းသည် အသိပညာရှိစွာပြုကျင့်တတ်၏။ မိုက်မဲသောသူမူကား မိမိ၏မိုက်မဲမှုကို ပေါ်လွင်ထင်ရှားစေတတ်၏။
ဉာဏ်ပညာသည် အသိဉာဏ်ရှိသောသူ၏ စိတ်နှလုံးထဲ၌ ကိန်းဝပ်၍ မိုက်မဲသောသူတို့၏အလယ်၌ပင် ကိုယ့်ကိုယ်ကိုယ်ဖော်ပြတတ်၏။
ပညာရှိသောသူတို့၏လျှာသည် အသိပညာကိုထုတ်ဖော်တတ်၏။ မိုက်မဲသောသူတို့၏နှုတ်မူကား မိုက်မဲခြင်းကိုသွန်ထုတ်တတ်၏။
မိုက်မဲသောသူသည် ထိုးထွင်းဉာဏ်ကိုအလိုမရှိဘဲ မိမိစိတ်သဘောကိုသာ ဖော်ပြတတ်၏။
မိုက်မဲသောသူသည် မိမိ၏စိတ်ခံစားချက်ရှိသမျှကို ထုတ်ဖော်တတ်၏။ ပညာရှိသောသူမူကား ၎င်းကို ပြန်၍ထိန်းထားတတ်၏။
မိုက်မဲသောသူသည် လမ်း၌လျှောက်သွားစဉ်တွင်ပင် အသိစိတ်ကင်းမဲ့၍ မိမိသည်မိုက်မဲသောသူဖြစ်ကြောင်း လူအပေါင်းတို့ရှေ့၌ဖော်ပြတတ်၏။
ရှောလုကလည်း သူ့ဘထွေးအား “မြည်းတို့ကိုပြန်တွေ့ပြီဟု အကျွန်ုပ်တို့အား တပ်အပ်ပြောပြခဲ့ပါသည်”ဟုသာ ပြောပြပြီး ဘုရင့်အရိုက်အရာနှင့်ပတ်သက်၍ ရှမွေလပြောသောအကြောင်းအရာကိုမူ မပြောပြဘဲနေ၏။