ထို့ကြောင့် မော်ဒကဲအတွက် စိုက်ထူထားသောသစ်တိုင်ပေါ်တွင် ဟာမန်ကို ချိတ်ဆွဲကြ၏။ ရှင်ဘုရင်သည်လည်း အမျက်ပြေလေ၏။
သုတ္တံကျမ်း။ 1:18 - မြန်မာ့စံမီသမ္မာကျမ်း ထိုသူတို့သည် ကိုယ့်ကိုယ်ကိုယ်သတ်ဖြတ်ရန် ချောင်းမြောင်း၍ ကိုယ့်အသက်ကိုကိုယ် ပုန်းအောင်းတိုက်ခိုက်နေကြခြင်းသာဖြစ်၏။ Common Language Bible လူဆိုးတို့သည် ကိုယ်အသွေးကို သွန်အံ့သောငှါ စောင့်၍၊ ကိုယ်အသက်ကို သတ်အံ့သောငှါ ချောင်း မြောင်းတတ်ကြ၏။ Garrad Bible ထို သူ တို့ မူ ကား၊ ကိုယ့် အ သွေး ကို သွန်း ရန် ချောင်း မြောင်း၍၊ ကိုယ့် အ သက် အ န္တ ရာယ် ကို ချောင်း ကြည့် ရာ ရောက် ကြ ၏။ Judson Bible လူဆိုးတို့သည် ကိုယ်အသွေးကို သွန်အံ့သောငှာစောင့်၍၊ ကိုယ်အသက်ကို သတ်အံ့သောငှာ ချောင်းမြောင်းတတ်ကြ၏။ |
ထို့ကြောင့် မော်ဒကဲအတွက် စိုက်ထူထားသောသစ်တိုင်ပေါ်တွင် ဟာမန်ကို ချိတ်ဆွဲကြ၏။ ရှင်ဘုရင်သည်လည်း အမျက်ပြေလေ၏။
သို့သော် အို ဘုရားသခင်၊ ကိုယ်တော်သည် ထိုသူတို့ကို ပုပ်ပျက်ရာတွင်းထဲသို့ဆင်းသွားစေတော်မူ၏။ သွေးဆာသောသူနှင့် လိမ်လည်လှည့်ဖြားသော သူတို့သည် မိမိတို့နေ့ရက်ကာလ၏ထက်ဝက်မျှပင် အသက်ရှင်ရမည်မဟုတ်။ အကျွန်ုပ်မူကား ကိုယ်တော်ကိုယုံကြည်ကိုးစားပါမည်။
ထာဝရဘုရားသည် တရားစီရင်တော်မူခြင်းအားဖြင့် မိမိအကြောင်းကိုထင်ရှားစေတော်မူပြီ။ ဆိုးယုတ်သောသူသည် မိမိလက်ဖြင့်ပြုလုပ်ထားသောအရာ၌ ကျော့မိလေပြီ။(ဟိဂ္ဂယွန်။စေလာ)
အကယ်၍ သူတို့က “ငါတို့နှင့်အတူလိုက်ခဲ့လော့။ တစ်စုံတစ်ယောက်ကိုသတ်ဖြတ်ရန် ငါတို့ချောင်းမြောင်းကြစို့။ အကြောင်းမရှိဘဲ အပြစ်ကင်းသောသူကို ပုန်းအောင်းတိုက်ခိုက်ကြစို့။
အမှန်စင်စစ် မည်သည့်ကျေးငှက်၏မျက်စိရှေ့၌မဆို ပိုက်ကွန်ကိုထောင်လျှင် အလဟဿဖြစ်၏။
ဖြောင့်မတ်ခြင်း၌တည်မြဲသောသူသည် အသက်ရှင်ခြင်းသို့ရောက်လိမ့်မည်။ မကောင်းမှုနောက်သို့လိုက်သောသူမူကား သေခြင်းသို့ရောက်လိမ့်မည်။
အပြစ်တင်စရာမရှိသောသူ၏ဖြောင့်မတ်ခြင်းသည် သူ၏လမ်းကိုဖြောင့်တန်းစေတတ်၏။ ဆိုးယုတ်သောသူမူကား မိမိ၏ဆိုးယုတ်မှုကြောင့် ကျဆုံးတတ်၏။
လူ့အသက်သတ်ခြင်းအပြစ်ဝန်ကို ထမ်းသောသူသည် သေတွင်းထဲရောက်သည့်တိုင်အောင် ထွက်ပြေးတိမ်းရှောင်နေရလိမ့်မည်။ မည်သူမျှသူ့ကိုမထောက်မစေနှင့်။
သို့သော် သင်၏မာကျောခက်ထန်မှုနှင့်နောင်တမရသောစိတ်နှလုံးတို့ကြောင့် သင်သည် အမျက်တော်နေ့တည်းဟူသော ဘုရားသခင်၏ဖြောင့်မတ်သည့် တရားစီရင်ခြင်းထင်ရှားရာနေ့အတွက် အမျက်တော်ကို မိမိအဖို့သိုမှီးလျက်ရှိ၏။