မှန်ကန်သောကတ္တားနှင့်ချိန်ခွင်ကို ထာဝရဘုရားပိုင်တော်မူ၏။ အိတ်ထဲ၌ရှိသောအလေးအားလုံးကိုလည်း ကိုယ်တော်ပြုလုပ်တော်မူ၏။
သုတ္တံကျမ်း။ 11:1 - မြန်မာ့စံမီသမ္မာကျမ်း မမှန်ကန်သောချိန်ခွင်ကို ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။ မှန်သောအလေးကိုကား ကိုယ်တော်နှစ်သက်တော်မူ၏။ Common Language Bible မမှန်သောချိန်ခွင်သည် ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူဘွယ်၊ မှန်သောအလေးမူကား၊ နှစ်သက် တော်မူဘွယ်ဖြစ်၏။ Garrad Bible စဉ်း လဲ သော ချိန် ခွင် ကို၊ ထာ ဝ ရ ဘု ရား စက် ဆုပ် ရွံ ရှာ တော် မူ ၏။ မှန် သော အ လေး ကို ကား၊ နှစ် သက် တော် မူ၏။ Judson Bible မမှန်သောချိန်ခွင်သည် ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူဖွယ်၊ မှန်သောအလေးမူကား၊ နှစ်သက်တော်မူဖွယ် ဖြစ်၏။ |
မှန်ကန်သောကတ္တားနှင့်ချိန်ခွင်ကို ထာဝရဘုရားပိုင်တော်မူ၏။ အိတ်ထဲ၌ရှိသောအလေးအားလုံးကိုလည်း ကိုယ်တော်ပြုလုပ်တော်မူ၏။
အချိန်ချင်းမတူသောအလေး၊ အဝင်ချင်းမတူသောခြင်တောင်း၊ ထိုနှစ်မျိုးစလုံးကို ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။
အချိန်ချင်းမတူသောအလေးကို ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။ မမှန်ကန်သောချိန်ခွင်သည်လည်း မကောင်းပေ။
ဧဖရိမ်က ‘ငါကိုယ်တိုင် ဥစ္စာဓနကို ရှာတွေ့၍ ချမ်းသာကြွယ်ဝပြီ။ ထိုဥစ္စာဓနတို့ကို ဒုစရိုက်ပြုခြင်းဖြင့် ရရှိသည်ဟု မည်သူမျှ ငါ့ကိုအပြစ်ဆိုစရာအကြောင်းမရှိ’ဟု ဆို၏။